Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင်ရှိ ခလရ(၅၆၁) တပ်ရင်းကို PDFခရိုင်တပ်ရင်း ဝင်တိုက်

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(တနင်္သာရီမြို့နယ် ဗောဓိကမ်းရွာအား သွားရောက်တိုက်ခိုက်နေစဥ်၊ဓာတ်ပုံ - Tanintharyi Defense Force)
(တနင်္သာရီမြို့နယ် ဗောဓိကမ်းရွာအား သွားရောက်တိုက်ခိုက်နေစဥ်၊ဓာတ်ပုံ - Tanintharyi Defense Force)

PDF ရဲဘော်နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်သား လေးဦးသေ

မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ် ခလရ(၅၆၁)ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော်နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က အနည်းဆုံးလေးဦးသေဆုံးခဲ့သည်ဟု PDF မြိတ်ခရိုင် တပ်ရင်း (၂)တာဝန်ရှိသူက ပြောသည်။

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ကြားရတာက သူတို့အထဲက ဖရဲသီးသတင်းပေးပို့ချက်အရ အနည်းဆုံး လေးဦးထက်ဘက်မှာရှိပါတယ်ဗျ။ သူတို့ဘက်က ကျွန်တော်တို့ အစတိုက်တာနဲ့ လက်နက်ကြီးစပစ်တော့တာပဲ”ဟု PDF မြိတ်ခရိုင် တပ်ရင်း(၂)တာဝန်ရှိသူက ပြောသည်။

ကျဆုံးသည် ရဲဘော်များသည် ဒုတပ်စိပ်မှူးပျံလွှားနှင့် ဒုတပ်စိပ်မှူး လူတော်တို့ဖြစ်ပြီး ၎င်းတို့သည် တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ၊ အနစ်နာခံမှုများနှင့် ပေးအပ်သော တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြိတ်ခရိုင် တပ်ရင်း-၂ ၊တပ်ခွဲ (၂)သည် တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအနောက်ဘက်ကမ်းတွင် စစ်ကောင်စီတပ် ခမရ(၅၅၇)နှင့် ခမရ ၉၅၅၈)တို့ကြား နိုဝင်ဘာ ၁၄ ရက်ကလည်းတိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် PDFဘက်မှာ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ