Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့မစျေးနှင့် နေအိမ်များကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး

စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ် ပစ်ခတ်ဖျက်ဆီးမှုကြောင့် ဆီဆိုင်မြို့မဈေးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်ဖျက်ဆီးမှုကြောင့် ဆီဆိုင်မြို့မဈေးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က တိုက်ခိုက်သိမ်းပိုက်ထားသည့် ဆီဆိုင်မြို့ကို အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများအသုံးပြု တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထု နေအိမ်များစွာ ပျက်စီးခဲ့ရပြီး အများပြည်သူဆိုင်ရာ စျေးနှင့် ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ဟု PNLA က အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့ကို ပြန်ရရေး ထိုးစစ်ဆင်လျက်ရှိရာ မြို့မြောက်ဘက်တွင် PNLAနှင့် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး စစ်ကောင်စီတပ် လက်ရှိအချိန်ထိ မြို့တွင်းသို့ မဝင်နိုင်သေးဘဲ လက်နက်ကကြီး ဒရုန်းပြုကာ မြို့ကို တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်သည်။

အခြားဒေသများ၌လည်း စစ်ကောင်စီတပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးရသည့် မြို့များ၊ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ကာ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ကာ စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်းနေလျက်ရှိကြောင်း ဖော်ပြထားသည်။

“ဒီလိုမျိုး မြို့သေးသေးလေးကို အဆိပ်ဗုံးပါ သုံးပြီး တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို ကမ္ဘာ့အဖွဲ့အစည်းတွေ ကမ္ဘာ့နိုင်ငံအနေနဲ့ ဒီအတိုင်းပဲ လက်ပိုင်မကြည့်ပါနဲ့ ။ လက်တွေ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်လို့ ပြောချင်တယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီက အပြင်းထန်ဆုံး အရက်စက်ဆုံး အကြမ်းတမ်းဆုံးနည်းများဖြင့် ပြည်သူများကို တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့်အပေါ် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ ကမ္ဘာ့နိုင်ငံများက လက်တွေ့ထိရောက်စွာ အရေးယူနိုင်ရန်လိုအပ်ကြောင်းလည်း PNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။