Connect with us

Hi, what are you looking for?

LuduNwayOo

News

ပျူ​စောထီးသင်တန်း​ပေး​နေသည့်ရွာနှစ်ရွာကိုဝင်တိုက်ရာ ပျူနှစ်ဦး​သေဟု ဗိုလ်ပုလဲ​ပြော

“အင်မထီးရွာထဲအထိ လက်နက်ကြီးပစ်ကူပေးပြီး ဝင်တိုက်တာ။သေတာက ပျူစောထီးအဖွဲ့ဝင် အမျိုးသားနဲ့အမျိုးသမီးကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်။နောက် ဒဏ်ရာရတဲ့သူတွေလည်းများတယ်”ဟု ၎င်းက ရှင်းပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ပျူစောထီးသင်တန်းရှိရာ အင်မထီးနှင့် ဇီဖြူကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦးသေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) နံနက် ၁နာရီခွဲမှစတင် တိုက်ခိုက်ခဲ့ပြီး ၂နာရီ ကျော်ကြာ အပြန်အလှန် ပစ်ခတ် ၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု Pale Joker PDF ခေါင်းဆောင် ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

“အင်မထီးရွာထဲအထိ လက်နက်ကြီးပစ်ကူပေးပြီး ဝင်တိုက်တာ။သေတာက ပျူစောထီးအဖွဲ့ဝင် အမျိုးသားနဲ့အမျိုးသမီးကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်။နောက် ဒဏ်ရာရတဲ့သူတွေလည်းများတယ်”ဟု ၎င်းက ရှင်းပြသည်။

ဇီးဖြူကုန်းရွာအတွင်း ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းများအပြင် လူအင်အား၊လက်နက်အင် အားသာလွန်သဖြင့် လက်နက်ကြီး အသုံးပြု၍သာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဇီးဖြူကုန်းက စစ်ခွေအင်အားများတယ်။ကင်း စခန်းအထိုင်တွေ ရှိလို့ လက်နက်ကြီး အချက် ၃၀ လောက်သုံးပြီး တိုက်ခိုက်ခဲ့တယ်။အင်မထီး ရွာလိို အထဲ တော့ မဝင်နိုင်ခဲ့ဘူး။ဇီးဖြူကုန်းတိုက်ပွဲက ၄၅ မိနစ်လောက်တော့ကြာတယ်။သူတို့ ဘက်က အထိအခိုက် အသေအဆုံးမသိရသေးဘူး”ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်နှစ်ခုအနက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်နှင့် ၂၉ ရက်ကလည်း ပျူစောထီး သင်တန်းရှိရာ ၊ဇီးဖြူကုန်းရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်တိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးသုံးဦး သေဆုံးခဲ့သည်။

အင်းမထီးရွာနှင့် ဇီးဖြူကုန်းရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၄၀ခန့်ဖြင့် ၎င်းလက်အောက်ခံ ပျူစောထီး အဖွဲ့ဝင် ၁၀၀ ကျော်ကို ဇန်နဝါရီတတိယပတ်ကစ၍ စစ်သင်တန်းပေးနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

သတင်း

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...

သတင်း

အဆိုပါ စစ်ဘေးရှောင်စောင့်ရှောက်မှုများအား သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F)နှင့် တိုက်မောင်း LPDF မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီယာဥ်တန်းသည် မြိတ် - ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။