Connect with us

Hi, what are you looking for?

သတင်း

ပို၍ခက်ခဲသော အခြေအနေအချိန်အခါများ ကြုံတွေ့ရသည့်တိုင် ပန်းတိုင်ဆီခရီးဆက်ကြရမည်ဟု KIO ပြော

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲသို့ KIOက သဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ အဆိုပါ ဟောပြောပွဲကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

မိုင်ဂျာယန်တွင် တွေ့ရသော KIA တပ်သားနှစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - AFP
မိုင်ဂျာယန်တွင် တွေ့ရသော KIA တပ်သားနှစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - AFP

▪️ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့များ အမှန်တရားဘက်ရပ်တည်ပေးကြရန် မေတ္တာရပ်ခံ

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ကာလအတွင်း အခက်အခဲဆုံးအချိန်များကို ကျော်ဖြတ်ခဲ့ကြပြီဖြစ်ကြောင်းနှင့် ပို၍ခက်ခဲသော အခြေအနေအချိန်အခါများကို ကြုံတွေ့ရစေကာမူ မလွှဲမသွေ ရောက်ရမည့်ပန်းတိုင်ဆီသို့ စိတ်ဓာတ်ခွန် အား အပြည့်ဖြင့် ခရီးဆက်ကြရမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ပြောကြားလိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲသို့ KIOက သဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ အဆိုပါ ဟောပြောပွဲကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

ပြည်သူကို အခြေပြုကာပြည်သူ့အင်အားဖြင့် ဆင်နွှဲခဲ့ကြသည့် နွေဦးတော်လှန်ရေး (၂)နှစ်အတွင်း ဦးဆောင်သူများ၊ ရှေ့တန်းတွင် မကြောက်မရွံ့ ရပ်တည်ခဲ့ကြသော ပြည်သူလူထုများ၊ ရဲရင့်သော မျိုးဆက်သစ် လူငယ်(Generation Z)များ၊ အသက်သွေးချွေး ပေးဆပ်ခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း KIO သဝဏ်လွှာတွင် ဖော်ပြသည်။

ကမ္ဘာ့နိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း သားကောင်းရတနာ သမီးကောင်းရတနာများ ဆုံးရှုံးခဲ့ကြရသည့် မိခင်တို့၏ အသံများကို ကိုယ်ချင်းစာနာလျက် အမှန်တရားဘက်တွင် ရပ်တည်ပေးကြရန် KIOက မေတ္တာရပ်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

လွတ်လပ်တရားမျှတကာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အပြည့်အ၀ ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ် မြေပြန့်တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးစုစည်းညီညွတ်စွာ ရဲရဲရင့်ရင့် ခရီးဆက်ကြရန်လည်း KIOက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။