ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ သစ်တောဂိတ်ကို (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်ကြောင်း PDF ခရမ်းအဖွဲ့ခေါင်းဆောင် ကိုမီးပွားက ပြောသည်။
ယနေ့ (ဧပြီ ၁၂ရက်) နေ့လည် ၁နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ကိုမီးပွားက အသိပေးသည်။
“သစ်တောဂိတ်က စကစတွေစုတဲ့နေရာ ၊ တည့်တည့်ပဲကျတယ်။ ထိခိုက်မှုများလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ခရမ်းမြို့နယ်၌ ၎င်းတို့အဖွဲ့အနေဖြင့် စစ်ဆင်ရေးများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ကလည်း ခရမ်းရဲစခန်းနှင့် ပိန်းကန်ရဲစခန်းတို့ကို (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
“ပတ်လည်ကိုင်နေတာ။ ကြပ်နေတဲ့ကြားထဲက ရအောင်ကိုင်နေတာ။ ကျွန်တော်တို့ကတော့ အေးဆေးပဲ”ဟု ကိုမီးပွားက ပြောသည်။

PDF ခရမ်းအနေဖြင့် မတ်လ ၃၀ရက်မှ ဧပြီ ၁၀ရက်အတွင်း စစ်ဆင်ရေး ငါးခုလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ခရမ်းချန်နယ်က ထုတ်ပြန်ထားသည်။
PDF အနေဖြင့် ဆုံးရှုံးခဲ့သည့် သေနတ်နှစ်လက်နှင့် လက်နက်ခဲယမ်းများဝယ်ယူရန် အကြွေးပြန်ယူမယ် ကျပ်သိန်း ၅၀၀ ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်တွင်း၊ ပြည်ပမှပါဝင်ပေးရန် နိုးဆော်ထားသည်။
ကမ်ပိန်းကာလကို ဧပြီ ၁၀ရက် မှ မေလ ၁၀ရက်အထိသတ်မှတ်ထားပြီး ဧပြီ ၁၁ရက်အထိ ကျပ်သိန်းတစ်ရာကျော်သာ ရရှိထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်းအစီအစဉ်တွင်ပါဝင်လိုသူများအနေဖြင့် PDF Kayan ၏ ဖေ့စ်ဘွတ်ခ်မှ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။


















































