Connect with us

Hi, what are you looking for?

ဗီဒီယို

မင်းတပ်မြို့ကို ကာကွယ်​ပေး​နေ​သော မင်းတပ်ပြည်သူ့ကာကွယ်​ရေး အဖွဲ့

မင်းတပ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့နှင့် အာဏာသိမ်းစစ်​ကောင်စီကြား အပစ်အခတ်ရပ်စဲမှု ​မေ ၁၂ ရက်မှစတင်ပျက်ပြယ်ပြီး​နောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား​နေသည်။

မင်းတပ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကို အာဏာသိမ်းစစ်​ကောင်စီတပ်က မတူပီမြို့နှင့် ​ကျောက်ထု ဖက်မှ လက်နက်ကြီးများဖြင့် ပစ်၍ နှစ်ဖက်ညှပ်တိုက်ခိုက်​နေသည်။

မင်းတပ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ကလည်း ယ​နေ့နံနက် ၆ နာရီခန့်တွင် ပခုက္ကူဘက်မှတက်လာ​သောစစ်​​ကောင်စီ၏ကား ၅ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကားများ​ရှေ့မတက်နိုင်ဘဲဖြစ်​နေသည်။

ထို့အပြင် မင်းတပ်မြို့အတွင်းရှိ မြန်မာ့စီးပွား​ရေးဘဏ် အနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

စစ်​ကောင်စီတပ်ဖက်က ​ကျောက်ထုနှင့် မတူပီဘက်မှ ညှပ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ကြောင့် မင်းတပ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့မှ ၁ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်မှ ​သေဆုံး၊ ဒဏ်ရာရရှိမှုကိုမူ မသိရှိရ​သေး​ပေ။

ချင်းပြည်နယ်ရှိ မြို့နယ်တိုင်းတွင်ဖွဲ့စည်းထား​သော ချင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့ များကလည်း သက်ဆိုင်ရာမြို့များတွင်စစ်​ကောင်စီတပ်များကို ​တော်လှန်တိုက်ခိုက်​​ပေးကြရန် မင်းတပ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့က​​တောင်းဆိုထားသည်။

အာဏာသိမ်းစစ်​ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက မင်းတပ်မြို့နယ်ကို ​မေ ၁၃ ရက်မှစ၍ စစ်အုပ်ချုပ်​ရေး​ကြေညာသည်။

ဧပြီလတွင် မင်းတပ်ပြည်သူ့ကာကွယ်​​ရေးအဖွဲ့နှင့် စစ်​ကောင်စီတပ်များကြားတိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးဝန်းကျင်​သေဆုံးခဲ့သည်။ ထို့နောက်​မေလဆန်းတွင် စစ်​​ကောင်စီက ဖမ်းဆီးထား​သော ဆန္ဒပြပြည်သူ ၆ ဦးလွှတ်​ပေးရန်နှင့် မင်းတပ်မြို့နယ်ဘက်မှ စစ်ကားများ မြို့ကို ဖြတ်သန်းခွင့်ပြုရန် နှစ်ဖက်ကြား ညှိနှိုင်းပြီး ယာယီအပစ်ရပ်သ​ဘောတူခဲ့သည်။ ​

မေ ၁၂ ရက် မွန်းတည့်၁၂ နာရီအထိ စစ်​ကောင်စီကဖမ်းဆီးထားသူများပြန်မလွှတ်​ပေးသဖြင့် အပစ်ရပ်ပျက်ပြယ်ပြီး ယမန်​နေ့ည​ကစ၍ တိုက်ပွဲများပြန်ဖြစ်လာခြင်းဖြစ်သည်။

​ မင်းတပ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ​မေ ၁၃ ရက်တွင် ခုခံတိုက်ခိုက်​နေသည့် ရုပ်သံမှတ်တမ်းကို ​တွေ့ရစဥ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့လယ်က နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်တဲ့ ကတ္တရာလမ်းအတိုကို ကတ္တရာထပ်ခင်းကာ တပ်မတော်နေ့ဂုဏ်ပြုတာဆိုပြီး လမ်းဖွင့်ပွဲလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးတရပ်ကို ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဖော်ဆောင်ခဲ့ရာ ပြည်သူ တွေကိုဘေးလွတ်ရာကယ်ထုတ်နိုင်ခဲ့ပြီး စစ်ဆင်ရေး အတွင်း တော်လှန်ရေးရဲဘော် ၁၁ဦး ကျဆုံးခဲ့ကြောင်း...

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။

Facebook