Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ မိန့်ခွန်း

ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူပြည်သားများသို့ ပြောကြားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းတစ်လပြည့်မိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော နိင်ငံသူနိုင်ငံသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတကာတွင် ရောက်ရှိနေသော သွေးချင်းများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (National Unity Government- NUG) ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ဒီကနေ့ဆိုရင် တစ်လတင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ပြည်သူလူထု တစ်ရပ် လုံးက တစ်ခဲနက် ထောက်ခံခဲ့ကြပြီး အဘက်ဘက်က ပံ့ပိုးကူညီနေကြတဲ့အတွက် ကျေးဇူး တင် ဝမ်းမြောက်မိသလို၊ တစ်ဖက်ကလည်း ပြည်သူတွေအပေါ် အကြမ်းဖက် စစ်အာဏာ ရှင်တွေရဲ့ နေ့စဉ်နဲ့အမျှ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတာတွေကို တွေ့မြင်၊ ကြားသိနေရတဲ့ အတွက် စိတ်နှလုံးထိခိုက်ကြေကွဲရကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဟာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အလိုက်၊ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် တာဝန်ခွဲဝေပြီး ပြည်သူတွေ မနှစ်မြို့တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ ပြည်သူလူထုရဲ့အကျိုးကို ထမ်းဆောင် နိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကြားက နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးပြောကြားလိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံအစိုးရတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆောင်ရွက်လျက်ရှိသလို၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့လည်း အမြဲမပြတ် တိုင်ပင် ဆွေးနွေးပြီး ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြီး အမြန်ဆုံး ပေါ်ပေါက်လာစေရေး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံသူ နိုင်ငံသား သွေးချင်းညီကိုမောင်နှမများခင်ဗျား…

မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရတစ်ရပ်မှာမဆို မိမိနိုင်ငံရဲ့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် တပ်မတော်တစ်ရပ် ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီးရဲ့ ရှေ့ပြေးအမြုတေ အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို အစိုးရသက်တမ်းတစ်လမပြည့်မီ ကာလအတွင်းမှာပဲ ဖွဲ့စည်းတည်ထောင်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

အစိုးရတစ်ရပ်ရဲ့ ခေတ်မီလက်နက်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ၊ နည်းစနစ်၊ စုဖွဲ့မှုပုံစံတွေကစပြီး လိုအပ်တာတွေ စနစ်တကျ လေ့ကျင်သင်ကြား ပေးရတာ၊ စစ်သည်အင်အား၊ လက်နက်အင်အားပြည့်စုံအောင် ပြင်ဆင်လုပ်ဆောင်ရတာ တွေကြောင့် ထိုက်သင့်တဲ့ အချိန်ကာလတစ်ခုလိုအပ်တယ်ဆိုတာ ပြည်သူတွေအားလုံးက လည်း လက်ခံနားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုစနစ်တကျ လေ့ကျင့် ပျိုးထောင် ပေးနိုင်မှလည်း ခိုင်မာတောင့်တင်းပြီး ပြည်သူလူထုကို ပြည့်ပြည့်ဝဝ အကာ အကွယ်ပေးနိုင်မယ့် တပ်မတော်တစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

နိုင်ငံသူ နိုင်ငံသား သွေးချင်းညီကိုမောင်နှမများခင်ဗျား….

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ စစ်အာဏာရှင်နဲ့ ၎င်းတို့ရဲ့ လက်ပါးစေများက မင်းတပ်မြို့က ပြည်သူတွေကို စစ်မြေပြင်သုံးလက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာ၊ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာတွေကို တွေ့မြင်ကြားသိရတဲ့အတွက် အလွန်အင်မတန်မှ အံဩတုန်လှုပ်မိပါတယ်။ မင်းတပ်မြို့က ပြည်သူတွေကို အပြည့်အဝအကာအကွယ် မပေး နိုင်ခဲ့တဲ့အတွက်လည်း စိတ်ထိခိုက်နာကျင်ခံစားရကြောင်း ပြောကြားလိုပါတယ်။ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖိနှိပ်မှုတွေကို အသက်စွန့်ပြီး ခုခံတွန်းလှန်ခဲ့ကြတဲ့ မင်းတပ်မြို့က သူရဲကောင်းပြည်သူတွေအပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတစ်ရပ်လုံးကို ဦးညွတ်ဂုဏ်ပြုကြောင်းလည်း ဒီနေရာက ပြောကြားလိုပါတယ်။ တစ်ဖက် ကလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မင်းတပ်ပြည်သူ တွေ ခံစားနေရတဲ့ ဒုက္ခကို လက်ပိုက်ကြည့်နေတာမဟုတ်ဘဲ၊ တစ်စုံတစ်ရာ ပြေလျော့ သက်သာမှု ရစေဖို့အတွက် မင်းတပ်ပြည်သူတွေကို အကူအညီပေးဖို့ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ အစိုးရတွေကို ဆက်သွယ်ဆွေးနွေးပြီး အကူအညီတောင်းခံတာတွေ ဆောင်ရွက်ခဲ့သလို မြေပြင်က ပြည်သူလူထုနဲ့ချိတ်ဆက်ပြီးတော့လဲ ကူညီထောက်ပံ့မှုတွေ အလျင်အမြန်ရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မင်းတပ်ပြည်သူတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ ဒီလို အခြေအနေဆိုး တွေကနေ လွန်မြောက်နိုင်စေဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ တွေအနေနဲ့လည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်စေဖို့ကျွန်တော်တို့ရဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကို တစ်ခဲနက် ထောက်ခံပြီး အောင်ပွဲရသည်အထိ ညီညီ ညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင် ပေးကြဖို့နဲ့ မဝေးတော့တဲ့ကာလမှာ စစ်အာဏာရှင် စနစ် မြန်မာ့မြေပေါ်က အပြီးတိုင် ပျောက်ကွယ်သွားတော့မယ်ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်ထားကြဖို့ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

အရေးတော်ပုံအောင်ရမည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။