Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်တပ်အလံကို မီးရှို့ဆန္ဒပြတဲ့ ​မင်္ဂလာတောင်ညွန့်က စစ်အာဏာရှင်ဖြုတ်ချရေး သပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ ​မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းမကြီးပေါ် တွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လူငယ်များနှင့် ပြည်သူများက ယနေ့ (ဇူလိုင် ၁၁ရက်) နံနက်ပိုင်း၌ သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၁၀၀ ကျော် ပူးပေါင်းပါဝင်ပြီး ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ စစ်တပ်အလံကို မီးရှို့ ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၁ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာဒီကနေ့ (စက်တင်ဘာ ၅)မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အသီးသီးဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ဖို့ ဒီကနေ့ (စက်တင်ဘာ ၁)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။