Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

သာကေတမှာ မီးတုတ်​တွေကိုင်ဆန္ဒပြတဲ့ စစ်အာဏာရှင် ဖြုတ်ချရေးသပိတ်

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့ ​​သာကေတမြို့နယ် (၁) စျေးကွေ့အနီးတွင် စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် လူငယ်များနှင့် ပြည်သူများက ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်း၌ မီးတုတ်များကိုင်ဆောင်၍ သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကာ ဒီမ်ိုကရေစီ ရရှိစေရေးကြွေးကြော်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။