Connect with us

Hi, what are you looking for?

ဗီဒီယို

သာကေတမှာ မီးတုတ်​တွေကိုင်ဆန္ဒပြတဲ့ စစ်အာဏာရှင် ဖြုတ်ချရေးသပိတ်

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့ ​​သာကေတမြို့နယ် (၁) စျေးကွေ့အနီးတွင် စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် လူငယ်များနှင့် ပြည်သူများက ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်း၌ မီးတုတ်များကိုင်ဆောင်၍ သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကာ ဒီမ်ိုကရေစီ ရရှိစေရေးကြွေးကြော်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ကွယ်လွန်သွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက အသိပေးထားပါတယ်။