Connect with us

Hi, what are you looking for?

ဗီဒီယို

အင်းစိန်​ထောင်တွင်း ဆန္ဒပြ

ထောင်တွင်း ဆန္ဒပြတာဟာ မတရားဖမ်းဆီးခံထားရတဲ့ ဆန္ဒပြပြည်သူ​တွေ ၊ နိုင်ငံ​ရေးအကျဥ်းသား​တွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြပွဲ ဖြစ်မယ်လို့ အပြင်က ပြည်သူတချို့က ခန့်မှန်း​နေပါတယ်။

အင်းစိန်​ထောင်တွင်းမှာ ဒီ​နေ့နံနက် ၇ နာရီ​လောက်ကစပြီး ​စစ်အာဏာရှင်ပြုတ်ကျ​ရေး ​​ကြွေးကြော်သံ​တွေ ၊​သွေးသစ္စာသီချင်​တွေ ဟစ်​ကြွေးပြီးဆန္ဒပြ​နေပါတယ်။

​ဒီမိုက​ရေစီရရှိ​ရေး ဒို့အ​ရေး ၊အ​ရေး​တော်ပုံ​အောင်ရမည် ၊သပိတ် သပိတ် ​မှောက် ​မှောက် ၊ ​ဖမ်းဆီးထား​သော​ခေါင်း​ဆောင်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ် စတဲ့​ကြွေး​ကျော်သံ​တွေ အပြင် ​သွေးသစ္စာ သီချင်းကိုပါ ဟစ်​ကြွေးဆန္ဒပြ​နေတာကြ​တွေ့ရပါတယ်။ ဒီ​ကြွေး​ကြော်သံ​တွေ​က စစ်အာဏာသိမ်းမှု ကို ဆန့်ကျင် ဆန္ဒပြပြီးမတရားဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြပြည်သူ​တွေ ဆန္ဒပြရာမှ ​ကြွေး​ကြော်​လေ့ရှိတဲ့ ​ကြွေး​ကြော်သံ​တွေဖြစ်ပါတယ်။

ဒါကြောင့် ​ထောင်တွင်း ဆန္ဒပြတာဟာ မတရားဖမ်းဆီးခံထားရတဲ့ ဆန္ဒပြပြည်သူ​တွေ ၊ နိုင်ငံ​ရေးအကျဥ်းသား​တွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြပွဲ ဖြစ်မယ်လို့ အပြင်က ပြည်သူတချို့က ခန့်မှန်း​နေပါတယ်။

“သမီးတို့အိမ်ကနေလဲ ကြားရတယ် မနက် ၇နာရီထဲက ထောင်အနောက်ပေါက်က အော်နေတာ အခုထိပဲ ၅ မီနစ် လောက်ငြိမ်လိုက်အော်လိုက်ပဲ” လို့ အင်းစိန်​ထောင်အနီး​နေတဲ့ပြည်သူတစ်ဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီရဲ့စစ်ကား​တွေ ​ထောင်တွင်းဝင်သွားတာ​တွေ့တယ်လို့ ပြည်သူအချို့က ​ပြောပြီး၊ဆန္ဒထုတ်​ဖော်​နေတဲ့ ပြည်သူ​တွေကို အကြမ်းဖက်မှာ ပြည်သူ​တွေက စိုးရိမ်​နေပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက ဖေ​ဖော်ဝါရီ ၁ ရက်မတိုင်ခင်က ရာဇဝတ်မှု အမျိုးမျိုးနဲ့တရားရင်ဆိုင်​နေတဲ့အချုပ်သား​တွေကို လွတ်ငြိမ်းခွင့်​ပေးပြီး ၊ ဆန္ဒပြပြည်သူ​တွေအပါအဝင်
မတရားသဖြင့်ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီး​ထောင်ချထားတဲ့ နိုင်ငံ​ရေးအကျဥ်းသား​တွေကိုမလွတ်​ပေးဘဲ ရက်ပိုင်းကြာတဲ့အခါ ​ပေါ်​ပေါက်လာတာဖြစ်ပါတယ်။

​ထောင်​တွေအတွင်းမှာ ကိုဗစ်ကိုးစက်မှု မြင့်တက်​နေတာ​ကြောင့် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) က ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း ဇူလိုင် ၂၀ ကကွယ်လွန်ခဲ့ပါတယ်။

ဒါ​ကြောင့် ပြင်ပမှာပါ ကိုဗစ်တတိယလှိုင်း ထိန်းချုပ်​​ရေးကို ဘာမှမလုပ်နိုင်တဲ့ အာဏာသိမ်းစစ်​ကောင်စီရဲ့လက်​အောက်မှာ ​ထောင်တွင်းမှာ ကိုဗစ်ကူးစက်မှု အလွန်ဆိုးရွားပြီး အကျဥ်းသား​တွေ ​ဆေးဝါးကုသ​စောင့်​ရှောက်ခွင့်မရမှာကို စိုးရိမ်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။