Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အင်းစိန်​ထောင်တွင်း ဆန္ဒပြ

ထောင်တွင်း ဆန္ဒပြတာဟာ မတရားဖမ်းဆီးခံထားရတဲ့ ဆန္ဒပြပြည်သူ​တွေ ၊ နိုင်ငံ​ရေးအကျဥ်းသား​တွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြပွဲ ဖြစ်မယ်လို့ အပြင်က ပြည်သူတချို့က ခန့်မှန်း​နေပါတယ်။

အင်းစိန်​ထောင်တွင်းမှာ ဒီ​နေ့နံနက် ၇ နာရီ​လောက်ကစပြီး ​စစ်အာဏာရှင်ပြုတ်ကျ​ရေး ​​ကြွေးကြော်သံ​တွေ ၊​သွေးသစ္စာသီချင်​တွေ ဟစ်​ကြွေးပြီးဆန္ဒပြ​နေပါတယ်။

​ဒီမိုက​ရေစီရရှိ​ရေး ဒို့အ​ရေး ၊အ​ရေး​တော်ပုံ​အောင်ရမည် ၊သပိတ် သပိတ် ​မှောက် ​မှောက် ၊ ​ဖမ်းဆီးထား​သော​ခေါင်း​ဆောင်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ် စတဲ့​ကြွေး​ကျော်သံ​တွေ အပြင် ​သွေးသစ္စာ သီချင်းကိုပါ ဟစ်​ကြွေးဆန္ဒပြ​နေတာကြ​တွေ့ရပါတယ်။ ဒီ​ကြွေး​ကြော်သံ​တွေ​က စစ်အာဏာသိမ်းမှု ကို ဆန့်ကျင် ဆန္ဒပြပြီးမတရားဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြပြည်သူ​တွေ ဆန္ဒပြရာမှ ​ကြွေး​ကြော်​လေ့ရှိတဲ့ ​ကြွေး​ကြော်သံ​တွေဖြစ်ပါတယ်။

ဒါကြောင့် ​ထောင်တွင်း ဆန္ဒပြတာဟာ မတရားဖမ်းဆီးခံထားရတဲ့ ဆန္ဒပြပြည်သူ​တွေ ၊ နိုင်ငံ​ရေးအကျဥ်းသား​တွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေးဆန္ဒပြပွဲ ဖြစ်မယ်လို့ အပြင်က ပြည်သူတချို့က ခန့်မှန်း​နေပါတယ်။

“သမီးတို့အိမ်ကနေလဲ ကြားရတယ် မနက် ၇နာရီထဲက ထောင်အနောက်ပေါက်က အော်နေတာ အခုထိပဲ ၅ မီနစ် လောက်ငြိမ်လိုက်အော်လိုက်ပဲ” လို့ အင်းစိန်​ထောင်အနီး​နေတဲ့ပြည်သူတစ်ဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီရဲ့စစ်ကား​တွေ ​ထောင်တွင်းဝင်သွားတာ​တွေ့တယ်လို့ ပြည်သူအချို့က ​ပြောပြီး၊ဆန္ဒထုတ်​ဖော်​နေတဲ့ ပြည်သူ​တွေကို အကြမ်းဖက်မှာ ပြည်သူ​တွေက စိုးရိမ်​နေပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက ဖေ​ဖော်ဝါရီ ၁ ရက်မတိုင်ခင်က ရာဇဝတ်မှု အမျိုးမျိုးနဲ့တရားရင်ဆိုင်​နေတဲ့အချုပ်သား​တွေကို လွတ်ငြိမ်းခွင့်​ပေးပြီး ၊ ဆန္ဒပြပြည်သူ​တွေအပါအဝင်
မတရားသဖြင့်ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီး​ထောင်ချထားတဲ့ နိုင်ငံ​ရေးအကျဥ်းသား​တွေကိုမလွတ်​ပေးဘဲ ရက်ပိုင်းကြာတဲ့အခါ ​ပေါ်​ပေါက်လာတာဖြစ်ပါတယ်။

​ထောင်​တွေအတွင်းမှာ ကိုဗစ်ကိုးစက်မှု မြင့်တက်​နေတာ​ကြောင့် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) က ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း ဇူလိုင် ၂၀ ကကွယ်လွန်ခဲ့ပါတယ်။

ဒါ​ကြောင့် ပြင်ပမှာပါ ကိုဗစ်တတိယလှိုင်း ထိန်းချုပ်​​ရေးကို ဘာမှမလုပ်နိုင်တဲ့ အာဏာသိမ်းစစ်​ကောင်စီရဲ့လက်​အောက်မှာ ​ထောင်တွင်းမှာ ကိုဗစ်ကူးစက်မှု အလွန်ဆိုးရွားပြီး အကျဥ်းသား​တွေ ​ဆေးဝါးကုသ​စောင့်​ရှောက်ခွင့်မရမှာကို စိုးရိမ်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

မဏိပူရမှာ အင်ဖာလ်နဲ့ တချို့နေရာတွေမှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ကို အကန့်အသတ်မရှိ ထုတ်ပြန်ထားပြီး မိုဘိုင်းအင်တာနက် ကွန်ရက်တွေကိုလည်း မြန်နှုန်းလျှော့ချထားတာ တစ်ပတ်နီးပါး ရှိလာပါပြီ။