ယနေ့ ဇူလိုင် ၂၃ ရက် ညပိုင်းတွင် အင်းစိန်ထောင်မှ မတရားဖမ်းဆီးခံထားရသူများနှင့်အတူ ရပ်တည်ကြောင်း ၊ မတရားဖမ်းဆီးခံထားရသူများပြန်လွှတ်ပေးရန် ၊ စစ်အာဏာရှင်စနစ်ပြုတ်ကျစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ ပြည်သူများက သံပုံးတီး ဆန္ဒပြခဲ့ကြသည်။
ညစဥ်သံပုံးတီး၍ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်မှုများမှာ အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် ယခုနောက်ပိုင်းလျော့ကျသွားရာမှ ယနေ့အင်းစိန်ထောင် ဆန္ဒပြပွဲနှင့်အတူ ယနေ့ညတွင် ပြန်အားကောင်းလာခြင်းဖြစ်သည်။
