Connect with us

Hi, what are you looking for?

ဗီဒီယို

သံလွင်မြစ်​ရေ စိုးရိမ်​ရေမှတ်အထက်​ရောက်နိုင်

းဇလရဲ့ ဒီကနေ့ ၁ နာရီခွဲအချိန်က တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

သံလွင်မြစ်ရေ ဟာ ဘားအံမြို့ မှာ နောက်ရက်တွေအတွင်း မြို့ရဲ့စိုးရိမ်ရေမှတ်ထက်ကို ရောက်ရှိသွားနိုင်လို့ မြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေ၀သနဲ့ ဇလညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးဇလရဲ့ ဒီကနေ့ ၁ နာရီခွဲအချိန်က တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

ဒါကြောင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇကလ သတိပေးထားပါတယ်။

“ဒါပေမဲ့ ရေသေရက်က ဖြစ်နေတော့ အများကြီးတော့ အမြန်ကြီးတော့ မတက်ပါဘူး။ စိုးရိမ်ရေမှတ်လောက်တော့ ရောက်သွားနိုင်တယ်လို့ ရုံးချုပ်က ခန့်မှန်းထားတာ။ အခုဟာက မိုးက နောက်ရက်တွေ မိုးလျော့သွားမယ်။ မိုးကလျော့ဖို့ရှိတော့ သိပ်အများကြီးတော့ စိုးရိမ်စရာမရှိ။ အခုဟာက ရှမ်းကရွာတဲ့ရေကျလာတော့ ဒီ ကယားဘက်က ဖားဆောင်းလည်းတက်လာတယ်။ ဒီဘက်လည်းတက်လာတယ်” လို့ ကရင်ပြည်နယ်မိုးဇလတာ၀န်ရှိသူတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇူလိုင်လက ဘားအံမြို့မှာ မိုးရွာသွန်းမှုများပြီး သံလွင်မြစ်ရေတက်လာခဲ့တာကြောင့် မြို့ရဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေ၀င်ရောက်ပြီး လူဦးရေ ထောင်ချီခန့် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

သတင်း

မိုခါမုန်တိုင်းသည် စစ်​တွေကမ်းရိုးတန်းကို ​ယမန်​နေ့ (​မေ ၁၄ )နံနက် ၁၁ နာရီ ခွဲမှစ၍ တစ်နာရီ ​လေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈ မိုင်အတွင်းအင်အားဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ထို​နောက်ရခိုင်ပြည်နယ် ၊စစ်ကိုင်းတိုင်းအတွင်းကုန်းတွင်းမုန်တိုင်းအဖြစ် ဖြတ်သန်းတိုက်ခတ်​နေခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်​ရေးအစိုးရ ၊ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲ​ရေးဝန်ကြီး ဌာန(NUG-MOHADM) က မိုရာသည် ယ​နေ့ နံနက် ၁၁ နာရီ ခွဲတွင် ရခိုင်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ ရှိသည်ဟု အသိ​ပေးထားသည်။

သတင်း

အလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်း မိုခ (မိုချာ)သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ မြောက်-အရှေ့မြောက်ဘက်သို့ အရှိန်တစ်နာရီ ၁၀ မိုင်နှုန်းဖြင့် ရွေ့လျား​နေပြီး စစ်​တွေမြို့ အ​​နောက်​တောင်ဘက်မိုင် ၁၃၀ အကွာပင်လယ်ပြင်သို့​ရောက်ရှိ​နေသည်။