Connect with us

Hi, what are you looking for?

ဗီဒီယို

မြန်မာပလာဇာတွင် မီးလန့်

ဘားတွေ၊စား​သောက်ဆိုင်​တွေရှိတဲ့ မြန်မာပလာဇာရဲ့ ၄ လွှာမှာဝါယာ​ရှော့ဖြစ်တာလို့သိ့ရပါတယ်။ ​မီးလန့်​မှုကြောင့် ပလာဇာက မီး​လောင်တာကိုအချက်ပြတဲ့စနစ်က အချက်ပေးခဲ့သလို ဈေးဝယ်သူ​တွေ ၊​ဈေး​ရောင်းသူ​တွေ လည်း ထိတ်လန့်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိနာမည်ကြီး​ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ မြန်မာပလာဇာမှာ ဒီ​နေ့ ​နေ့ခင်းပိုင်းက မီးလန့်ခဲ့ပါတယ်။

ဘားတွေ၊စား​သောက်ဆိုင်​တွေရှိတဲ့ မြန်မာပလာဇာရဲ့ ၄ လွှာမှာဝါယာ​ရှော့ဖြစ်တာလို့သိ့ရပါတယ်။ ​မီးလန့်​မှုကြောင့် ပလာဇာက မီး​လောင်တာကိုအချက်ပြတဲ့စနစ်က အချက်ပေးခဲ့သလို ဈေးဝယ်သူ​တွေ ၊​ဈေး​ရောင်းသူ​တွေ လည်း ထိတ်လန့်ခဲ့ကြပါတယ်။

Myanmar Plaza က အ​ခြေအ​နေကို မီးနစ်ပိုင်းအတွင်း ထိန်းချုပ်လိုက်နိုင်တယ်လို့ ​အောက်ပါအတိုင်းသတင်းထုတ်ပြန်ပါတယ်။

“ စျေးဝယ်သူ မိဘပြည်သူများခင်ဗျာ ယနေ့ နံနက် ၁၁း၃၀အချိန်တွင် မြန်မာပလာဇာ၏ ၄လွှာတွင် ဝိုင်ယာရှော့ဖြစ်ပွားမှုကြောင့် မီးသတိပေးချက်များ ထွက်ပေါ်ခဲ့ပါသည်။မြန်မာပလာဇာ M&E အဖွဲ့သားများက ထိုဖြစ်စဥ်ကို မိနစ်အနည်းငယ်အတွင်း ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဆိုင်ခန်းရှင်များနှင့် စျေးဝယ်သူများ စိုးရိမ်ခြင်းမရှိစေရန် အသိပေးအကြောင်းကြားအပ်ပါသည်” လို့​ သူတိုရဲ့ ​​ဖေစ်စ်ဘွခ်စာမျက်နှာမှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပလာဇာကို ဗီယက်နိုင်နိုင်ငံက ​ဟောင်အင်းဂရီလာ စီးပွား​ရေးလုပ်ငန်းစုက ရင်းနှီးမြုပ်နှံဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပလာဇာတွင် ယမန်နေ့ညနေက လူသတ်မှုဖြစ်ပြီးနောက် ကားပါကင်အပါအဝင် အ‌ရေးကြီးနေရာများ၌ လုံခြုံရေးတိုးမြှင့်ကာ လုံခြုံရေးစနစ်များကိုလည်း ချက်ချင်းအကောင်အထည်ဖော်ထားသည်ဟုပလာဇာကယ​​​နေ့သတင်းထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။

News

မြန်မာပြည်သူများ၏ လူမှုရေးပြစ်ဒဏ်ခတ်မှုခံထားရသည့် မြန်မာပလာဇာက စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ယခု ထပ်မံပါဝင်လိုက်ခြင်းဖြစ်သည်။

ဆောင်းပါး

“လူထုကို စော်ကားတဲ့အတွက် ထိုက်တန်ပေးဆပ်မူလို့ပဲမြင်ပါတယ်”ဟုအဆိုပါပလာဇာအနီးရပ်ကွက်တွင်​နေထိုင်​သောကိုသက်အောင်က​ပြောသည်။