Connect with us

Hi, what are you looking for?

ဗီဒီယို

နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဆုချီးမြှင့်ခံရတဲ့ အိန္ဒြာကျော်ဇင်

ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ Oldenburg မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဒါရိုက်တာဏကြီး ရိုက်ကူးတဲ့ What happened to the wolf? ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်ဟာ Seymour Cassel Award for Best Performance ဆုကို ရရှိသွားပါတယ်။

အဓိကသရုပ်ဆောင် ၂ ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ဟာ မြန်မာနိုင်ငံက အကယ်ဒမီမင်းသမီးတွေဖြစ်ပြီးတော့ ကြည့်ရှုသူပရိသတ်ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ ဆုပေးပွဲမှာကြေညာခဲ့ပါတယ်။

ဒါ့အပြင်သရုပ်ဆောင်ရဲ့ ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုကို ချီးမြှင့်တာလို့လည်းဆိုပါတယ်။

ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံကိုလည်း စစ်ကောင်စီက အမှုဖွင့်ဝရမ်းထုတ်ထားပါသေးတယ်။

အာဏာရှင်တွေဟာ လူတွေကို အကျဥ်းချထားလို့ရပေမယ့် အနုပညာကိုတော့ အကျဥ်းချထားလို့မရပါဘူးဆိုတာ “what happened to the wolf?” ဇာတ်ကားမှာပါဝင်ထားတဲ့ အိန္ဒြာကျော်ဇင် ကသက်သေပြလိုက်တာဖြစ်ပါတယ်။

Oldenburg Film Festival ဟာ ဥ​ရောပ အင်ဒီရုပ်ရှင်ပွဲတော်​တွေထဲ အထင်ကရပွဲတစ်ပွဲ ဖြစ်​ပြီး ၂၈ နှစ်သက်တမ်းရှိပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်လို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmarက တိုက်တွန်းလိုက်ပါတယ်။