Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဆုချီးမြှင့်ခံရတဲ့ အိန္ဒြာကျော်ဇင်

ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ Oldenburg မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဒါရိုက်တာဏကြီး ရိုက်ကူးတဲ့ What happened to the wolf? ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်ဟာ Seymour Cassel Award for Best Performance ဆုကို ရရှိသွားပါတယ်။

အဓိကသရုပ်ဆောင် ၂ ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ဟာ မြန်မာနိုင်ငံက အကယ်ဒမီမင်းသမီးတွေဖြစ်ပြီးတော့ ကြည့်ရှုသူပရိသတ်ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ ဆုပေးပွဲမှာကြေညာခဲ့ပါတယ်။

ဒါ့အပြင်သရုပ်ဆောင်ရဲ့ ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုကို ချီးမြှင့်တာလို့လည်းဆိုပါတယ်။

ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံကိုလည်း စစ်ကောင်စီက အမှုဖွင့်ဝရမ်းထုတ်ထားပါသေးတယ်။

အာဏာရှင်တွေဟာ လူတွေကို အကျဥ်းချထားလို့ရပေမယ့် အနုပညာကိုတော့ အကျဥ်းချထားလို့မရပါဘူးဆိုတာ “what happened to the wolf?” ဇာတ်ကားမှာပါဝင်ထားတဲ့ အိန္ဒြာကျော်ဇင် ကသက်သေပြလိုက်တာဖြစ်ပါတယ်။

Oldenburg Film Festival ဟာ ဥ​ရောပ အင်ဒီရုပ်ရှင်ပွဲတော်​တွေထဲ အထင်ကရပွဲတစ်ပွဲ ဖြစ်​ပြီး ၂၈ နှစ်သက်တမ်းရှိပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။