ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ထုတ်ပြန်သည်။
ယနေ့(နိုဝင်ဘာ ၂ရက်)တွင် စစ်ကောင်စီတပ်က ဖောင်းဆိုင်ဒေသသို့ ကျူးကျော်လာရာ ကိုးကန့်တပ်သည် ဖောင်းဆိုင်နှင့် မုံးကိုးကြားရှိ ကွမ်ဒါနယ်မြေတွင် စစ်ကောင်စီအား ဟန့်တားတိုက်ခိုက်ပြီး စစ်ကောင်စီယာဉ်ကို အောင်မြင်စွာ ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။
MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုး၊ သိန္နီနှင့် ကိုးကန့်ဒေသတို့၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အဆက်အပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။