Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ယာဉ်ကို ဖျက်ဆီးနိုင်ကြောင်း ကိုးကန့်တပ်ထုတ်ပြန်

စစ်ကောင်စီတပ်က အဆက်အပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ထုတ်ပြန်သည်။

ယ​နေ့(နိုဝင်ဘာ ၂ရက်)တွင် စစ်ကောင်စီတပ်က ဖောင်းဆိုင်ဒေသသို့ ကျူးကျော်လာရာ ကိုးကန့်တပ်သည် ဖောင်းဆိုင်နှင့် မုံးကိုးကြားရှိ ကွမ်ဒါနယ်မြေတွင် စစ်ကောင်စီအား ဟန့်တားတိုက်ခိုက်ပြီး စစ်ကောင်စီယာဉ်ကို အောင်မြင်စွာ ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုး၊ သိန္နီနှင့် ကိုးကန့်ဒေသတို့၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အဆက်အပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။