Connect with us

Hi, what are you looking for?

ဗီဒီယို

ဖယ်ခုံတွင် ယ​နေ့နံနက်စ၍ တိုက်ပွဲဖြစ်ပွား​နေ

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယမန်​နေ့(နိုဝင်ဘာ ၄ရက်)တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၅ရက်)နံနက်အ​စောပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က စတင်ပစ်ခတ်တိုက်ခိုက်နေပြီဖြစ်ကြောင်း PDF (ဖယ်ခုံ)၏ တာဝန်ရှိသူက PSသို့ ပြောသည်။”နံနက် ၈နာရီ မထိုးခင်ကတည်းက သူတို့ဘက်က စတင်ပစ်ခတ်နေပါတယ်။

ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ တိုက်ဖို့အသင့်ပါပဲ”ဟု ၎င်းက ပြောသည်။လက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖယ်ခုံမြို့အတွင်း ထိုးစစ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် လွိုင်ကော် PDF ၊ဖယ်ခုံ PDF ၊KA ၊ဒီးမော့ဆို PDF ၊အလယ်ပိုင်းတိုင်း PDF ၊ KGZ နှင့်KNDF စသည့်တို့က ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲနေသည်။

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယမန်​နေ့(နိုဝင်ဘာ ၄ရက်)တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

အင်အား အလုံးအရင်းဖြင့် နိုဝင်ဘာ ၂ ရက်ကစ၍ စစ်ကောင်စီ၏ထိုးစစ်တွင် လက်နက်ကြီးများဖြင့် လူနေအိမ်များ ပစ်ခတ်ခဲ့ပြီး အိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်းနှင့် စပါးကွင်းများကို ဖျက်ဆီးခြင်းတို့ လုပ်ခဲ့သည်။နိုဝင်ဘာ ၂ ရက် နှင့် ၃ ရက်တွင်လည်း ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက် အကျအဆုံးများရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများကြောင့် ဖယ်ခုံမြို့အတွင်းရှိ ဒေသခံ ၂,၀၀၀ကျော် မှာ စစ်ဘေးတိမ်ရှောင်နေရဆဲဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။