Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဖယ်ခုံတွင် ယ​နေ့နံနက်စ၍ တိုက်ပွဲဖြစ်ပွား​နေ

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယမန်​နေ့(နိုဝင်ဘာ ၄ရက်)တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၅ရက်)နံနက်အ​စောပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က စတင်ပစ်ခတ်တိုက်ခိုက်နေပြီဖြစ်ကြောင်း PDF (ဖယ်ခုံ)၏ တာဝန်ရှိသူက PSသို့ ပြောသည်။”နံနက် ၈နာရီ မထိုးခင်ကတည်းက သူတို့ဘက်က စတင်ပစ်ခတ်နေပါတယ်။

ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ တိုက်ဖို့အသင့်ပါပဲ”ဟု ၎င်းက ပြောသည်။လက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖယ်ခုံမြို့အတွင်း ထိုးစစ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် လွိုင်ကော် PDF ၊ဖယ်ခုံ PDF ၊KA ၊ဒီးမော့ဆို PDF ၊အလယ်ပိုင်းတိုင်း PDF ၊ KGZ နှင့်KNDF စသည့်တို့က ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲနေသည်။

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ယမန်​နေ့(နိုဝင်ဘာ ၄ရက်)တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

အင်အား အလုံးအရင်းဖြင့် နိုဝင်ဘာ ၂ ရက်ကစ၍ စစ်ကောင်စီ၏ထိုးစစ်တွင် လက်နက်ကြီးများဖြင့် လူနေအိမ်များ ပစ်ခတ်ခဲ့ပြီး အိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်းနှင့် စပါးကွင်းများကို ဖျက်ဆီးခြင်းတို့ လုပ်ခဲ့သည်။နိုဝင်ဘာ ၂ ရက် နှင့် ၃ ရက်တွင်လည်း ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက် အကျအဆုံးများရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများကြောင့် ဖယ်ခုံမြို့အတွင်းရှိ ဒေသခံ ၂,၀၀၀ကျော် မှာ စစ်ဘေးတိမ်ရှောင်နေရဆဲဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။