Connect with us

Hi, what are you looking for?

ဗီဒီယို

မိန်းကလေးငယ် တစ်ဦးကို လူပေါင်း ရာနဲ့ချီ မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကို အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

မဟာရှက်ထရာ ပြည်နယ်က အိမ်ခြေရာမဲ့ မိန်းကလေးငယ်ဟာ နိုဝင်ဘာ ၁၁ ရက်မှာ လူပေါင်း ၄၀၀ လောက်ရဲ့ မုဒိမ်းပြုကျင့်မှုကို ခံခဲ့ရတယ်လို့ တိုင်ကြားထားကြောင်း အိန္ဒိယ ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။

လူပေါင်း ရာနဲ့ချီ ဝိုင်းပြီး မုဒိမ်းကျင့်တာ ခံခဲ့ရတယ်ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးရဲ့ စွပ်စွဲချက်အတွက် အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက သူဟာ ရာနဲ့ချီ များပြားတဲ့ အမျိုးသားတွေက အကြိမ်ပေါင်း ရာနဲ့ချီ မုဒိမ်းကျင့်တာ ခံခဲ့ရကြောင်း ရဲတွေကို တိုင်ကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး မသင်္ကာသူ ၇ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ရဲတွေက ပြောပါတယ်။

မဟာရှက်ထရာ ပြည်နယ်က အိမ်ခြေရာမဲ့ မိန်းကလေးငယ်ဟာ နိုဝင်ဘာ ၁၁ ရက်မှာ လူပေါင်း ၄၀၀ လောက်ရဲ့ မုဒိမ်းပြုကျင့်မှုကို ခံခဲ့ရတယ်လို့ တိုင်ကြားထားကြောင်း အိန္ဒိယ ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။

မိန်းကလေးက သူ့ကို စော်ကားခဲ့သူတွေထဲက တချို့ကို မှတ်မိပြီး နာမည်တွေ ပြောခဲ့ကြောင်း၊ အဲဒီထဲမှာ ရဲနှစ်ဦးရဲ့ နာမည်တွေ ပါဝင်ကြောင်း CWCရဲ့ ဥက္ကဋ္ဌ အက်ဘ်ဟေး ဗစ်ဟာလာရို ဗာနာဗီးက ဆိုပါတယ်။ မိန်းကလေးက လူ ၂၅ ယောက်လောက်ကိုပဲ မှတ်မိတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မိန်းကလေးဟာ ဘတ်စ်ကားမှတ်တိုင် တစ်ခုနားမှာ လှည့်လည် တောင်းရမ်းနေတုန်း လူ ၃ ယောက်က ဖမ်းဆီးသွားပြီး လိင်ကိစ္စတွေ အတင်းအကျပ် ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။ သူက ရဲတွေဆီ သွားအကြောင်းကြားပေမယ့် ကနဦးမှာ ရဲတပ်ဖွဲ့က အမှု ဖွင့်မပေးခဲ့ဘူးလို့လည်း ပြောပါတယ်။

ဘိဒ်မြို့မှာ ဖြစ်ပွားတဲ့ မှုခင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့အရာရှိတွေပါ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒေသခံ ရဲတပ်ဖွဲ့က ဖြေရှင်းတာမျိုး မရှိသေးပါဘူး။ မိန်းကလေးက သူဟာ အသက် ၁၃ နှစ် အရွယ်မှာ အသက် ၃၃ နှစ်အရွယ် လူတစ်ဦးနဲ့ လက်ထပ်ပေးတာ ခံခဲ့ရကြောင်း၊ အဲဒီ အမျိုးသားက သူ့အပေါ် အကြိမ်ကြိမ် လိင်အကြမ်းဖက်တာတွေ ရှိခဲ့ကြောင်းလည်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ယိုဂီတာ ဘာယာနာက ဒီမိန်းကလေးငယ်ဟာ နေ့တိုင်းလိုလို ငရဲခန်းကို ဖြတ်သန်းနေရကြောင်း၊ ရဲတပ်ဖွဲ့ကလည်း သူ့ကို အကာအကွယ် မပေးခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူ အားလုံးကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ မိန်းကလေးငယ် ကြုံခဲ့တာဟာ နိုင်ငံသမိုင်းမှာ အဆိုးဆုံး မုဒိမ်းမှု ဖြစ်စဉ်မျိုးလို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

အိန္ဒိယမှာ အရင်ကတည်းက အမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းဆိုး ထွက်ခဲ့ပါတယ်။ မုဒိမ်းမှု ကျူးလွန်သူတွေကို အစိုးရက ပြစ်ဒဏ်တွေ ပိုမို မြှင့်တင် ကြပ်မတ်ခဲ့ပေမယ့် အခြေအနေတွေက တိုးတက်မလာခဲ့ပါဘူး။

စက်တင်ဘာလတုန်းကလည်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအတွက် လူ ၃၃ ဦးကို မဟာရှာထရာ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ အဲဒီလမှာပဲ မွမ်ဘိုင်းမြို့မှာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ပြီး တုတ်နဲ့ ရိုက်သတ်တာ ခံခဲ့ရပါတယ်။ ဩဂုတ်လမှာလည်း ဒေလီက ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။