Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

မိန်းကလေးငယ် တစ်ဦးကို လူပေါင်း ရာနဲ့ချီ မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကို အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

မဟာရှက်ထရာ ပြည်နယ်က အိမ်ခြေရာမဲ့ မိန်းကလေးငယ်ဟာ နိုဝင်ဘာ ၁၁ ရက်မှာ လူပေါင်း ၄၀၀ လောက်ရဲ့ မုဒိမ်းပြုကျင့်မှုကို ခံခဲ့ရတယ်လို့ တိုင်ကြားထားကြောင်း အိန္ဒိယ ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။

လူပေါင်း ရာနဲ့ချီ ဝိုင်းပြီး မုဒိမ်းကျင့်တာ ခံခဲ့ရတယ်ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးရဲ့ စွပ်စွဲချက်အတွက် အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက သူဟာ ရာနဲ့ချီ များပြားတဲ့ အမျိုးသားတွေက အကြိမ်ပေါင်း ရာနဲ့ချီ မုဒိမ်းကျင့်တာ ခံခဲ့ရကြောင်း ရဲတွေကို တိုင်ကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး မသင်္ကာသူ ၇ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ရဲတွေက ပြောပါတယ်။

မဟာရှက်ထရာ ပြည်နယ်က အိမ်ခြေရာမဲ့ မိန်းကလေးငယ်ဟာ နိုဝင်ဘာ ၁၁ ရက်မှာ လူပေါင်း ၄၀၀ လောက်ရဲ့ မုဒိမ်းပြုကျင့်မှုကို ခံခဲ့ရတယ်လို့ တိုင်ကြားထားကြောင်း အိန္ဒိယ ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။

မိန်းကလေးက သူ့ကို စော်ကားခဲ့သူတွေထဲက တချို့ကို မှတ်မိပြီး နာမည်တွေ ပြောခဲ့ကြောင်း၊ အဲဒီထဲမှာ ရဲနှစ်ဦးရဲ့ နာမည်တွေ ပါဝင်ကြောင်း CWCရဲ့ ဥက္ကဋ္ဌ အက်ဘ်ဟေး ဗစ်ဟာလာရို ဗာနာဗီးက ဆိုပါတယ်။ မိန်းကလေးက လူ ၂၅ ယောက်လောက်ကိုပဲ မှတ်မိတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မိန်းကလေးဟာ ဘတ်စ်ကားမှတ်တိုင် တစ်ခုနားမှာ လှည့်လည် တောင်းရမ်းနေတုန်း လူ ၃ ယောက်က ဖမ်းဆီးသွားပြီး လိင်ကိစ္စတွေ အတင်းအကျပ် ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။ သူက ရဲတွေဆီ သွားအကြောင်းကြားပေမယ့် ကနဦးမှာ ရဲတပ်ဖွဲ့က အမှု ဖွင့်မပေးခဲ့ဘူးလို့လည်း ပြောပါတယ်။

ဘိဒ်မြို့မှာ ဖြစ်ပွားတဲ့ မှုခင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့အရာရှိတွေပါ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒေသခံ ရဲတပ်ဖွဲ့က ဖြေရှင်းတာမျိုး မရှိသေးပါဘူး။ မိန်းကလေးက သူဟာ အသက် ၁၃ နှစ် အရွယ်မှာ အသက် ၃၃ နှစ်အရွယ် လူတစ်ဦးနဲ့ လက်ထပ်ပေးတာ ခံခဲ့ရကြောင်း၊ အဲဒီ အမျိုးသားက သူ့အပေါ် အကြိမ်ကြိမ် လိင်အကြမ်းဖက်တာတွေ ရှိခဲ့ကြောင်းလည်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ယိုဂီတာ ဘာယာနာက ဒီမိန်းကလေးငယ်ဟာ နေ့တိုင်းလိုလို ငရဲခန်းကို ဖြတ်သန်းနေရကြောင်း၊ ရဲတပ်ဖွဲ့ကလည်း သူ့ကို အကာအကွယ် မပေးခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူ အားလုံးကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ မိန်းကလေးငယ် ကြုံခဲ့တာဟာ နိုင်ငံသမိုင်းမှာ အဆိုးဆုံး မုဒိမ်းမှု ဖြစ်စဉ်မျိုးလို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

အိန္ဒိယမှာ အရင်ကတည်းက အမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းဆိုး ထွက်ခဲ့ပါတယ်။ မုဒိမ်းမှု ကျူးလွန်သူတွေကို အစိုးရက ပြစ်ဒဏ်တွေ ပိုမို မြှင့်တင် ကြပ်မတ်ခဲ့ပေမယ့် အခြေအနေတွေက တိုးတက်မလာခဲ့ပါဘူး။

စက်တင်ဘာလတုန်းကလည်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအတွက် လူ ၃၃ ဦးကို မဟာရှာထရာ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ အဲဒီလမှာပဲ မွမ်ဘိုင်းမြို့မှာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ပြီး တုတ်နဲ့ ရိုက်သတ်တာ ခံခဲ့ရပါတယ်။ ဩဂုတ်လမှာလည်း ဒေလီက ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။