Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန်မှာ Lockdown ပြန်ချဖို့ အစီအစဉ် မရှိ

သူက အမေရိကန် ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးအပေါ် အပြည့်အဝ ယုံကြည်မှုထားပြီး ထိုးနှံကြဖို့၊ ဆေးထိုးထားသူတွေလည်း အချိန်ကြာလာပြီဆိုရင် Booster ထပ်ထိုးဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး ထိုးနိုင်တဲ့ အသက်အရွယ် ရှိပေမယ့် ဆေးမထိုးသေးသူ သန်း ၆၀ လောက် ကျန်နေသေးတာဟာ သိပ်ပြီး အဆင်မပြေဘူးလို့ ဇီယန့်တ်က ဆိုပါတယ်။

ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာရင်တောင် တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်ပြီး Lockdown ကြေညာတာတွေ လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း အမေရိကန် အစိုးရက ကြေညာပါတယ်။

အိမ်ဖြူတော်ရဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်မှုဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ ဂျက်ဖ်ဇီယန့်တ်က နိုဝင်ဘာ ၂၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ ရောဂါ ကူးစက်မှုတွေ တကျော့ပြန် မြင့်တက်လာတဲ့နောက် ဥရောပ နိုင်ငံတွေမှာ တကျော့ပြန် Lockdown ကြေညာတာမျိုးတွေ ရှိလာပါတယ်။ ဒါကြောင့် အမေရိကန်မှာလည်း Lockdown အစီအမံတွေ ပြန်ကျင့်သုံးမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ဇီယန့်တ်ကတော့ အမေရိကန် အစိုးရဟာ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံဖို့၊ ခေတ်မီ ကုသမှု နည်းလမ်းတွေကို အသုံးပြုဖို့ကိုသာ ပိုပြီး အားကိုးအားထား ပြုသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍကို အထိနာအောင် ပိတ်ဆို့ရတာတွေ မလုပ်ဘဲ ကပ်ရောဂါကို တွန်းလှန်နိုင်စွမ်း ရှိနေပြီလို့ သူက ပြောပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး ထိုးနှံနိုင်မယ့် အသက်အရွယ် အပိုင်းအခြားရှိသူ အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းဟာ အနည်းဆုံး ဆေးတစ်ကြိမ် ထိုးပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးသူ အရေအတွက်ကလည်း သီတင်းပတ်တိုင်း ဆက်လက် တိုးပွားလာနေကြောင်း ဇီယန့်တ်က မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက အမေရိကန် ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးအပေါ် အပြည့်အဝ ယုံကြည်မှုထားပြီး ထိုးနှံကြဖို့၊ ဆေးထိုးထားသူတွေလည်း အချိန်ကြာလာပြီဆိုရင် Booster ထပ်ထိုးဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး ထိုးနိုင်တဲ့ အသက်အရွယ် ရှိပေမယ့် ဆေးမထိုးသေးသူ သန်း ၆၀ လောက် ကျန်နေသေးတာဟာ သိပ်ပြီး အဆင်မပြေဘူးလို့ ဇီယန့်တ်က ဆိုပါတယ်။

အခုဆိုရင် ဥရောပဟာ ကပ်ရောဂါ ကူးစက်မှုတွေ အကျယ်ပြန့်ဆုံး ဖြစ်ပွားရာ ဒေသမျိုး ပြန်ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။ နိုဝင်ဘာ ၁၄ ရက်နောက်ပိုင်း တစ်ကမ္ဘာလုံးမှာ တိုးပွားလာတဲ့ လူနာသစ်တွေထဲက ၆၄ ရာခိုင်နှုန်းဟာ ဥရောပမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဥရောပ နိုင်ငံ တချို့ဟာ Lockdown သတ်မှတ်ချက်တွေ ပြန်လည် ကျင့်သုံးဖို့ မလွှဲမရှောင်သာ ဆုံးဖြတ်ခဲ့ရပြီး တစ်ဖက်မှာလည်း Lockdownကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။