Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်မှာ Lockdown ပြန်ချဖို့ အစီအစဉ် မရှိ

သူက အမေရိကန် ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးအပေါ် အပြည့်အဝ ယုံကြည်မှုထားပြီး ထိုးနှံကြဖို့၊ ဆေးထိုးထားသူတွေလည်း အချိန်ကြာလာပြီဆိုရင် Booster ထပ်ထိုးဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး ထိုးနိုင်တဲ့ အသက်အရွယ် ရှိပေမယ့် ဆေးမထိုးသေးသူ သန်း ၆၀ လောက် ကျန်နေသေးတာဟာ သိပ်ပြီး အဆင်မပြေဘူးလို့ ဇီယန့်တ်က ဆိုပါတယ်။

ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာရင်တောင် တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်ပြီး Lockdown ကြေညာတာတွေ လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း အမေရိကန် အစိုးရက ကြေညာပါတယ်။

အိမ်ဖြူတော်ရဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်မှုဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ ဂျက်ဖ်ဇီယန့်တ်က နိုဝင်ဘာ ၂၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ ရောဂါ ကူးစက်မှုတွေ တကျော့ပြန် မြင့်တက်လာတဲ့နောက် ဥရောပ နိုင်ငံတွေမှာ တကျော့ပြန် Lockdown ကြေညာတာမျိုးတွေ ရှိလာပါတယ်။ ဒါကြောင့် အမေရိကန်မှာလည်း Lockdown အစီအမံတွေ ပြန်ကျင့်သုံးမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ဇီယန့်တ်ကတော့ အမေရိကန် အစိုးရဟာ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံဖို့၊ ခေတ်မီ ကုသမှု နည်းလမ်းတွေကို အသုံးပြုဖို့ကိုသာ ပိုပြီး အားကိုးအားထား ပြုသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍကို အထိနာအောင် ပိတ်ဆို့ရတာတွေ မလုပ်ဘဲ ကပ်ရောဂါကို တွန်းလှန်နိုင်စွမ်း ရှိနေပြီလို့ သူက ပြောပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး ထိုးနှံနိုင်မယ့် အသက်အရွယ် အပိုင်းအခြားရှိသူ အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းဟာ အနည်းဆုံး ဆေးတစ်ကြိမ် ထိုးပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးသူ အရေအတွက်ကလည်း သီတင်းပတ်တိုင်း ဆက်လက် တိုးပွားလာနေကြောင်း ဇီယန့်တ်က မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက အမေရိကန် ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးအပေါ် အပြည့်အဝ ယုံကြည်မှုထားပြီး ထိုးနှံကြဖို့၊ ဆေးထိုးထားသူတွေလည်း အချိန်ကြာလာပြီဆိုရင် Booster ထပ်ထိုးဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး ထိုးနိုင်တဲ့ အသက်အရွယ် ရှိပေမယ့် ဆေးမထိုးသေးသူ သန်း ၆၀ လောက် ကျန်နေသေးတာဟာ သိပ်ပြီး အဆင်မပြေဘူးလို့ ဇီယန့်တ်က ဆိုပါတယ်။

အခုဆိုရင် ဥရောပဟာ ကပ်ရောဂါ ကူးစက်မှုတွေ အကျယ်ပြန့်ဆုံး ဖြစ်ပွားရာ ဒေသမျိုး ပြန်ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားပါတယ်။ နိုဝင်ဘာ ၁၄ ရက်နောက်ပိုင်း တစ်ကမ္ဘာလုံးမှာ တိုးပွားလာတဲ့ လူနာသစ်တွေထဲက ၆၄ ရာခိုင်နှုန်းဟာ ဥရောပမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဥရောပ နိုင်ငံ တချို့ဟာ Lockdown သတ်မှတ်ချက်တွေ ပြန်လည် ကျင့်သုံးဖို့ မလွှဲမရှောင်သာ ဆုံးဖြတ်ခဲ့ရပြီး တစ်ဖက်မှာလည်း Lockdownကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။