Connect with us

Hi, what are you looking for?

ဗီဒီယို

လေယာဉ်စီးနေရင်း ရောဂါဖြစ်နေမှန်းသိလို့ လေယာဉ် အိမ်သာခန်းထဲမှာ Quarantine ဝင်ခဲ့တဲ့ အမျိုးသမီး

သူဟာ Icelandair လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ အိမ်သာခန်းထဲမှာ အမှတ်တရ ရိုက်ထားတဲ့ ဗီဒီယို ဖြတ်ပိုင်းလေး တစ်ခုကိုလည်း Tiktokမှာ တင်ထားခဲ့ပြီး ဝင်ရောက် ကြည့်ရှုသူ ၄ သန်းကျော် ရှိလာပါပြီ။ ဖိုတီရိုက ဒီလို အထိတ်တလန့် အတွေ့အကြုံမျိုးမှာ သူ့ကို အကောင်းဆုံး ကူညီပေးခဲ့တဲ့ လေယာဉ်မယ်ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

အမေရိကန်က အမျိုးသမီး တစ်ဦးဟာ လေယာဉ် စီးနေချိန် အတောအတွင်း ကိုဗစ်ရောဂါ ဆေးစစ်ရလဒ် Positive ဖြစ်ခဲ့တဲ့နောက် ကိုယ်တိုင် ဆန္ဒပြုပြီး လေယာဉ် အိမ်သာခန်းထဲမှာ Quarantine ဝင်နေခဲ့ကြောင်း သိရပါတယ်။

ကျောင်းဆရာမ တစ်ဦးဖြစ်တဲ့ မာရီဆာ ဖိုတီရိုက သူကြုံခဲ့တဲ့ ကိစ္စက အတော်လေးတော့ ရူးကြောင်ကြောင် နိုင်နေတယ်လို့ ဆိုပါတယ်။ သူဟာ ဒီဇင်ဘာ ၂၀ တုန်းက ချီကာဂို မြို့ကနေ အိုက်စ်လန်နိုင်ငံ၊ ရက်ခ်ဂျာဗစ်မြို့ဆီ ပျံသန်းတဲ့ လေယာဉ်ပေါ် လိုက်ပါသွားခဲ့ပါတယ်။

လေယာဉ် စီးနေချိန် အတောအတွင်း ဖိုတီရိုက လည်ပင်းနာပြီး နေထိုင်မကောင်းသလို ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သွားလေရာ ဆောင်သွားလေ့ရှိတဲ့ Test Kitကို ထုတ်ပြီး ကိုဗစ်ရောဂါ ရှိမရှိ ကိုယ်တိုင် စစ်ကြည့်ခဲ့ပါတယ်။ အဖြေက Positive ဖြစ်နေတဲ့နောက် လေယာဉ် ဝန်ထမ်းတွေကို အသိပေးပြီး ကိုယ်တိုင် လိုလိုလားလား Quarantine ဝင်ခဲ့တာပါ။ သူဟာ ရက်ခ်ဂျာဗစ်ကို မရောက်ခင် ၅ နာရီလုံးလုံး အိမ်သာထဲမှာပဲ နေခဲ့ပြီး လေယာဉ်မယ် တစ်ဦးက ဖိုတီရိုအတွက် အစားအစာနဲ့ သောက်ရေတွေ စီစဉ် ပေးပို့ခဲ့ပါတယ်။

ဖိုတီရိုဟာ လေယာဉ်ပေါ် မတက်ခင် ဆေးစစ်ခဲ့တာမျိုး ရှိမရှိ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေယာဉ်ပေါ်မှာ လူပေါင်း ၁၅၀ လောက် ပါလာကြောင်း၊ ဆေးစစ်ရလဒ်ကို မြင်မြင်ချင်း သူအစိုးရိမ်ဆုံးကတော့ တခြားသူတွေဆီ ရောဂါ ကူးသွားမှာကို ဖြစ်တဲ့အကြောင်း ဖိုတီရိုက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ Icelandair လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ အိမ်သာခန်းထဲမှာ အမှတ်တရ ရိုက်ထားတဲ့ ဗီဒီယို ဖြတ်ပိုင်းလေး တစ်ခုကိုလည်း Tiktokမှာ တင်ထားခဲ့ပြီး ဝင်ရောက် ကြည့်ရှုသူ ၄ သန်းကျော် ရှိလာပါပြီ။ ဖိုတီရိုက ဒီလို အထိတ်တလန့် အတွေ့အကြုံမျိုးမှာ သူ့ကို အကောင်းဆုံး ကူညီပေးခဲ့တဲ့ လေယာဉ်မယ်ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

၅ နာရီလုံးလုံး သူဘာလိုအပ်သလဲ၊ အဆင်ရော ပြေရဲ့လား ဆိုတာတွေကို အဲဒီ လေယာဉ်မယ်က တောက်လျှောက် လာရောက် စစ်ဆေးပေးနေခဲ့တယ်လို့ ဖိုတီရိုက ရှင်းပြပါတယ်။ လေယာဉ်မှူးက ကြိုတင် သတင်းပေးပို့ထားတာကြောင့် လေဆိပ်မှာ တာဝန်ရှိသူတွေက စောင့်ဆိုင်းနေပြီး ဖိုတီရိုကို Quarantine ဟိုတယ်တစ်ခုဆီ ကူညီ ပို့ဆောင်ပေးခဲ့ကြပါတယ်။

အမေရိကန်မှာ မြန်နှုန်းအရမ်းမြင့်တဲ့ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပေါ်နေချိန်မှာ ဖိုတီရိုက အခုလို အထိတ်တလန့် ကိစ္စမျိုး ကြုံတွေ့ခဲ့တာပါ။ Omicronကြောင့် အမေရိကန်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားနှုန်းက ကြောက်ခမန်းလိလိ မြင့်တက်လာနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။