Connect with us

Hi, what are you looking for?

ဗီဒီယို

ဖရူဆို က အစုလိုက်သတ်ဖြတ်ခံရတဲ့အလောင်းတွေကို ဆေးစစ်ချက်ယူခဲ့ရတဲ့ ဆရာဝန်

ဒီနေ့ရှင်းလင်းပွဲမှာ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ဆရာဝန်ရဲ့ပြောကြားချက်နဲ့ သတ်ဖြတ်ခံရသူတွေထဲ ပါဝင်သွားသူတွေရဲ့ မိသားစုဝင်တွေပြောပြချက်ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဖရူဆိုမြို့နယ်ထဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ သူတွေရဲ့ရုပ်အလောင်းတွေမှာ လက်နောက်ပြန်ကြိုးတုပ်ထားတာတွေ၊ ပါးစပ်ထဲအဝတ်ဆို့ထည့်ခံထားရတာတွေ့ရတယ်လို့ အလောင်းတွေကိုရင်ခွဲစစ်ဆေးခဲ့တဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။

ကယားပြည်နယ် ၊ဖရူဆိုမြိ့နယ်ထဲ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီနေ့မှာ NUG အစိုးရနဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီတို့က ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

ဒါအပြင် ရုပ်အလောင်းအချို့ဟာ ဦးခေါင်းခွံအပြည်အစုံမပါလာတော့ဘဲ ပစ်ခွဲခံရတဲ့ပုံစံမျိုးတွေ့ရတယ်လို့ လည်း ဆရာဝန်ကပြောပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ဝါဒဖြန့်သလို စတင်ပစ်ခတ်လို့ မလွှဲသာမရှောင်သာပြန်လည်ပစ်ခတ်ရပါတယ်ဆိုတဲ့ ဖြေရှင်းချက်တွေဟာ မိုးလုံးပြည့်မုသာဝါဒတွေဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ရှင်းလင်းပွဲမှာ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ဆရာဝန်ရဲ့ပြောကြားချက်နဲ့ သတ်ဖြတ်ခံရသူတွေထဲ ပါဝင်သွားသူတွေရဲ့ မိသားစုဝင်တွေပြောပြချက်ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။