Connect with us

Hi, what are you looking for?

ဗီဒီယို

နွေဦးတော်လှန်ရေး နေ့စွဲများ

ဇန်နဝါရီ ၃၁
◾️စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်
◾️စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ကယားပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး အလုပ်ထုတ်

ဖေဖော်ဝါရီလ ၁ ရက်
◾️ရွေးကောက်ခံ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်အာဏာသိမ်း
ဖေဖော်ဝါရီ ၂ ရက်
◾️တစ်နိုင်ငံလုံး သံပုံးတီးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ
ဖေဖော်ဝါရီ ၃ ရက်
◾️အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေအများအပြားပါဝင်လာ
◾️ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အရေးပေါ်ဆွေးနွေး
ဖေဖော်ဝါရီလ ၄ ရက်
◾️မန္တလေးမှာ ဒေါက်တာတေဇာစန်းတို့ဦးဆောင်တဲ့ ကျောင်းသားတွေ ဆန္ဒ စပြ
ဖေဖော်ဝါရီ ၅
◾️ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို စတင်ဖွဲ့စည်း
ဖေဖော်ဝါရီ ၆
◾️ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လမ်းမပေါ် လူထုဆန္ဒပြပွဲတွေစတင်
ဖေဖော်ဝါရီ ၈
◾️စစ်ခေါင်းဆောင် ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောပြီး လူမြင်ကွင်းရှေ့ပြန်ပေါ်လာ၊ ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ပြော
ဖေဖော်ဝါရီ ၉
◾️နေပြည်တော်က ဆန္ဒပြပွဲမှာ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံရ
ဖေဖော်ဝါရီ ၁၉
◾️ မမြသွဲ့သွဲ့ခိုင် ကျဆုံး ၊ နွေဦးတော်လှန်ရေးမှာ ပထမဆုံးကျဆုံးသူဖြစ်
ဖေဖော်ဝါရီ ၂၀
◾️အဖွဲ့အစည်း ၂၅ ခုပါဝင်တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကောာ်မတီ GSC ဖွဲ့စည်း
ဖေဖော်ဝါရီ ၂၂
◾️၂ ငါးလုံးလှုပ်ရှားမှုအဖြစ် တစ်နိုင်ငံလုံးက လူထုတွေလမ်းပေါ်ထွက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်
ဖေဖော်ဝါရီ ၂၄
◾️စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး အင်ဒိုနိုင်ငံခြားရေးဝန်ကြီးကို ထိုင်းနိုင်ငံမှာသွားတွေ့
ဖေဖော်ဝါရီ ၂၆
◾️ကုလအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း စစ်ကောင်စီကိုဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်
မတ် ၁ ရက်
◾️သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အွန်လိုင်းကနေ ပထမဆုံး အကြိမ်ရုံးထုတ်
◾️အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စတင်ဖွဲ့စည်း
◾️ATM ကနေ ငွေသားထုတ်ယူမှုကို နဲ့ ဘဏ်စာရင်းတွေက ငွေထုတ်ယူမှုတွေကို ဗဟိုဘဏ်စတင်ကန့်သတ်
မတ် ၈ ရက်
◾️ပြည်တွင်း မီဒီယာ ၈ ခုကို စစ်ကောင်စီပြန်ကြားရေး လိုင်စင်ပိတ်သိမ်း
မတ် ၁၃
◾️ ရန်ကုန်တိုင်းထဲက မြို့နယ် ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ
မတ် ၂၅
◾️စစ်တပ်ပိုင် MEC ရဲ့ အမေရိကန် နိုင်ငံအတွင်းပိုင်ဆိုင်မှုတွေကို အမေရိကန် အစိုးရ ထိန်းချုပ်
မတ် ၂၇
◾️နွေဦးတော်လှန်ရေးကာလအတွင်းဆန္ဒပြသူအကျအဆုံးများတဲ့နေ့ဖြစ်
ဆန္ဒပြပြည်သူ ၉၀ ဦးထက်မနည်းကျဆုံးခဲ့ရ
မတ် ၃၀
◾️ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အတည်ပြု
ဧပြီ ၂
◾️CRPH ကိုထောက်ခံကြောင်းနဲ့ စစ်တပ်လက်ချက်ကြောင့်ကျဆုံးသွားသူတွေအတွက် ပန်းသပိတ်ပြုလုပ်
ဧပြီ ၁၃
◾️မဟာသင်္ကြန်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် တော်လှန်သင်္ကြန်အဖြစ် ဆန္ဒထုတ်ဖော်
ဧပြီ ၁၆
◾️အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုစတင်ဖွဲ့စည်း
ဧပြီ ၂၄
◾️မြန်မာ့အရေးကြားဝင်ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ချမှတ်
မေ ၅
◾️ ပြည်သူ့ကာကွယ်ရေးတပ်မတော်စတင်ဖွဲ့စည်း
မေ ၁၂
◾️ချင်းပြည်နယ်၊ မင်းတပ်မှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်
မေ ၁၉
◾️ရွေးကောက်ပွဲမဲသမာမှုစွပ်စွဲချက် ခိုင်လုံမှုမရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအာရှကွန်ရက်က ကြေညာ
ဇွန် ၂၂
◾️မန္တလေးမှာ PDF တွေ ရှိတဲ့နေရာကို စစ်ကောင်စီတပ်ဝင်စီး အပြန်အလှန်ပစ်ခတ်ဖြစ်
ဇွန် ၃၀
◾️မတရားဖမ်းဆီးထားသူ ၂၀၀၀ ကျော်ကို အကျဉ်းထောင်တွေကနေ စစ်ကောင်စီပြန်လွှတ်ပေး
ဇူလိုင်၈
◾️ကိုဗစ်ကူးစက်မှုမြင့်တက်လာလို့ ကျောင်းတွေကို စစ်ကောင်စီပြန်ပိတ်
ဇူလိုင် ၁၃
◾️ကိုဗစ်ကြောင့်သေဆုံးသူအဆမတန်မြင့်တက်၊ သုသာန်တွေမှာ မီးသဂြိုဟ်ဖို့အလောင်းတွေပုံနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာပျံနှံလာ
အောက်ဆီဂျင်အိုးတွေ အဆမတန်ဈေးမြင့်တက်လာပြီး ၊အလုအယက် အောက်ဆီဂျင်ဖြည့်နေရ
ဇူလိုင် ၂၀
◾️ ဖမ်းဆီးခံရတဲ့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်
ဇူလိုင် ၂၃
◾️စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသူတွေ ဆန္ဒထုတ်ဖော်
ဇူလိုင် ၂၆
◾️၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ပျက်ပြယ်ပြီလို့ စစ်ကောင်စီ UEC ကြေညာ
သြဂုတ် ၁
◾️အာဏာသိမ်းစစ်ကောင်စီက အိမ်စောင့်အစိုးရလို့ အသွင်ပြောင်း
သြဂုတ် ၄
◾️မြန်မာ့အရေးကြားဝင်ဖြေရှင်းဖို့ အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်
သြဂုတ် ၈
◾️ရှစ်လေးလုံးနှစ်ပတ်လည်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ပြည်တွင်းပြည်ပမှာ ပြုလုပ်
သြဂုတ် ၁၀
◾️တစ်နိုင်ငံလုံးကြေကွဲရတဲ့ ဗိုလ်တထောင် ၄၄ လမ်းက ဖြစ်ရပ်ဖြစ်ပွား
စစ်ကောင်စီတပ်တွေဝင်ဖမ်းလို့ လူငယ်တွေ ၄၄ လမ်းက တိုက်ခန်းပေါ်က ခုန်ချ
သြဂုတ် ၁၅
◾️တော်လှန်ရေးအတွက် နွေဦးထီကို NUG အစိုးရ စတင်ရောင်းချ
သြဂုတ် ၂၅
◾️စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသူ ၁၀၀၀ ကျော်လာပြီလို့ AAPP ထုတ်ပြန်
စက်တင်ဘာ ၇
◾️ပြည်သူ့ခုခံတော်လှန်စစ်စတင်ပြီလို့ NUG ယာယီသမ္မတကြေညာ
စက်တင်ဘာ ၂၈
◾️ရွှေဈေးနဲ့ ဒေါ်လာဈေး ပြည်တွင်းဈေးကွက်မှာ စံချိန်တင်မြင့်တက်သွား
◾️ရွှေဈေး ၂၂ သိန်းကျော်နဲ့ ဒေါ်လာဈေး ၂၅၀၀ ကျော်သွား
အောက်တိုဘာ ၁၈ ၊၁၉ ၊၂၀
◾️နွေဦးတော်လှန်ရေးမှာဖမ်းဆီးထားသူတွေကို စစ်ကောင်စီကပြန်လွှတ်ပေး
လွှတ်ပြီးပြီးချင်း ပြန်ဖမ်းခံရသူ ၁၀၀ ကျော်ရှိ
အောက်တိုဘာ ၂၆
◾️အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရာ စစ်ကောင်စီခေါင်းဆောင်တက်ခွင့်မရ
အောက်တိုဘာ ၂၉
◾️ချင်းပြည်နယ်၊ ထန်တလန်မှာ စစ်သားတစ်ဦးပစ်သတ်ခံရပြီးနောက် မြို့ကို စစ်ကောင်စီတပ်မီးရှို့
နိုဝင်ဘာ ၅
◾️ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်ချလိုက်
နိုဝင်ဘာ ၂၂
◾️အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ် (NUG Bond) စတင်းရောင်းချ
ဒီဇင်ဘာ ၆
◾️သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင် ၄ နှစ်စီချ
ဒီဇင်ဘာ ၁၀
◾️အသံတိတ်သပိတ်ကို နိုင်ငံလုံးကျွတ်အောင်အောင်မြင်မြင်ဆင်နွှဲ
ဒီဇင်ဘာ ၁၅
◾️စစ်ကောင်စီတပ်တွေ ကျုးကျော်လာတဲ့အတွက် လေးကေကော်မှာ တိုက်ပွဲတွေစဖြစ်
ဒီဇင်ဘာ ၂၃
◾️KNU ထိန်းချုပ်ရာ လေးကေကော်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဒီဇင်ဘာ ၂၄
◾️ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း လူပေါင်း ၃၀ ကျော်အစုလိုက်အပြုံလိုက် စစ်ကောင်စီသတ်ဖြတ်
ဒီဇင်ဘာ ၂၇
◾️PDF နဲ့ပေါင်းရင်မြို့ရွာအဖျက်ခံရမယ်လို့ စစ်ကောင်စီ ရဟတ်ယာဉ်ကနေစစ်ကိုင်းတိုင်းမှာ ဝါဒဖြန့်စာကျဲ
ဇန်နဝါရီ ၇
◾️ဝေဖန်မှုတွေကြားထဲကနေ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်နေပြည်တော်ကိုလာရောက်
ဇန်နဝါရီ ၂၁
◾️ပြင်သစ်ရေနံကုမ္ပဏီတိုတယ်လ်နဲ့ အမေရိကန် ရေနံကုမ္ပဏီရှက်ဗရွန်တို့ မြန်မာနိုင်ငံကနေထွက်ခွာမယ်လို့ကြေညာ
◾️ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကို စစ်ကောင်စီ သေဒဏ်အမိန့်ချ
ဇန်နဝါရီလ ၂၅
◾️အသံတိတ်သပိတ်ကို လှုံဆော်သူ၊ ပါဝင်သူတွေကိုအရေးယူမယ်လို့စစ်ကောင်စီခြိမ်းခြောက်
ဇန်နဝါရီလ ၂၆
◾️ပထမအကြိမ် ပြည်သူ့ညီလာခံကျင်းပ
ဇန်နဝါရီ ၃၁
◾️စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်
◾️စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ကယားပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး အလုပ်ထုတ်

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service Announcement...