Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း နယ်စပ်က ရုရှားတပ်တွေ ရုပ်သိမ်းတယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သတိပေး

ဗြိတိန် စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ဂျင်မ်ဟော့ကန်ဟူးလ်ကလည်း ရုရှားက စစ်အင်အား ထပ်ဖြည့်နေတဲ့ ကိစ္စကို အတည်ပြုခဲ့ပြီး အရှေ့ဥရောပမှာ အနက်ရှိုင်းဆုံး ပဋိပက္ခကြီးတစ်ခု ပေါ်ပေါက်လာဖို့ ဦးတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်း နယ်စပ်နားက ယူကရိန်းတပ်တွေ စတင် ရုပ်သိမ်းနေပြီဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း အမေရိကန် အစိုးရက သတိပေးလိုက်ပါတယ်။ ရုရှားဟာ တပ်တွေ မရုပ်တဲ့အပြင် နောက်ထပ် အင်အား ဖြည့်တင်းပြီး ယူကရိန်း နယ်စပ်ဖက် ပိုမို ချဉ်းကပ်လာနေတယ်လို့ အမေရိကန်က ပြောပါတယ်။

အစောပိုင်းမှာ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်နားမှာ တပ်စွဲထားတဲ့ စစ်သည်တချို့ သက်ဆိုင်ရာ အခြေစိုက် စခန်းတွေဆီ အသီးသီး ပြန်ကုန်ကြပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ ရုရှားဟာ တပ်တွေ အမှန်တကယ် မရုပ်သိမ်းခဲ့သလို နောက်ထပ် သံချပ်ကာကားတွေ၊ ရဟတ်ယာဉ်တွေ ထပ်မံ အားဖြည့်ထားသလို စစ်မြေပြင်သုံး ယာယီ ဆေးရုံတွေပါ ထပ်တိုးလာတယ်လို့ အမေရိကန် စစ်ဘက်က ဆိုပါတယ်။

ဗြိတိန် စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ဂျင်မ်ဟော့ကန်ဟူးလ်ကလည်း ရုရှားက စစ်အင်အား ထပ်ဖြည့်နေတဲ့ ကိစ္စကို အတည်ပြုခဲ့ပြီး အရှေ့ဥရောပမှာ အနက်ရှိုင်းဆုံး ပဋိပက္ခကြီးတစ်ခု ပေါ်ပေါက်လာဖို့ ဦးတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို အနောက်အုပ်စု မဟာမိတ် NATO အဖွဲ့ထဲ ဝင်ရောက်မှာ စိုးရိမ်နေပြီး ဒီကိစ္စကပဲ နှစ်နိုင်ငံ အတင်းမာဆုံး အခြေအနေဆီ တွန်းပို့ခဲ့တာပါ။ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေကတော့ ဒီပြဿနာကို သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ ရုရှားကို စည်းရုံးနေဆဲပါ။

Public Service Announcement

Public Service Announcement

ရုရှား အစိုးရက ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ် မရှိကြောင်း လက်ရှိ အချိန်ထိ ငြင်းဆိုနေဆဲ ဖြစ်ပေမယ့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရုရှားရဲ့ ထိုးစစ်ဟာ ဘယ်အချိန်မဆို စတင်လာနိုင်ကြောင်း အလေးအနက် သတိပေးထားပါတယ်။

ရုရှားက တပ်တွေ ရုပ်တယ်လို့ ပြောပေမယ့် အဲဒီစကား မှန်ကန်တဲ့ ဘာအထောက်အထားမှ မတွေ့ရကြောင်း၊ ရုရှားတပ်တွေဟာ နယ်စပ်နဲ့ ပိုမို ချဉ်းကပ်လာနေတာပဲ မြင်နေရကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ပြောပါတယ်။

ဒေသတွင်း အက်စ်တိုးနီးယား နိုင်ငံရဲ့ စစ်ထောက်လှမ်းရေး ဌာနက ယူကရိန်း နိုင်ငံ ပတ်ပတ်လည်မှာ ရုရှား တပ်မ ၁၀ ခုလောက် ဖြန့်ကျက်ထားပြီး စစ်သည် အင်အား ၁ သိန်း ၇ သောင်းလောက်ထိ များပြားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။