Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားက အကြောင်းရှာနေတယ်လို့ အမေရိကန် စွပ်စွဲ

တစ်ဖက်မှာလည်း ရုရှား အလိုတော်ရိ သူပုန်တွေက ယူကရိန်း စစ်တပ်ဟာ သူတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အခြေအနေတွေ ပိုတင်းမာအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲ ပြောကြားထားပါတယ်။

ယူကရိန်းကို ကျူးကျော် စစ်ပြုဖို့အတွက် ဆင်ခြေကောင်းကောင်းရအောင် ရုရှားက မရိုးမသား ကြံစည်နေတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။

ရုရှားဟာ မကြာခင် ရက်ပိုင်းအတွင်း အိမ်နီးချင်း ယူကရိန်းကို ကျူးကျော် တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် အစိုးရက သတိပေးထားပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ လက်တွေ့ စတင်လာဖို့ အရမ်း နီးကပ်နေကြောင်း၊ ဒါပေမဲ့ သံတမန်ရေး နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။

ရုရှားကတော့ သူတို့ဟာ ယူကရိန်းကို တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝ အခြေအမြစ် မရှိဘူးလို့ ငြင်းဆိုပြီး အမေရိကန်ကသာ အခြေအနေတွေကို ပိုမို တင်းမာလာအောင် လှုံ့ဆော်နေတာလို့ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် ယူကရိန်း နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးလို့ တပ်တချို့တောင် ပြန်ရုပ်သိမ်းနေပြီလို့ ရုရှားက ပြောပေမယ့် အနောက်အုပ်စု နိုင်ငံတွေကတော့ ဒီစကားတွေဟာ လိမ်ညာထားတာသာ ဖြစ်တယ်လို့ ထပ်ဆင့် စွပ်စွဲနေပါတယ်။

ရုရှား အနေနဲ့ ပြဿနာ တစ်ခုခုဖြစ်အောင် လုပ်ကြံဖန်တီးပြီး စစ်ပွဲကို စတင်ဖို့ အကြောင်းရှာနေကြောင်း၊ ဥပမာ အနေနဲ့ ရုရှား ပိုင်နက်ထဲမှာ အကြမ်းဖက် ဗုံးခွဲမှု တစ်ခုခု ဖြစ်ပွားတာမျိုး အကွက်ဆင်လာနိုင်ကြောင်း၊ ပြည်သူတွေကို ဒရုန်း၊ ဒါမှမဟုတ် ဓာတုလက်နက် အတု၊ အစစ်တွေနဲ့ တိုက်ခိုက်တာမျိုး ဇာတ်လမ်းတွေ ကြားလာရနိုင်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ဖြစ်ရပ်မျိုး တစ်ခုခု ပေါ်လာပြီးတာနဲ့ ရုရှား အစိုးရက ယူကရိန်းရဲ့ ခြိမ်းခြောက်မှုကို ခံရပါတယ်ဆိုပြီး စစ်ပွဲကို အစပြုလာနိုင်ကြောင်း၊ ယူကရိန်းက စစ်ရေး ပစ်မှတ်တွေကို ရုရှားက ဒုံးကျည်တွေနဲ့ပစ်၊ ဗုံးတွေကြဲပြီး ဆိုက်ဘာ စစ်ဆင်ရေးတွေလည်း လုပ်လာနိုင်ကြောင်း ဘလင်ကန်က ဆိုပါတယ်။ အမေရိကန် အနေနဲ့ ဒီစွပ်စွဲချက်တွေအတွက် တိကျတဲ့ အထောက်အထားတော့ မပြသခဲ့ပါဘူး။

ဒီအတောအတွင်း ယူကရိန်း အရှေ့ပိုင်းက ရုရှား ကျောထောက်နောက်ခံ ပြုထားတဲ့ ခွဲထွက်ရေး သူပုန်တပ်တွေဟာ စတန်နစ်ရှာ လူဟန်စကာမြို့က မူကြိုကျောင်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း အာဏာပိုင်တွေက စွပ်စွဲပါတယ်။ ဒီဖြစ်စဉ်မှာ ကလေးတွေ အထိအခိုက် မရှိပေမယ့် လူကြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရုရှား အလိုတော်ရိ သူပုန်တွေက ယူကရိန်း စစ်တပ်ဟာ သူတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အခြေအနေတွေ ပိုတင်းမာအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။