Connect with us

Hi, what are you looking for?

ဗီဒီယို

ဖိုးဖြူ ကို လိုက်ပါနှုတ်ဆက်ကြသူများ

ဖိုးဖြူက အနုပညာလောကကို ၁၉၈၅ အချိန်ကတည်းက မြပုဏ္ဏမာ အငြိမ့်ရဲ့ လူရွှင်တော်တစ်ဦးအနေနဲ့ ဝင်ရောက်ခဲ့တာပါ။

သရဲလေးကောင် ပြဇာတ်နဲ့ ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ ဟာသသရုပ်ဆောင် ဖိုးဖြူရဲ့ နာရေးကို ဒီနေ့ နေ့လည်က ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

နာရေးကို ဖိုးဖြူနဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဦးအောင်လွင်၊ ဇာဂနာ၊ လွင်မိုး ၊ ငှက်ပျောကြော်၊ အရိုင်း တို့အပါအဝင် အနုပညာမောင်နှမများနဲ့ မိတ်ဆွေတွေက လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

ဖိုးဖြူက မတ်လ ၁၁ ရက်မှာ အဆုတ်ရောဂါ နဲ့ ကွယ်လွန်ခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သမီးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖိုးဖြူက အနုပညာလောကကို ၁၉၈၅ အချိန်ကတည်းက မြပုဏ္ဏမာ အငြိမ့်ရဲ့ လူရွှင်တော်တစ်ဦးအနေနဲ့ ဝင်ရောက်ခဲ့တာပါ။

၁၉၉၃ မှာ သရုပ်ဆောင်လွင်မိုးနဲ့ တွဲဖက်ပြီး သရဲလေးကောင်နှင့်ကျွန်တော်ပြဇာတ်မှာ သရဲလေးကောင်အဖြစ် ပါဝင်ကပြခဲ့ရာမှာတော့ ပရိသတ်အားပေးမှုအများအပြားရရှိခဲ့ပါတယ်။

ဖိုးဖြူက ဘီပိုး စီပိုး ရောဂါခံစားခဲ့ရတာကြောင့် အနုပညာလောကနဲ့ နှစ်အနည်းငယ်ဝေးကွာခဲ့ပါသေးတယ်။

ကျန်းမာရေးကောင်းမွန်လာချိန်မှာတော့ ဘီပိုး စီပိုး ဝေဒနာရှင်တွေအတွက် ပရဟိတဆေးခန်းဖွင့်ပြီး ကုသမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

သေမင်းနဲ့ သုံးကြိမ်လောက် စစ်ခင်းခဲ့ရပြီး ဒီတစ်ကြိမ်တော့ လက်လွှတ်ခဲ့ရတယ်လို့ ဇာဂနာရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစာပေ မှာ လူသိများထင်ရှားတဲ့ စာရေးဆရာလည်းဖြစ် ၊ နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ စာရေးဆရာမောင်သာချို ရဲ့ နာရေးကို ဒီနေ့(ဇူလိုင် ၁၂) ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

သတင်း

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

သတင်း

'ကမ္ဘာမကြေဘူး'သီချင်းအပါအဝင် အနုပညာနဲ့ စစ်အာဏာရှင်တွေကိုတော်လှန်ခဲ့သူ တေးရေးနိုင်မြန်မာရဲ့နာရေးကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

Facebook