Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ရာဇဝတ်မှု စွပ်စွဲစကားတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်ဖို့ အမေရိကန်ကို ရုရှား သတိပေး

ရုရှား သမ္မတဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ အတွင်းရေးမှူး တာဝန် ယူထားတဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်က အမေရိကန်ဟာ နိုင်ငံတကာ အမြင်မှာ ရုရှားကို နာမည်ဖျက်ဖို့ ကြိုးစားပြီး ရုရှား မုန်းတီးရေးဝါဒ ဖြန့်ဝေနေကြောင်း စွပ်စွဲသွားပါတယ်။

စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပုတ်ခတ်စွပ်စွဲနေတာတွေ ဆင်ခြင်ဖို့ အမေရိကန် အစိုးရကို ရုရှားက သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေဆီ ဦးတည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အမိန့်နဲ့ အစပြုလာတဲ့ စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ၃ သန်းလောက် ရှိလာသလို အရပ်သားတွေပါ ထိခိုက် သေကြေနေရပါတယ်။

ဘိုင်ဒန်က အပြစ်မဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လုပ်ရပ်နဲ့တင် ရုရှားဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ သဘောမျိုး သက်ရောက်နေကြောင်း ဝေဖန်ခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့သလို အမေရိကန် ဦးဆောင်တဲ့ NATO မဟာမိတ် အုပ်စုနဲ့ ရုရှားတို့ကြား ဆက်ဆံရေးကလည်း အတင်းမာဆုံး အဆင့်ထိ ရောက်ရှိလာပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်တွေဟာ ဒီစစ်ပွဲမှာ ယူကရိန်းကို လက်နက်နဲ့ ငွေကြေးတွေ အလုံးအရင်း ထောက်ပံ့ ကူညီနေပါတယ်။

ရုရှား အစိုးရ ရုံးဆိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ သူတို့ရဲ့ သမ္မတဟာ အရမ်း ပညာဉာဏ် ပြည့်ဝပြီး နိုင်ငံတကာ အသိအမှတ်ပြု ခေါင်းဆောင် တစ်ဦးလည်းဖြစ်ကြောင်း၊ ဒီလို ပုဂ္ဂိုလ်မျိုးအပေါ် ဘိုင်ဒန်ရဲ့ ပြောဆိုမှုတွေဟာ တရားလက်လွတ် ဖြစ်နေသလို ခွင့်လွှတ်နိုင်စရာလည်း မရှိကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရာဇဝတ်မှုတွေအကြောင်း ပြောကြကြေးဆိုရင်း အမေရိကန်ဟာ ၁၉၄၅ ခုနှစ်မှာ ဂျပန်ရဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီ မြို့တွေပေါ် နျူကလီးယားဗုံး ကြဲချခဲ့တာ မမေ့သင့်ကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် ဂျပန်က အပြီးတိုင် လက်နက်ချပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့ပေမယ့် လူ ၂ သိန်း ဝန်းကျင်လောက် သေဆုံးပြီး နောက်ထပ် လူတွေ အမြောက်အမြား ရေဒီယို သတ္တိကြွ အဆိပ်သင့်ပြီး အသက် ဆုံးရှုံးခဲ့ကြပါတယ်။

ရုရှား သမ္မတဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ အတွင်းရေးမှူး တာဝန် ယူထားတဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်က အမေရိကန်ဟာ နိုင်ငံတကာ အမြင်မှာ ရုရှားကို နာမည်ဖျက်ဖို့ ကြိုးစားပြီး ရုရှား မုန်းတီးရေးဝါဒ ဖြန့်ဝေနေကြောင်း စွပ်စွဲသွားပါတယ်။

ဒီရည်ရွယ်ချက်က အထမြောက်မှာ မဟုတ်ကြောင်း၊ ရုရှားဟာ ဘယ်လို ရန်သူမျိုးကိုမဆို ရှိန်နေစရာ မလိုတဲ့ အင်အားမျိုး ပိုင်ဆိုင်ထားကြောင်း ပူတင်ရဲ့ အနီးကပ် လက်ရုံးတစ်ဦးလို့ ဆိုရမယ့် မက်ဗီဒက်ဗ်က ပြောပါတယ်။

ပူတင်ဟာ ရုရှား စကားပြောတဲ့ လူနည်းစုတွေကို ယူကရိန်း အစိုးရက ဖိနှိပ် အနိုင်ကျင့်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို တားဆီးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင် ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။ ဒီစစ်ပွဲမှာ ရုရှားက လွယ်လွယ်ကူကူ အသာရနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ယူကရိန်း တပ်တွေရဲ့ အားကောင်းတဲ့ ခုခံ တွန်းလှန်မှုကြောင့် ပူတင်အတွက် အကြီးအကျယ် အကျပ်ရိုက်နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။