Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်မှာ လူမျိုးရေး မုန်းတီးမှု အခြေခံတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

လူသတ်မှုအတွက် စွပ်စွဲခံရတဲ့ လူငယ်ဟာ မေလ ၁၄ ရက် ညနေပိုင်းက လူစည်ကား ရှုပ်ထွေးနေတဲ့ စူပါမားကက်ထဲ လမ်းလျှောက် ဝင်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖြစ်ရပ်တိုင်းကို ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသေးတယ်။

အမေရိကန် နိုင်ငံက စူပါမားကက် တစ်ခုမှာ လူမျိုးရေး မုန်းတီးမှုကို အခြေခံတယ်လို့ ယူဆရတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နယူးယောက် ပြည်နယ်၊ ဘတ်ဖဲလိုမြို့က ဖြစ်စဉ်မှာ စူပါမားကက် တဝိုက်ကို အချိန် အတော်ကြာ ဝန်းရံ ပိတ်ဆို့ထားခဲ့ပြီးတဲ့နောက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ လူငယ်ရဲ့ နာမည်ကိုတော့ မထုတ်ပြန်ပါဘူး။

လူသတ်မှုအတွက် စွပ်စွဲခံရတဲ့ လူငယ်ဟာ မေလ ၁၄ ရက် ညနေပိုင်းက လူစည်ကား ရှုပ်ထွေးနေတဲ့ စူပါမားကက်ထဲ လမ်းလျှောက် ဝင်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖြစ်ရပ်တိုင်းကို ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသေးတယ်။

FBI ထောက်လှမ်းရေး ဌာနက ဒီပစ်ခတ်မှုဟာ အစွန်းရောက် အကြမ်းဖက်မှု ပုံစံတစ်ခုလို့ သတ်မှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။ FBIရဲ့ ဘတ်ဖဲလို ရုံးခွဲ အကြီးအကဲ စတီဖန် ဘီလွန်ဂီယာက ဒီမှုခင်းရဲ့ နောက်ကွယ်မှာ လူမျိုးရေးနဲ့ ပတ်သက်တဲ့ လှုံ့ဆော်မှုတွေ ဆက်စပ် ပါဝင်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူငယ်ဟာ ဘတ်ဖဲလို မြို့ထဲက လူမည်းအများစု နေထိုင်ရာ ဧရိယာဆီ ရောက်လာအောင် နာရီပေါင်း အတော်ကြာ ကားမောင်းလာခဲ့တယ်လို့ သိရပါတယ်။ သူ့လက်ချက်ကြောင့် ကျည်ထိမှန်သူ ၁၃ ဦးထိ ရှိခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့တာပါ။ သူ့ရဲ့ သားကောင်း ဖြစ်သွားသူ အားလုံးလိုလိုက လူမည်းတွေလို့ ဘတ်ဖဲလို ရဲတပ်ဖွဲ့ ကော်မရှင်နာ ဂျိုးဆက် ဂရာမက်လီယာက ပြောပါတယ်။ ဒဏ်ရာရသူ ၃ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူး။

စူပါမားကက်ထဲမှာ လုံခြုံရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ အငြိမ်းစား ရဲအရာရှိဟောင်း တစ်ဦးက တုံ့ပြန် ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့် သေနတ်သမား လက်ချက်နဲ့ သေဆုံးသွားရှာပါတယ်။ သေနတ်သမားဟာ ကျည်ကာအင်္ကျီ၊ ကျည်ကာ ခေါင်းဆောင်းတွေ ဝတ်ဆင်ထားပြီး ပစ်အားပြင်းတဲ့ ရိုင်ဖယ် တစ်လက်ကို သယ်ဆောင်လာပါတယ်။

သူဟာ ရဲတပ်ဖွဲ့ရဲ့ ဝန်းရံ ပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး အခြေအနေတွေ တင်းမာခဲ့တဲ့ နောက်မှာတော့ သေနတ်ကို အပ်နှံပြီး အဖမ်းခံခဲ့ပါတယ်။ သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးထားပြီး အမြန်ဆုံး ရုံးတင် စစ်ဆေးဖို့ စီစဉ်နေပါတယ်။

မျက်မြင်တွေကတော့ ရုံးပိတ်ရက် ဖြစ်တာကြောင့် စူပါမားကက်ထဲမှာ လူတွေ ပြည့်နေခဲ့ကြောင်း၊ ဒီအချိန်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခံရတဲ့ မြင်ကွင်းက အိပ်မက်ဆိုး ဆန်လွန်းကြောင်း ပြောပါတယ်။ နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူလ်ကတော့ သေနတ်သမားဟာ အကြမ်းဖက်မှု ကျူးလွန်တဲ့ လူဖြူ အစွန်းရောက် ဝါဒီ တစ်ယောက်လို့ စွပ်စွဲ သုံးနှုန်းသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရော၊ ဇနီးဖြစ်သူပါ ဒီဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း အိမ်ဖြူတော်ကလည်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။