Connect with us

Hi, what are you looking for?

ဗီဒီယို

နည်းပညာမြင့် စစ်လက်နက်တွေ ယူကရိန်းဆီ ပို့ဆောင်သွားမယ်လို့ အမေရိကန်ပြော

အမေရိကန်က ပေးပို့မယ့်ထဲမှာ ယူကရိန်းရဲ့ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့အတွက် Harpoon အမျိုးအစား ဒုံးကျည် စနစ်တွေလည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်စတင်က ဆိုပါတယ်။

လက်ရှိ ထောက်ပံ့နေတာတွေထက် နည်းပညာပိုင်း ပိုအဆင့်မြင့်တဲ့ စစ်လက်နက်တွေ ယူကရိန်းကို ပေးပို့ ကူညီသွားမယ်လို့ အမေရိကန်က အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၅၀ လောက်က ကာကွယ်ရေး ဝန်ကြီးတွေ ညှိနှိုင်း ဆွေးနွေးမှုအပြီး ယူကရိန်းကို ပိုပြီး ခေတ်မီ အားကောင်းတဲ့ စစ်လက်နက်တွေ စုပေါင်း ထောက်ပံ့ပေးကြဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ပြောပါတယ်။

အမေရိကန်က ပေးပို့မယ့်ထဲမှာ ယူကရိန်းရဲ့ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့အတွက် Harpoon အမျိုးအစား ဒုံးကျည် စနစ်တွေလည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်စတင်က ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် အနေနဲ့ ယူကရိန်း တပ်ဖွဲ့တွေကို လေ့ကျင့်ရေး ကဏ္ဍမှာ ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတာနဲ့ ယူကရိန်း အခြေစိုက် အမေရိကန် စစ်တပ်တွေ ထားသင့် မထားသင့် ဆိုတာတွေအတွက် ကနဦးအဆင့် ဆွေးနွေးမှုတွေ စတင်နေကြောင်း အမေရိကန် ပူးပေါင်းစစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး မတ်ခ်မစ်လေက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမစခင် ယူကရိန်းရောက် စစ်သည်တွေကို အလျင်အမြန် ပြန်လည် ခေါ်ယူခဲ့ပြီး လတ်တလောမှာလည်း စစ်သည်တွေ အလောတကြီး ပြန်လွှတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မစ်လေရဲ့ စကားအရ လေ့ကျင့်ရေး ကဏ္ဍကို အကြောင်းပြုပြီး ယူကရိန်းကို အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ရောက်လာနိုင်ခြေ ရှိနေပါတယ်။

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာ ထားရှိတဲ့ အမေရိကန် သံရုံးကလည်း တစိတ်တပိုင်း ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်တာကြောင့် သံရုံးကို ကာကွယ် စောင့်ရှောက်ဖို့ မရိန်း တပ်ဖွဲ့ဝင်တွေ ပြန်လည် စေလွှတ်မလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အမေရိကန်ဟာ ယူကရိန်းအတွက် နည်းပညာမြင့် စစ်လက်နက်တွေ ထောက်ပံ့မှာ ဖြစ်ပေမယ့် ယူကရိန်း အစိုးရ တောင်းဆိုထားတဲ့ ရွေ့လျား ဒုံးကျည်ပစ်စင်တွေ ပေးပို့မလားဆိုတဲ့ မေးခွန်းကိုတော့ အော်စတင်က မဖြေခဲ့ပါဘူး။ ဒါပေမဲ့ ယူကရိန်း ကမ်းရိုးတန်းကို ကာကွယ်ဖို့အတွက် အမေရိကန်လုပ် Harpoon ဒုံးကျည်တွေကို ဒိန်းမတ်က တင်ပို့ပေးဖို့တော့ အမေရိကန်က ခွင့်ပြုထားပြီး ဖြစ်ကြောင်း အော်စတင်က အတည်ပြုခဲ့ပါတယ်။

တကယ်လို့ ယူကရိန်းကသာ Harpoonတွေကို စစ်မြေပြင်မှာ လက်တွေ့ အသုံးပြုခွင့် ရလာမယ်ဆိုရင် ပင်လယ်နက်ထဲမှာ လှုပ်ရှားနေတဲ့ ရုရှား ရေတပ်ဖွဲ့တွေအတွက် အကြီးအကျယ် ခြိမ်းခြောက် ခံလာရနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ အစောပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေ ကူညီခွင့်ပြုဖို့ အထူးအမိန့်ကို လက်မှတ် ရေးထိုးထားခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။