Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်မှာ ၂ နှစ်သားက သေနတ်နဲ့ ပစ်မိလို့ ဖခင်သေဆုံး

မာဘရီကို ဆေးရုံ အမြန်ဆုံး တင်ပို့ခဲ့ပေမယ့် အသက် မကယ်နိုင်ဘဲ လက်လွှတ်ခဲ့ရပါတယ်။ ရဲတွေက သေမှုသေခင်းအတွက် စုံစမ်းမှုတွေ ဆက်လက် ပြုလုပ်တဲ့ အခါကျမှ ကလေးငယ်ရဲ့ တခြား မွေးချင်း မောင်နှမတွေက သေနတ် ခလုတ် ဆွဲခဲ့သူဟာ ၂ နှစ်သားလေး ဖြစ်တယ်ဆိုတာ ထွက်ဆိုခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးက မတော်တဆ သေနတ်နဲ့ ပစ်မိတာကြောင့် ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း သိရပါတယ်။

ဖလော်ရီဒါ ပြည်နယ်မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ပစ်ခတ်မှု တစ်ခု ဖြစ်ပွားကြောင်း ဖုန်းခေါ်ဆို တိုင်ကြားမှု တစ်ခုကို ရဲတပ်ဖွဲ့က လက်ခံ ရရှိခဲ့ပါတယ်။ တိုင်ကြားသူက မာရီ အေယာလာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူ့ခင်ပွန်း ရက်ဂျီ မာဘရီဟာ ကိုယ့်ကိုယ်ကိုယ် မတော်တဆ သေနတ်နဲ့ ပစ်မိတယ်လို့ သူက ရဲတွေကို ပြောပြခဲ့ပါတယ်။

မာဘရီကို ဆေးရုံ အမြန်ဆုံး တင်ပို့ခဲ့ပေမယ့် အသက် မကယ်နိုင်ဘဲ လက်လွှတ်ခဲ့ရပါတယ်။ ရဲတွေက သေမှုသေခင်းအတွက် စုံစမ်းမှုတွေ ဆက်လက် ပြုလုပ်တဲ့ အခါကျမှ ကလေးငယ်ရဲ့ တခြား မွေးချင်း မောင်နှမတွေက သေနတ် ခလုတ် ဆွဲခဲ့သူဟာ ၂ နှစ်သားလေး ဖြစ်တယ်ဆိုတာ ထွက်ဆိုခဲ့ကြပါတယ်။

ကလေးရဲ့ မိဘတွေက သေနတ်ကို လုံခြုံရေးခလုတ် မပိတ်ဘဲ ပစ်ခတ်ဖို့ အသင့် အနေအထားမျိုး ထားထားကြတာလို့ ရဲတွေက ဆိုပါတယ်။ မာဘရီက သေနတ်ကို အိတ်တစ်လုံးထဲ ထည့်ပြီး ကြမ်းပြင်ပေါ်မှာ မတော်တဆ ချထားမိခဲ့ပါတယ်။ နောက်တော့ ဖခင်ဖြစ်သူက ကွန်ပျူတာနဲ့ ဂိမ်းကစားနေတုန်း ကလေးငယ်က သေနတ်ကို တွေ့သွားပြီး ယူလာခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှု ဖြစ်ချိန်က မိသားစုဝင် ၅ ဦးစလုံး အခန်းထဲမှာ ရှိနေခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ကလေးတွေရဲ့ မိဘနှစ်ဦးဟာ သားသမီးတွေအပေါ် လျစ်လျူရှုမှု၊ မူးယစ်ဆေး သုံးစွဲမှုတွေကြောင့် အရင်က အဖမ်းခံရဖူးပြီး ခံဝန်နဲ့ ပြန်လွတ်နေကြတာလို့ သိရပါတယ်။

သေနတ် ပိုင်ရှင်တွေဟာ ကိုယ့်သေနတ်ကို ပေါ့ပေါ့ဆဆလေး ထားလိုက်မိတာနဲ့ အခုလို ကြေကွဲစရာ ဖြစ်ရပ်ဆိုးတွေ မတော်တဆ ကြုံသွားနိုင်တာကို သတိပြုသင့်ကြောင်း ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးတွေဟာ အမေရိကန်အတွက် သိပ်ပြီး စိမ်းလှတဲ့ အခြေအနေတွေလည်း မဟုတ်ပြန်ပါဘူး။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးဟာ Paw Patrol ကာတွန်းပုံ ကျောပိုးအိတ်ထဲက သေနတ် တစ်လက်ကို ရှာတွေ့သွားတဲ့နောက် ဗီဒီယိုကနေ အစည်းအဝေး လုပ်နေတဲ့ မိခင်ဖြစ်သူကို ခေါင်းတည့်တည့် ကျည်ဆန်မှန်ပြီး သေအောင် ပစ်ခဲ့မိဖူးပါတယ်။

လတ်တလော အမေရိကန်မှာ သေနတ်ကိုင် ရမ်းကား တိုက်ခိုက်တဲ့ မှုခင်းတွေအကြောင်း လူပြောများနေပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်း စူပါမားကက်၊ စာသင်ကျောင်းနဲ့ တခြားနေရာတွေမှာ သီးခြား ဝင်ရောက် ပစ်ခတ်မှုတွေကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။