Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အိန္ဒိယမှာ စစ်မှုထမ်း ဥပဒေသစ် မူကြမ်းကို မကျေနပ်လို့ ဆန္ဒပြရာက ဘတ်စ်ကားတွေ၊ ရထားတွေပါ မီးရှို့ခံရ

တီလာဂါနာမှာ ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ အဲဒီမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် လူသေရတဲ့ အကြောင်းရင်းက ကျည်ဆန် ထိမှန်လို့ ဟုတ်မဟုတ် ဆိုတာတော့ မကွဲပြားပါဘူး။

အိန္ဒိယ နိုင်ငံမှာ အငြင်းပွားဖွယ် စစ်မှုထမ်း ငှားရမ်းမှု ဥပဒေသစ် မူကြမ်းကို မကျေမနပ် ဆန္ဒပြကြရာက ဘတ်စ်ကားတွေ၊ မီးရထားတွေပါ မီးတင်ရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

အက်ဂ်နီပက်သ်လို့ခေါ်တဲ့ ဥပဒေသစ်ကို မကျေနပ်သူတွေက အိန္ဒိယရဲ့ ပြည်နယ်တချို့မှာ ဆန္ဒပြကြရာက ရဲတွေနဲ့ ပဋိပက္ခဖြစ်ပြီး ဆူပူ သောင်းကျန်းမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဘီဟာနဲ့ အူတာ ပရာဒက်ရှ် ပြည်နယ်တွေမှာတော့ ရထားတွဲပေါင်း တစ်ဒါဇင် ဝန်းကျင်လောက် မီးရှို့ ဖျက်ဆီး ခံရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တီလာဂါနာမှာ ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ အဲဒီမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် လူသေရတဲ့ အကြောင်းရင်းက ကျည်ဆန် ထိမှန်လို့ ဟုတ်မဟုတ် ဆိုတာတော့ မကွဲပြားပါဘူး။

အက်ဂ်နီပက်သ် ဆိုတာက အနာဂတ်မှာ အိန္ဒိယ လေတပ်၊ ရေတပ်၊ ကြည်းတပ်အတွက် အမှုထမ်းတွေကို ၄ နှစ် စာချုပ်နဲ့ အငှားခေါ်ယူ ခန့်အပ်မယ့် အစီအစဉ်ကို အဆိုပြုထားတာ ဖြစ်ပါတယ်။ ဒီဥပဒေ မူကြမ်းကို အိန္ဒိယက စစ်မှုထမ်း လျှောက်ထားဖို့ ရည်ရွယ်ထားတဲ့ လူငယ်အများစုက မနှစ်မြို့ကြပါဘူး။

Public Service Announcement

Public Service Announcement

အိန္ဒိယမှာ စစ်မှုထမ်းတဲ့အခါ အလုပ်အကိုင်အရ ဂုဏ်ရှိသလို ရေရှည် ဝင်ငွေအတွက် အာမခံချက် ပေးနိုင်တဲ့ အလုပ်မျိုး ဖြစ်တယ်လို့ ယူဆကြပါတယ်။ ပြီးတော့ အငြိမ်းစား ယူလိုက်ရင်လည်း ပင်စင် ခံစားခွင့်တွေ ရနိုင်ပါတယ်။ အက်ဂ်နီပက်သ်ကြောင့် အဲဒီ အခြေခံ ရပိုင်ခွင့်တွေ အားလုံးကို ဆုံးရှုံးရလိမ့်မယ်လို့ လူငယ်တွေက ယူဆကြပါတယ်။

ဆန္ဒပြသူတွေက ရထားတွဲတွေကို မီးရှို့တဲ့အပြင် အေရာနဲ့ လက်ခီဆာရိုင်တို့နားက ဘီဟီရာ ဘူတာတဝိုက်မှာ ရထားလမ်းတွေကိုလည်း ပိတ်ဆို့ခဲ့ပါသေးတယ်။ ဆန္ဒပြသူတွေက အစိုးရဟာ စစ်မှုထမ်း လုပ်ခလစာတွေကို လျှော့ချဖို့အတွက် လူလည်ကျတဲ့ အနေနဲ့ ဒီဥပဒေ မူကြမ်းကို အသက်သွင်းချင်နေတာလို့ စွပ်စွဲကြပါတယ်။

အစိုးရကတော့ ဒါဟာ စစ်တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှု အစီအမံ တစ်ရပ်လို့သာ ယူဆသင့်ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။ အက်ဂ်နီပက်သ်အရ အသက် ၁၇ နှစ်ခွဲကနေ ၂၁ နှစ်ကြား လူငယ်တွေဟာ စစ်တပ်ထဲ ဝင်ရောက်ရင် ၄ နှစ် စာချုပ်နဲ့ အရင်ဆုံး ခန့်အပ် ခံရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ၄ ပုံ ၁ ပုံကိုပဲ ၄ နှစ် သက်တမ်း လွန်မြောက်ချိန်ထိ အမြဲတမ်း စစ်မှုထမ်းအဖြစ် ဆက်လက် ခန့်ထားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။