Connect with us

Hi, what are you looking for?

ဗီဒီယို

အိန္ဒိယမှာ စစ်မှုထမ်း ဥပဒေသစ် မူကြမ်းကို မကျေနပ်လို့ ဆန္ဒပြရာက ဘတ်စ်ကားတွေ၊ ရထားတွေပါ မီးရှို့ခံရ

တီလာဂါနာမှာ ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ အဲဒီမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် လူသေရတဲ့ အကြောင်းရင်းက ကျည်ဆန် ထိမှန်လို့ ဟုတ်မဟုတ် ဆိုတာတော့ မကွဲပြားပါဘူး။

အိန္ဒိယ နိုင်ငံမှာ အငြင်းပွားဖွယ် စစ်မှုထမ်း ငှားရမ်းမှု ဥပဒေသစ် မူကြမ်းကို မကျေမနပ် ဆန္ဒပြကြရာက ဘတ်စ်ကားတွေ၊ မီးရထားတွေပါ မီးတင်ရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

အက်ဂ်နီပက်သ်လို့ခေါ်တဲ့ ဥပဒေသစ်ကို မကျေနပ်သူတွေက အိန္ဒိယရဲ့ ပြည်နယ်တချို့မှာ ဆန္ဒပြကြရာက ရဲတွေနဲ့ ပဋိပက္ခဖြစ်ပြီး ဆူပူ သောင်းကျန်းမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဘီဟာနဲ့ အူတာ ပရာဒက်ရှ် ပြည်နယ်တွေမှာတော့ ရထားတွဲပေါင်း တစ်ဒါဇင် ဝန်းကျင်လောက် မီးရှို့ ဖျက်ဆီး ခံရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တီလာဂါနာမှာ ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ အဲဒီမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် လူသေရတဲ့ အကြောင်းရင်းက ကျည်ဆန် ထိမှန်လို့ ဟုတ်မဟုတ် ဆိုတာတော့ မကွဲပြားပါဘူး။

အက်ဂ်နီပက်သ် ဆိုတာက အနာဂတ်မှာ အိန္ဒိယ လေတပ်၊ ရေတပ်၊ ကြည်းတပ်အတွက် အမှုထမ်းတွေကို ၄ နှစ် စာချုပ်နဲ့ အငှားခေါ်ယူ ခန့်အပ်မယ့် အစီအစဉ်ကို အဆိုပြုထားတာ ဖြစ်ပါတယ်။ ဒီဥပဒေ မူကြမ်းကို အိန္ဒိယက စစ်မှုထမ်း လျှောက်ထားဖို့ ရည်ရွယ်ထားတဲ့ လူငယ်အများစုက မနှစ်မြို့ကြပါဘူး။

Public Service Announcement

Public Service Announcement

အိန္ဒိယမှာ စစ်မှုထမ်းတဲ့အခါ အလုပ်အကိုင်အရ ဂုဏ်ရှိသလို ရေရှည် ဝင်ငွေအတွက် အာမခံချက် ပေးနိုင်တဲ့ အလုပ်မျိုး ဖြစ်တယ်လို့ ယူဆကြပါတယ်။ ပြီးတော့ အငြိမ်းစား ယူလိုက်ရင်လည်း ပင်စင် ခံစားခွင့်တွေ ရနိုင်ပါတယ်။ အက်ဂ်နီပက်သ်ကြောင့် အဲဒီ အခြေခံ ရပိုင်ခွင့်တွေ အားလုံးကို ဆုံးရှုံးရလိမ့်မယ်လို့ လူငယ်တွေက ယူဆကြပါတယ်။

ဆန္ဒပြသူတွေက ရထားတွဲတွေကို မီးရှို့တဲ့အပြင် အေရာနဲ့ လက်ခီဆာရိုင်တို့နားက ဘီဟီရာ ဘူတာတဝိုက်မှာ ရထားလမ်းတွေကိုလည်း ပိတ်ဆို့ခဲ့ပါသေးတယ်။ ဆန္ဒပြသူတွေက အစိုးရဟာ စစ်မှုထမ်း လုပ်ခလစာတွေကို လျှော့ချဖို့အတွက် လူလည်ကျတဲ့ အနေနဲ့ ဒီဥပဒေ မူကြမ်းကို အသက်သွင်းချင်နေတာလို့ စွပ်စွဲကြပါတယ်။

အစိုးရကတော့ ဒါဟာ စစ်တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှု အစီအမံ တစ်ရပ်လို့သာ ယူဆသင့်ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။ အက်ဂ်နီပက်သ်အရ အသက် ၁၇ နှစ်ခွဲကနေ ၂၁ နှစ်ကြား လူငယ်တွေဟာ စစ်တပ်ထဲ ဝင်ရောက်ရင် ၄ နှစ် စာချုပ်နဲ့ အရင်ဆုံး ခန့်အပ် ခံရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ၄ ပုံ ၁ ပုံကိုပဲ ၄ နှစ် သက်တမ်း လွန်မြောက်ချိန်ထိ အမြဲတမ်း စစ်မှုထမ်းအဖြစ် ဆက်လက် ခန့်ထားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။