Connect with us

Hi, what are you looking for?

ဗီဒီယို

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲဝင်မယ့်သူ ဘာကြောင့် အရမ်းများသလဲ

ရန်ကုန်ပညာရေးတက္ကသိုလ် မှာ လျှောက်လွှာရောင်းချပေးတာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီ လောက်မှာ လာရောက်တန်းစီသူ ဦးရေ ငါးထောင်လောက်ရှိလာကာ လူစုလူဝေး ဖြစ်လာ လို့ လျှောက်လွှာရောင်းတာကို ရပ်ဆိုင်းလိုက်ရတယ်လို့ စာမေးပွဲကျင်းပရေးကော်မတီက ဆိုထားပါတယ်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 Level အတွက် လျှောက်လွှာတွေကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မှာစတင်ရောင်းချရာ လာရောက်ဝယ်ယူသူများတာကြောင့် လျှောက်လွှာရောင်းချတာကို ရပ်ဆိုင်းလိုက်ရတယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ ထုတ်ပြန်လာပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် မှာ လျှောက်လွှာရောင်းချပေးတာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီ လောက်မှာ လာရောက်တန်းစီသူ ဦးရေ ငါးထောင်လောက်ရှိလာကာ လူစုလူဝေး ဖြစ်လာ လို့ လျှောက်လွှာရောင်းတာကို ရပ်ဆိုင်းလိုက်ရတယ်လို့ စာမေးပွဲကျင်းပရေးကော်မတီက ဆိုထားပါတယ်။

လျှောက်လွှာတွေကို အွန်လိုင်းစနစ်နဲ့သာ လက်ခံသွားတော့မှာဖြစ်ပြီး အသေးစိတ်ကို ထပ်မံကြေညာမယ်လို့လည်း ဒီနေ့မနက်ပိုင်း အသိပေးထားတာတွေ့ရပါတယ်။

ဒီနှစ်အတွက် JLPT စာမေးပွဲကို ရန်ကုန်နဲ့မန္တလေးမှာ လာမယ့်ဒီဇင်ဘာလအတွင်း ကျင်းပမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

JLPT စာမေးပွဲဟာ ဂျပန်နိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်မယ့် လူငယ်တွေအတွက် အရေးကြီးပြီး အနိမ့်ဆုံး N4 အောင်ထားရင် သွားရောက်အလုပ်လုပ်ကိုင်လို့ရတဲ့အခြေအနေရှိနေတာပါ။

“စာမေးပွဲအောင်ထားရင် အလုပ်အကိုအခွင့်အလမ်းကောင်းတာကိုး။ N4 အောင်တာနဲ့သွားရင်ကို မြန်မာငွေ သိန်း ၂၀ လောက်ရကြတယ်။ နောက်ပိုင်း Work Visa ဖြစ်သွားရင် တစ်လ သိန်း ၃၀ လောက်ရတယ်” လို့ ဂျပန်စာသင်ကြားနေတယ် ဆရာမတစ်ဦးက ပြောပါတယ်။

ဂျပန်ဘက်ကအလုပ်ခေါ်စာတော်တော်များများမှာလည်း JLPT ကိုပဲဦးစားပေးတောင်းနေတာမို့ လူငယ်တွေ အခုလိုဒုက္ခခံဖြေဆိုနေကြတာလည်းဖြစ်တယ်လို့ ဆရာမက ပြောပါတယ်။

ဒါကြောင့်ဒီနေ့ N4 Level အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်မှာ လျှောက်လွှာတွေ စတင်ရောင်းချရာ တန်းစီးဝယ်ယူသူများပြားပြီး ရုတ်ရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

လျှောက်လွှာကို မနက် ၉ နာရီမှာစတင်ရောင်းချမှာဖြစ်ပြီး ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ထားပေမယ့် မနက် ၂ နာရီလောက်ကပြီး လျှောက်လွှာရဖို့အတွက် မိုးရေထဲမှာ လူငယ်တွေဟာ ပြေးလွှာတန်းစီနေခဲ့ကြပါတယ်။

လူငယ်တွေ အများအပြားတန်းစီနေကြတာကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်အချို့လည်း လူမှုကွန်ရက်မှာ ပျံ့နှံနေပါတယ်။

မိုးထဲရေထဲ နာရီနဲ့ချီပြီးတန်စီးခဲ့ကြပေမယ့် လူစုလူဝေးဖြစ်လာလို့ဆိုပြီး မနက် ၆ နာရီလောက်မှာ စာမေးပွဲကျင်းပရေးကော်မတီက လျှောက်လွှာတွေကို အွန်လိုင်းကပဲရောင်းချတော့မယ်လို့ ရုတ်တရက် ထ ကြေညာခဲ့တာပါ။

တညလုံးနီးပါးတန်စီခဲ့ပြီး မနက်ရောက်မှ လျှောက်လွှာမရောင်းတော့ဘူးဆိုတဲ့ အခြေအနေကို ကြုံခဲ့ရအတွက် စာမေးပွဲကျင်းပရေးကော်မတီကို ဝေဖန်ပြစ်တင်တာတွေရှိနေပါတယ်။

JLPT စာမေးပွဲဟာ နှစ်စဉ် ဖြေဆိုသူများပြားလေ့ရှိတာကြောင့် အတွေ့အကြုံရှိထားတဲ့ စာမေးပွဲကျင်းပရေးကော်မတီဟာ ဒီနှစ်အတွက် စီစဉ်မှုအင်မတန် ညံဖျင်းတယ်လို့ လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးလည်းရှိလာပါတယ်။

JLPT အတွက် လျှောက်လွှာကြေးဟာ တစ်စောင်ကို သုံးထောင်ကျပ်ကျသင့်မှာဖြစ်ပြီး စာမေးပွဲကြေးကတော့ N 1 ကနေ N3 အထိလေးသောင်းကျပ်ဖြစ်ကာ N4 နဲ့ N5 က သုံးသောင်းခွဲကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။

ရန်ကုန်အတွက် N4 လျှောက်လွှာအစောင်ရေ ၁၉၄၉၈ စောင်ကို သြဂုတ်လ ၅ ရက်နေ သြဂုတ်လ ၁၀ ရက်အထိ ရောင်းချပေးမှာဖြစ်တယ်လို့စာမေးပွဲကျင်းပရေးကော်မတီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသွားတာကြောင့် လူငယ်လူရွယ်တွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကိုင်ကြတော့ပါတယ်။

ဂျပန်နိုင်ငံကိုတော့ အသက် ၃၀ အောက် လူငယ်တွေအများဆုံးသွားရောက်လုပ်ကိုင်ကြပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့စာရင်းအရ ဒီနှစ်မတ်လကနေ မေလအထိ သုံးလတာကာလအတွင်း ဂျပန်ကိုထွက်ခွာသွားတဲ့ မြန်မာလုပ်သားဟာ ငါးထောင်ကျော်ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။