Connect with us

Hi, what are you looking for?

ဗီဒီယို

ကျောင်းဆရာမနှစ်ဦးတံတားပေါ်က ခုန်ချအဆုံးစီရင်

ဆရာမနှစ်ဦးဟာ သူတို့ခုန်ချမယ့် တံတားအထိမောင်းလာခဲ့တဲ့ ကားပေါ်မှာ သူတို့ကလေးတွေအတွက် နှုတ်ဆက်အမှာစာနှစ်စောင်ကို ရေးသွားခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ ကျောင်းဆရာမနှစ်ဦး တံတားပေါ်ကခုန်ချအဆုံးစီရင်သွားပြီးတော့ မိသားစုအတွက် စာနှစ်စောင်ရေးချန်ခဲ့တယ်လို့ ဘန်ကေက်ပို့စ်သတင်းက ဆိုပါတယ်။

သြဂုတ် ၁၆ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံအရှေ့ပိုင်း Trat ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်မှာ ဆိုင်ကယ်နဲ့အနီးနားကိုရောက်နေတဲ့အမျိုးသားက တံတားမှာ အမျိုးသမီးနှစ်ကိုဖျက်ကနဲတွေခဲ့ပြီးတဲ့နောက် ရေထဲကို တစ်ခုခုပြုတ်ကျတဲ့အ၏အသံမျိုးကြားရတယ်လို့ဆိုပါတယ်။ သူ ဆိုင်ကယ်ကိုချက်ချင်းပြန်လှည့်ကြည့်ချိန်မှာ တံတားပေါ်မှာ ဖိနပ်လေးတွပဲ ကျန်ခဲ့တော့တယ်လို့ ပြောပါတယ်။

ရေထဲကိုခုန်ချသွားတဲ့ ဆရာမနှစ်ဦးအနက်တစ်ဦးက ၄၅ နှစ်အရွယ်ဖြစ်ပြီးနောက်တစ်ဦးကတော့ အငြိမ်းစားယူထားတဲ့ အသက် ၆၁ နှစ်အရွယ် ဆရာမတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အမျိုးရင်းချာဖြစ်တယ်လို့လည်း ရဲသတင်းရင်းမြစ်က ပြောပါတယ်။

ဆရာမနှစ်ဦးဟာ သူတို့ခုန်ချမယ့် တံတားအထိမောင်းလာခဲ့တဲ့ ကားပေါ်မှာ သူတို့ကလေးတွေအတွက် နှုတ်ဆက်အမှာစာနှစ်စောင်ကို ရေးသွားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အသက် ၄၅ နှစ်အရွယ်ရှိ မစ္စ Paweena က သူ့ကလေးတွေကို ရေးထားခဲ့တဲ့စာထဲမှာ အခုလိုအဆုံးစီရင်ခဲ့တဲ့အပေါ်တောင်းပန်ကြောင်းနဲ့ သူငွေချေးယူထားသူတွေကိုလည်းတောင်းပန်ကြောင်းရေးထားခဲ့ပါတယ်။ စာထဲမှာ သူငွေကြေးအကြပ်အတည်းဖြစ်သွားရတာက အလိမ်ခံရတာကြောင့်လို့လည်း ရေးထားပါသေးတယ်။

ပြီးတော့လည်း မစ္စ Paweena မြေပေါင်နှံထားခဲ့သူကို သူ့သား ၃ ယောက်ထံ အရစ်ကျနဲ့မြေပြန်ပေးပေးဖို့တောင်းပန်စာရေးထားပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စ Lakkhana ကတော့ သူ့ကလေးနှစ်ယောက်ဆီကိုရေးတဲ့စာမှာ မိသားစုနဲ့အတူဆက်မရှိနိုင်တော့တဲ့အတွက် တောင်းပန်ကြောင်းရေးသားထားပါတယ်။

မစ္စ Paweena သားဖြစ်သူက သူတို့မိခင်ခုန်ချသွာတယ်ဆိုတဲ့တံတားဆီရောက်လာပြီးတော့ သူတို့သားအမိက အဲဒီနေ့မနက်ပိုင်းသူ့မိခင်အိမ်ကထွက်မသွားခင်အချိန်အထိ ပုံမှန်အတိုင်းစကားအေးအေးဆေးဆေးပြောနေခဲ့တယ်လို့ ပြောပါတယ်။

မနက် ၉ နာရီလောက်မှာတော့ ဖျားနေတဲ့သားဖြစ်သူဆီဖုန်းဆက်လာပြီး ဆေးခန်းသွားဖို့မမေ့ဖို့ လှမ်းပြောခဲ့တယ်လို့ဆိုပါတယ်။

ရှာဖွေရေးအဖွဲ့တွေကတော့ လှေတွေနဲ့ ရှာနေကြဆဲဖြစ်ပြီး ညနေပိုင်းအထိ ဆရာမနှစ်ဦးရဲ့အလောင်းတွေကို မတွေ့သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။