Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အငတ်ဘေးကြုံနေတဲ့ ဆွေမျိုးသားချင်းတွေကို မကူညီနိုင်လို့ စိတ်ထိခိုက်နေတဲ့ WHO အကြီးအကဲ

အာဖရိကတိုက်ရဲ့ လူဦးရေ ဒုတိယ အထူထပ်ဆုံး နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းက ပြည်တွင်းစစ် အစပြုခဲ့ပြီး လူပေါင်းထောင်နဲ့ချီ သေကြေ ပျက်စီးခဲ့ပါတယ်။

သူ့ရဲ့ ဆွေမျိုးသားချင်းတွေ အငတ်ဘေး ကြုံနေတာကိုတောင် ဘာမှ မကူညီနိုင်ဘဲ လက်မှိုင်ချနေရတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ညည်းညူ ပြောဆိုသွားခဲ့ပါတယ်။

သူ့ရဲ့ ဇာတိဒေသဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံ၊ တီဂရေး ဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ အမြောက်အမြား ပိတ်မိနေကြပါတယ်။ စစ်ဒဏ်ကြောင့် ဒေသတွင်းမှာ အဖက်ဖက်က ကျပ်တည်းလာနေသလို အငတ်ဘေးတွေနဲ့ပါ ကြုံနေရပါတယ်။

WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က သူဟာ တီဂရေးမှာ ရှိနေတဲ့ ဆွေမျိုးသားချင်းတွေကို ငွေကြေး ထောက်ပံ့ ပေးပို့ချင်ပေမယ့် အဆက်အသွယ်တောင် လုပ်လို့ မရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

အီသီယိုးပီးယားရဲ့ ဗဟိုအစိုးရနဲ့ တီဂရေး ပြည်နယ် အစိုးရတို့ကြား တင်းမာတဲ့ သဘောထား ကွဲလွဲမှုတွေကနေ ပြည်တွင်းစစ် အစပြုခဲ့တာ ဖြစ်ပါတယ်။ တီဂရေးမှာ ဒေသခံ ပြည်သူ ၆ သန်းလောက် ပိတ်မိနေပြီး အဲဒီထဲမှာ သူချစ်မြတ်နိုးတဲ့ ဆွေမျိုးသားချင်းတွေ ပါဝင်တယ်လို့ ဒေါက်တာ တက်ဒ်ရော့စ်က ဆိုပါတယ်။ ပြီးတော့ တချို့တွေ သေသလား၊ ရှင်သလား ဆိုတာတောင် သတင်းမရဘူးလို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

WHOရဲ့ အကြီးအကဲဟာ တီဂရေးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ လျစ်လျူရှုထားမှုတွေအပေါ် ဝေဖန်ဖူးပေမယ့် အခုတစ်ကြိမ်ကတော့ ပုဂ္ဂိုလ်ရေး ခံစားချက် တချို့ကိုပါ ပထမဆုံးအကြိမ် ရင်ဖွင့်လာတာ ဖြစ်ပါတယ်။ တီဂရေးမှာ သူ့ရဲ့ ဆွေမျိုးတွေ အများကြီး ရှိနေကြောင်း၊ သူတို့ကို ပိုက်ဆံပို့ပေးချင်ပေမယ့် ပို့လို့ မရကြောင်း၊ သူ့ဆွေမျိုးတွေ ငတ်ပြတ်နေမှန်း သိပေမယ့် ဘာမှ ကူညီပေးလို့ မရတဲ့ ခံစားချက်ကြီးက ဆိုးရွားလွန်းကြောင်း ဒေါက်တာ တက်ဒ်ရော့စ်က WHOရဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

တီဂရေး ဒေသဟာ လုံးဝဥဿုံ ဝန်းရံပိတ်ဆို့ ခံထားရပြီး ဆွေမျိုးတွေနဲ့ အဆက်အသွယ် လုပ်လို့ မရကြောင်း၊ သူတို့ အသက်ရှင်နေကြသေးရဲ့လား ဆိုတာတောင် မသိနိုင်ကြောင်းလည်း သူက ဖွင့်ဟသွားခဲ့ပါတယ်။

ဒေါက်တာ တက်ဒ်ရော့စ်ဟာ တီဂရေး ပြည်နယ်မှာ အဓိက နေထိုင်တဲ့ တီဂရေးယန်းအနွယ် တိုင်းရင်းသား တစ်ဦးပါ။ သူက တီဂရေး စစ်ပွဲနဲ့ ပတ်သက်လို့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် မငြင်းခုံလိုပဲ ပြည်သူတွေရဲ့ အကျပ်အတည်း အကြောင်းကိုသာ အဓိကထား စဉ်းစားမယ်လို့ ဒေါက်တာ တက်ဒ်ရော့စ်က မှတ်ချက် ပေးခဲ့ဖူးပါတယ်။ အခုအခြေအနေမှာ လူပေါင်း ၆ သန်းလောက်ဟာ သီးသန့်ရွေးချယ် ပစ်မှတ်ထားပြီး ဒဏ်ပေးခံရ၊ ဖိနှိပ်ခံရသလို ဖြစ်နေပြီး ဒီအကြောင်းကို ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာ အလေးထား ဆွေးနွေးနေတာ ကြားမိသလဲလို့လည်း သူက မေးခွန်းထုတ်သွားခဲ့ပါတယ်။

အာဖရိကတိုက်ရဲ့ လူဦးရေ ဒုတိယ အထူထပ်ဆုံး နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတုန်းက ပြည်တွင်းစစ် အစပြုခဲ့ပြီး လူပေါင်းထောင်နဲ့ချီ သေကြေ ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

သတင်း

ယခုကဲ့သို့ နိုင်ငံတော် အကြီးအကဲများ စုစည်းပြီး ဒေသအသီးသီးရှိ တော်လှန်ရေး ရဲဘော်များနှင့် တွေ့ဆုံခြင်းမှာ ယခုအချိန်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။