Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာ့အရေး ဆွေးနွေးငြင်းခုံမှုတွေနဲ့အတူ ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေး စတင်

မြန်မာစစ်တပ်အပေါ်ဖိအားတွေကတော့ ဆက်လက်ကြီးထွားနေဆဲပါ။ ဖြစ်တောင့်ဖြစ်ခဲလုပ်ဆောင်မှုအဖြစ် ပြီးခဲ့ တဲ့ သောကြာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာနိုင်ငံကို စစ်လက်နက် မစီးဝင်ဖို့ အဆိုတစ်ရပ်ကို ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီနေ့(ဇွန် ၂၁ ရက်)မှာ စတင် လိုက်ပြီး မြန်မာနိုင်ငံကိုယ်စားပြုမှုအရေးဟာလည်း ချက်ချင်းပါဝင်လာခဲ့ပါတယ်။
သီတင်းပတ် သုံးပတ်ခွဲကြာမြင့်မယ့် လူ့အခွင့်အရေးကောင်စီရဲ့ အခုအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားလှယ် မပါဝင်နိုင်သည့်တိုင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအကြောင်း ဆွေးနွေးငြင်းခုံပွဲ နှစ်ခုပါဝင်မယ်လို့ အနောက်နိုင်ငံတွေက ပြောပါတယ်။

ဒါပေမဲ့ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလားတို့ကတော့ မြန်မာကိုယ်စားလှယ် ပါဝင်သင့်တယ်လို့ ဆိုကြပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က တရုတ်၊ မက္ကဆီကို၊ ရုရှား၊ သီရိလင်္ကာ နဲ့ အီသီယိုပီးယားရဲ့ တီဂရေဒေသတို့လို နေရာတွေက လူ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းပြောဆိုခဲ့ပါ တယ်။

ဒါ့အပြင် မဟာမင်းကြီးက အခုအစည်းအဝေးကာလမှာ ယူကရိန်း၊ နီကာရာဂွာ၊ အီရန်တို့လို နေရာတွေက အခြားသော အခွင့်အရေးကိစ္စရပ်တွေနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရဲ့ သံအမတ်ကြီး ထွက်ခွာသွားချိန်ကစလို့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံကိုယ်စားပြုမှုမရှိတော့တာပါ။ ကုလသမဂ္ဂအထွေထွေညီ လာခံရဲ့ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credentials committee) ဟာ မြန်မာ နိုင်ငံကိုယ်စားပြုမှုကို ဘယ်သူ့ကို ပေးမလဲဆိုတာ ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။ (အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ မြန်မာပြည်သူလူထု ထောက်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထဲက ဘယ်သူ့ကို ကိုယ်စားပြုမှုပေးမလဲဆိုတာ Credentials committee က ဆုံးဖြတ်သွားမှာပါ။)

“သက်ဆိုင်ရာနိုင်ငံကို ကျွန်တော်တို့ ဖယ်ထုတ်ထားမယ်ဆိုရင် ဒါဟာ မျှတမှုမရှိပါဘူး” လို့ တရုတ်သံတမန် Chen Xu က ပြောပါတယ်။
သူဟာ မြန်မာအရေးဆွေးနွေးငြင်းခုံပွဲတွေကို စက်တင်ဘာမှာ ကျင်းပမယ့် ကောင်စီရဲ့ နောက်တစ်ကြိမ်အစည်းအဝေးမတိုင်ခင်အထိ ရွှေ့ဆိုင်းထားဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့် အနောက်နိုင်ငံ သံတမန်တွေကတော့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေကို အရေးပေါ်၊ အလေးထားဖြေရှင်းရမယ်လို့ အခိုင်အမာဆိုပါတယ်။

Public Service Announcement

Public Service Announcement

သိပ်မကြာသေးခင်ကမှ အသေအကြေဖြိုခွင်းမှုကို ရင်ဆိုင်ခဲ့ရတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လူနည်းစု မူဆလင်ရိုဟင်ဂျာတွေခံစားခဲ့ရတာမျိုး စတဲ့ လူ့အခွင့်အရေးအကြမ်းဖက်ခြင်းတွေအပေါ် စွပ်စွဲခံထားရတာဖြစ်ပါတယ်။
“အရင်က အပေါ်ပေါက်ဖူးတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ကိုယ်တွယ်ဖြေရှင်းနေရတယ်ဆိုတာ ကျွန် တော်တို့ လက်ခံပါတယ်” လို့ ဗြိတိန်၏ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသံအမတ် Rita French က ပြောပါတယ်။

“မကြာသေးခင်လများအတွင်းကပဲ ဆွေးနွေးငြင်းခုံပွဲနှစ်ခု ဘာကြောင့်ဖြစ်ရသလဲဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအကျပ်အတည်းဖြစ်နေလို့ပါပဲ” လို့ Rita French က ဆက်ပြောပါတယ်။
သံတမန်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံပွဲနှစ်ခုပါဝင်တဲ့ ကောင်စီရဲ့အစီအစဉ်ကို ဆက်လက် ထားရှိဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ ကောင်စီဥက္ကဌ ဖီဂျီသံအမတ်ကြီး Nazhat Shameem Khan က အစီအစဉ် အတိုင်းဆက်လက်လုပ်ဆောင်မလားဆိုတာကို အသိပေးမယ်လို့ ဆိုပြီး အစီအစဉ်တွေဟာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်တပ်အပေါ်ဖိအားတွေကတော့ ဆက်လက်ကြီးထွားနေဆဲပါ။ ဖြစ်တောင့်ဖြစ်ခဲလုပ်ဆောင်မှုအဖြစ် ပြီးခဲ့ တဲ့ သောကြာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာနိုင်ငံကို စစ်လက်နက် မစီးဝင်ဖို့ အဆိုတစ်ရပ်ကို ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။
အဲဒီအဆိုမှာ နိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်း ရေး ပြန်လည်အသက်သွင်းဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံရဲ့ ဘိန်းစိုက်ဧရိယာဟာ အခုနှစ်ထဲမှာ သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်တွင်းက မြန်မာ ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်ပြီး အိန္ဒိယက ကန့်ကွက် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်တော့မှာ မဟုတ်ကြောင်း မြောက်ကိုရီးယားက နိုင်ငံရဲ့ သဘောထားကို ကုလသမဂ္ဂမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲ တွန်းချခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။