Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသမီး အခွင့်အရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကို တာလီဘန်တွေ အင်အားသုံး ဟန့်တား

အမျိုးသမီး အများစု ပါဝင်တဲ့ လူစုလူဝေးက အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် ကဘူးလ်မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ကဘူးလ်မြို့တော်ထဲမှာ အမျိုးသမီးတွေ လှည့်လည် ဆန္ဒပြကြတဲ့ အစီအစဉ် တစ်ခုကို တာလီဘန်တွေက အင်အားသုံး တားဆီးခဲ့ကြကြောင်း သိရပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ တာလီဘန်တွေ တကျော့ပြန် ကြီးစိုးလာတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်တဲ့ အုပ်ချုပ်မှု ပုံစံတွေ ပြန်လည် ကျင့်သုံးလာမှာ စိုးရိမ်နေသူ အများအပြား ရှိပါတယ်။ စက်တင်ဘာ ၄ ရက်ကတော့ အမျိုးသမီး အများစု ပါဝင်တဲ့ လူစုလူဝေးက အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် ကဘူးလ်မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

နောက်တော့ တာလီဘန်တွေ ရောက်လာပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ရည်တွေ အသုံးပြု နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြတဲ့ အဖွဲ့ဟာ မြို့လယ် တံတားတစ်ခုနားမှာ လူစုပြီး သမ္မတ နန်းတော်ဆီ ချီတက်ဖို့ ရည်ရွယ်ထားတာပါ။ ကဘူးလ်က သမ္မတ နန်းတော်ကို တာလီဘန်တွေ သိမ်းပိုက်ထားပါတယ်။

အာဖဂန်က အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီး မကြာခင်မှာပဲ တစ်နိုင်ငံလုံးနီးပါးကို တာလီဘန်တွေက ပြန်လည် ထိန်းချုပ်ထားလိုက်ပါတယ်။ တာလီဘန်တွေဟာ အစွန်းရောက် ဘာသာရေး မူဝါဒတွေကို အခြေခံတဲ့ စည်းမျဉ်းတွေနဲ့ နိုင်ငံကို အုပ်ချုပ်လာဖွယ် ရှိနေပြီး လူ့အခွင့်အရေး ရှုထောင့်အရ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန် ကြီးစိုးမှုကို ဆန့်ကျင်ပြီး အမျိုးသမီးတွေ ပါဝင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ ကဘူးလ်နဲ့ တခြားမြို့ကြီးတွေမှာ ပေါ်ပေါက်လာပြီး တာလီဘန်တွေက သူတို့ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို စည်းကမ်းတကျ ထိန်းသိမ်း ခွင့်ပြုသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ အာဖဂန် အနှံမှာ တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေအကြောင်း သတင်းတွေ မျိုးစုံ ထွက်ပေါ်နေပါတယ်။

တာလီဘန်တွေက သူတို့ဖွဲ့စည်းတဲ့ အစိုးရသစ်မှာ အမျိုးသမီးတွေကို ထည့်သွင်း နေရာပေးသွားမယ်လို့ အာမခံထားပေမယ့် ဝန်ကြီးရာထူးမျိုးတော့ ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တာလီဘန်တွေ အာဖဂန်ကို နောက်ဆုံး အုပ်စိုးခဲ့တဲ့ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်းမှာ အာဖဂန် အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်တွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။

လတ်တလောမှာတော့ အာဖဂန်က တာလီဘန် ဆန့်ကျင်ရေး နောက်ဆုံးလက်ကျန် အမာခံ နယ်မြေဖြစ်တဲ့ နိုင်ငံမြောက်ပိုင်း၊ ပန်ဂျ်ရှား တောင်ကြားတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သိရပါတယ်။ တာလီဘန် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေက အပြင်းအထန် ကျားကုတ်ကျားခဲ ခုခံမှုကြောင့် တာလီဘန်တပ်တွေ ရှေ့တိုးဖို့ ခက်ခဲနေဆဲပါ။ ဒါပေမဲ့ တာလီဘန်တွေကတော့ သူတို့ဟာ တောင်ကြားတဝိုက်က နယ်မြေတွေကို တဖြည်းဖြည်းချင်းစီ တိုးချဲ့ပြီး ထိန်းချုပ်လာနိုင်နေပြီလို့ ကြွေးကြော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းသက်​သေပြဖို့ ​၊မြစ်ဆုံစီမံကိန်းချက်ချင်းရပ်ရန် ဆန္ဒထုတ်​ဖော်

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ပိုပြီး ဆိုးမလာခင် ကြားဝင် ညှိနှိုင်း တားဆီးပေးဖို့ အာရပ်နိုင်ငံ နှစ်ခုက အပူတပြင်း ကြိုးစားနေပါတယ်။