Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မှာ အသေအပျောက် ၁၀၀ ကျော်ထိ မြင့်တက်လာ

တစ်နာရီ ၁၉၅ ကီလိုမီတာ နှုန်းလောက်နဲ့ တိုက်ခတ်သွားတဲ့ မုန်တိုင်းကြီးအပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေက သူတို့ တွေ့ရမြင်ရသမျှတိုင်းဟာ အနိဋ္ဌာရုံ လွှမ်းမိုးနေတယ်လို့ ဖွင့်ဟကြပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ အင်အားပြင်း စူပါ တိုင်ဖွန်း မုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

ရိုင်လို့ခေါ်တဲ့ စူပါတိုင်ဖွန်း မုန်တိုင်းကြီးဟာ အရှေ့တောင် အာရှ ဒေသက ကျွန်းစုနိုင်ငံကို ဒီဇင်ဘာ ၁၆ ရက်က ဖြတ်သန်းသွားခဲ့တာပါ။ ဖိလစ်ပိုင် အရှေ့တောင်ပိုင်းက ကျွန်းငယ်တွေဟာ မုန်တိုင်းဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရပြီး လူပေါင်း ၃ သိန်းကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။

တစ်နာရီ ၁၉၅ ကီလိုမီတာ နှုန်းလောက်နဲ့ တိုက်ခတ်သွားတဲ့ မုန်တိုင်းကြီးအပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေက သူတို့ တွေ့ရမြင်ရသမျှတိုင်းဟာ အနိဋ္ဌာရုံ လွှမ်းမိုးနေတယ်လို့ ဖွင့်ဟကြပါတယ်။

အာဏာပိုင်တွေက မုန်တိုင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်လာပြီလို့ အတည်ပြုထားပြီး ပျက်စီး ဆုံးရှုံးမှု အတိုင်းအတာကို တိတိကျကျ တွက်ချက်ဖို့ ခက်ခဲနေဆဲလို့ ဝန်ခံထားပါတယ်။ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့တွေက ဆွစ်ဇာလန် ဖရန့်ငွေ သန်း ၂၀ လောက်ကို ဖိလစ်ပိုင်အတွက် အရေးပေါ် ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းကြောင့် နေအိမ်တွေပါ ပြိုလဲကုန်ပြီး နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေ အမြောက်အမြား ရှိခဲ့ကြောင်း သိရပါတယ်။ အခြေအနေ အဆိုးဆုံး ဒေသတွေမှာ ကယ်ဆယ်ရေးတွေ ပူးပေါင်း ဆောင်ရွက်ဖို့ စစ်သည် ထောင်နဲ့ချီ ဖြန့်ကျက်ပေးထားပြီး စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းတွေကလည်း ပါဝင် ကူညီပေးနေပါတယ်။

ဒီအတောအတွင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက မုန်တိုင်းဘေးသင့် ဧရိယာတွေကို ဝေဟင်ကနေ လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ ဒီနာဂတ် ကျွန်းစုရဲ့ အုပ်ချုပ်ရေးမှူး အာလင်း ဘက်ဂါအိုက သူတို့ဒေသဟာ ပြားပြားဝပ် ပြိုလဲ ပျက်စီးခဲ့ရပြီလို့ Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် ပျမ်းမျှ မုန်တိုင်းပေါင်း ၂၀ လောက် ဖြတ်သန်း တိုက်ခိုက်တာမျိုး ကြုံရလေ့ရှိတဲ့ နိုင်ငံပါ။ ၂၀၁၃ ခုနှစ်တုန်းက ဟိုင်ယန် တိုင်ဖွန်း မုန်တိုင်းကြီး တိုက်ခတ်ခဲ့ချိန်ကလည်း ဖိလစ်ပိုင်မှာ လူပေါင်း ၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။