Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ထောင်တွင်း ရန်ပွဲကြောင့် အကျဉ်းသား ၆ ဦးသေ

အဲဒီထောင်မှာ ကိုဗစ်ကပ်ရောဂါ စတင်လာချိန် ကတည်းက မိသားစုဝင်တွေကို ထောင်ဝင်ခွင့် ပိတ်ထားခြင်းကလည်း အကျဉ်းသားတွေရဲ့ စိတ်အခြေအနေကို ပိုပြီး ဆူဝေခက်ထန်နေစေလိမ့်မယ်လို့ လေ့လာသူ တချို့က သုံးသပ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ထောင်တွင်း ရန်ပွဲတွေ ဖြစ်ပွားပြီး အကျဉ်းသား ၆ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ကာလွန်ကန်မြို့က အကျဉ်းသားတွေ အများအပြား စုပြုံထားရှိရာ အကျဉ်းထောင်မှာ ဇန်နဝါရီ ၁၀ ရက်က ရန်ပွဲတွေ ပေါ်ပေါက်ခဲ့တာလို့ အကျဉ်းဦးစီး ဌာနက ထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ သီတင်းပတ်တချို့ အကြာမှာ ဒုတိယ အကြိမ်မြောက် ကြုံတွေ့ခဲ့ရတာပါ။

ထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ ဒုစရိုက်ဂိုဏ်း နှစ်ခုရဲ့ ပြိုင်ဘက် ဂိုဏ်းသားတွေကြား ရန်ပွဲ အစပြုခဲ့တာလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဇေဗီးယား ဆိုလ်ဒါက ပြောပါတယ်။ လောလောဆယ်တော့ ဖြစ်စဉ် အစပြုခဲ့တဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲပါ။ ပြီးတော့ အကျဉ်းသားတွေက လက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း စစ်ဆေးနေပါတယ်။ သေဆုံးသူ ဦးရေကို ၆ ဦးလို့ ကြေညာထားပြီး ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကာလွန်ကန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီထောင်မှာ ကိုဗစ်ကပ်ရောဂါ စတင်လာချိန် ကတည်းက မိသားစုဝင်တွေကို ထောင်ဝင်ခွင့် ပိတ်ထားခြင်းကလည်း အကျဉ်းသားတွေရဲ့ စိတ်အခြေအနေကို ပိုပြီး ဆူဝေခက်ထန်နေစေလိမ့်မယ်လို့ လေ့လာသူ တချို့က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ အကျဉ်းထောင်ရဲ့ အခြေအနေကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း ဆိုလ်ဒါက ပြောပါတယ်။ ဖိလစ်ပိုင်က အကျဉ်းထောင်တွေမှာ အကြမ်းပတမ်း ဖြစ်ရပ်တွေ ပေါ်ပေါက်လေ့ ရှိတာက သိပ်ပြီး မဆန်းတော့တဲ့ ကိစ္စမျိုးလို့ ဆိုနိုင်ပါတယ်။ တချို့ထောင်တွေဟာ သတ်မှတ် လူဦးရေထက် ၅ ဆလောက် ပိုများတဲ့ အကျဉ်းသားတွေကို တာဝန်ယူ ထိန်းသိမ်းထားရပြီး ပြဿနာတွေလည်း အရမ်းရှုပ်ပါတယ်။

အခု အခင်းဖြစ်ပွားတဲ့ အကျဉ်းထောင်မှာဆိုရင် အကျဉ်းသား ၂၀၀ လောက်သာ ဝင်ဆံ့အောင် တည်ဆောက်ထားပေမယ့် လက်တွေ့မှာ ၁၉၀၀ နီးပါးလောက်ကို ထိန်းသိမ်းထားရပါတယ်။ ဇန်နဝါရီ ၂ ရက်ကလည်း မနီလာမြို့က နယူး ဘီလီဘစ် အကျဉ်းထောင်မှာ ထောင်ဆူမှုတွေ ဖြစ်ခဲ့ရာက ၂ ဦးသေပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ထောင်တွေမှာ စည်းမျဉ်း တင်းကျပ်ထားပေမယ့် ထောင်သားတွေက ရန်ဖြစ်ပြီဆိုရင် လက်လုပ် ဓားသွားတွေ၊ အချွန်အတက်တွေနဲ့ တစ်ခါတလေ သေနတ်တွေကိုတောင် အသုံးပြုလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ ရှိပါတယ်။

နိုင်ငံတကာ

ရဲတွေက ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။