Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ထောင်တွင်း ရန်ပွဲကြောင့် အကျဉ်းသား ၆ ဦးသေ

အဲဒီထောင်မှာ ကိုဗစ်ကပ်ရောဂါ စတင်လာချိန် ကတည်းက မိသားစုဝင်တွေကို ထောင်ဝင်ခွင့် ပိတ်ထားခြင်းကလည်း အကျဉ်းသားတွေရဲ့ စိတ်အခြေအနေကို ပိုပြီး ဆူဝေခက်ထန်နေစေလိမ့်မယ်လို့ လေ့လာသူ တချို့က သုံးသပ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ထောင်တွင်း ရန်ပွဲတွေ ဖြစ်ပွားပြီး အကျဉ်းသား ၆ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ကာလွန်ကန်မြို့က အကျဉ်းသားတွေ အများအပြား စုပြုံထားရှိရာ အကျဉ်းထောင်မှာ ဇန်နဝါရီ ၁၀ ရက်က ရန်ပွဲတွေ ပေါ်ပေါက်ခဲ့တာလို့ အကျဉ်းဦးစီး ဌာနက ထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ သီတင်းပတ်တချို့ အကြာမှာ ဒုတိယ အကြိမ်မြောက် ကြုံတွေ့ခဲ့ရတာပါ။

ထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ ဒုစရိုက်ဂိုဏ်း နှစ်ခုရဲ့ ပြိုင်ဘက် ဂိုဏ်းသားတွေကြား ရန်ပွဲ အစပြုခဲ့တာလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဇေဗီးယား ဆိုလ်ဒါက ပြောပါတယ်။ လောလောဆယ်တော့ ဖြစ်စဉ် အစပြုခဲ့တဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲပါ။ ပြီးတော့ အကျဉ်းသားတွေက လက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း စစ်ဆေးနေပါတယ်။ သေဆုံးသူ ဦးရေကို ၆ ဦးလို့ ကြေညာထားပြီး ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကာလွန်ကန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီထောင်မှာ ကိုဗစ်ကပ်ရောဂါ စတင်လာချိန် ကတည်းက မိသားစုဝင်တွေကို ထောင်ဝင်ခွင့် ပိတ်ထားခြင်းကလည်း အကျဉ်းသားတွေရဲ့ စိတ်အခြေအနေကို ပိုပြီး ဆူဝေခက်ထန်နေစေလိမ့်မယ်လို့ လေ့လာသူ တချို့က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ အကျဉ်းထောင်ရဲ့ အခြေအနေကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း ဆိုလ်ဒါက ပြောပါတယ်။ ဖိလစ်ပိုင်က အကျဉ်းထောင်တွေမှာ အကြမ်းပတမ်း ဖြစ်ရပ်တွေ ပေါ်ပေါက်လေ့ ရှိတာက သိပ်ပြီး မဆန်းတော့တဲ့ ကိစ္စမျိုးလို့ ဆိုနိုင်ပါတယ်။ တချို့ထောင်တွေဟာ သတ်မှတ် လူဦးရေထက် ၅ ဆလောက် ပိုများတဲ့ အကျဉ်းသားတွေကို တာဝန်ယူ ထိန်းသိမ်းထားရပြီး ပြဿနာတွေလည်း အရမ်းရှုပ်ပါတယ်။

အခု အခင်းဖြစ်ပွားတဲ့ အကျဉ်းထောင်မှာဆိုရင် အကျဉ်းသား ၂၀၀ လောက်သာ ဝင်ဆံ့အောင် တည်ဆောက်ထားပေမယ့် လက်တွေ့မှာ ၁၉၀၀ နီးပါးလောက်ကို ထိန်းသိမ်းထားရပါတယ်။ ဇန်နဝါရီ ၂ ရက်ကလည်း မနီလာမြို့က နယူး ဘီလီဘစ် အကျဉ်းထောင်မှာ ထောင်ဆူမှုတွေ ဖြစ်ခဲ့ရာက ၂ ဦးသေပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ထောင်တွေမှာ စည်းမျဉ်း တင်းကျပ်ထားပေမယ့် ထောင်သားတွေက ရန်ဖြစ်ပြီဆိုရင် လက်လုပ် ဓားသွားတွေ၊ အချွန်အတက်တွေနဲ့ တစ်ခါတလေ သေနတ်တွေကိုတောင် အသုံးပြုလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။