Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာ့အရေးမှာ နိုင်ငံတကာ တုံ့ပြန်မှုတွေ ပိုလိုအပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြော

ဘက်ချလတ်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဖြန့်ဝေပေးရေး အာဏာသိမ်း စစ်ခေါင်းဆောင်ကို စည်းရုံးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရော၊ အာဆီယံ အဖွဲ့ကပါ လုံလောက်တဲ့ စွမ်းဆောင်နိုင်မှုမျိုး မရှိခဲ့ဘူးလို့လည်း သုံးသပ်သွားပါတယ်။

မြန်မာ့နိုင်ငံရေး ပဋိပက္ခမှာ ကမ္ဘာ့အသိုက်အဝန်းရဲ့ တုံ့ပြန် ဆောင်ရွက်ချက်တွေက လုံလောက်မှု မရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝန်ခံ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ပြီး ရက်ရက်စက်စက် ဖိနှိပ်နေမှုတွေကို ရပ်တန့်စေဖို့အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက ပိုမို ဖိအားပေး ဆောင်ရွက်ကြဖို့ မစ်ချယ်လ် ဘက်ချလတ်က တိုက်တွန်းလိုက်ပါတယ်။

အခုဆိုရင် အာဏာသိမ်း စစ်တပ် လက်အောက်မှာ မြန်မာ ပြည်သူတွေဟာ အသက်တွေနဲ့ လွတ်လပ်ခွင့်တွေ တောက်လျှောက် နစ်နာ ဆုံးရှုံးနေရပြီလို့ ချီလီ သမ္မတဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဘက်ချလတ်က ဆိုပါတယ်။

သူက မြန်မာ့အရေးမှာ နိုင်ငံတကာ တုံ့ပြန်မှုတွေဟာ ထိရောက်မှု၊ လုံလောက်မှု မရှိဘူးလို့ မှတ်ချက် ပေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စနစ်တွေ ပြန်လည် ထွန်းကားဖို့အတွက် အပူတပြင်း လုပ်ဆောင်ရမယ့် အချိန်မျိုး ဖြစ်နေပြီလို့လည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်လိုမင်းထက် ပြုမှုတွေ ကျူးလွန်နေသူ မှန်သမျှကိုလည်း တရားနည်းလမ်းကျကျ အရေးယူနိုင်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ချလတ်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဖြန့်ဝေပေးရေး အာဏာသိမ်း စစ်ခေါင်းဆောင်ကို စည်းရုံးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရော၊ အာဆီယံ အဖွဲ့ကပါ လုံလောက်တဲ့ စွမ်းဆောင်နိုင်မှုမျိုး မရှိခဲ့ဘူးလို့လည်း သုံးသပ်သွားပါတယ်။

သူက မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တချို့နဲ့ တွေ့ဆုံ စကားပြောခဲ့ပြီး အားလုံးက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာ ပြည်သူတွေကို ပစ်ပယ် မထားဖို့ ပန်ကြားခဲ့ကြကြောင်းလည်း ဆိုပါတယ်။

ဒေသတွင်းကရော၊ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ ရပ်ဝန်းက အစိုးရတွေအပြင် စီးပွားရေး လုပ်ငန်းကြီးတွေကပါ ဒီပန်ကြားချက် အသံတွေကို အလေးထား နားထောင်စေချင်တယ်လို့လည်း ဘက်ချလတ်က ဆက်ပြောသွားပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်ချိန် နောက်ပိုင်းကတည်း ဆန္ဒပြ ပြည်သူတွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ မီဒီယာတွေကို ရက်ရက်စက်စက် နှိမ်နင်း ဖြိုခွင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေအတွင်း အပြစ်မဲ့ပြည်သူ ၁၅၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်သလို စစ်တပ်ရဲ့ မတရားမှုတွေကို စက်ဆုပ်တဲ့ လက်နက်ကိုင် တော်လှန်မှုတွေကလည်း နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် လူပေါင်း ၁၂၀၀၀ ဝန်းကျင်လောက်ကို ဖမ်းစီးခဲ့ပြီး လက်ရှိ အချိန်ထိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အကျဉ်းချခံထားရသူ ၉၀၀၀ နီးပါးလောက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်း ခံထားရချိန်အတွင်း လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့သူ ၃၀၀ ဝန်းကျင်လောက် ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။