Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၂၅ ဦးထက်မနည်း သေဆုံး

မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ ပိတ်မိနေသူတွေ ကျန်နေဆဲပါ။ မုန်တိုင်းဘေးသင့် ပြည်သူတွေဆီ ကယ်ဆယ်ရေးတွေ သွားရောက်ဖို့ ကြိုးစားနေပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ မုန်တိုင်းနောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

အပူပိုင်းမုန်တိုင်း မက်ဂီဟာ အရှေ့တောင်အာရှ ဒေသက ကျွန်းစုနိုင်ငံကို ဧပြီ ၁၁ ရက်မှာ ဖြတ်သန်း တိုက်ခတ်သွားခဲ့ပါတယ်။ ဒေသတွင်းမှာတော့ ဒီမုန်တိုင်းကို အေဂါတန်လို့ ခေါ်ဝေါ်ကြပါတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၆၅ ကီလိုမီတာလောက်ထိ ပြင်းထန်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်က ဒေသတချို့မှာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ့အသက် အိုးအိမ်တွေ ဆုံးရှုံးခဲ့ရတာပါ။ ဖိလစ်ပိုင်မှာတော့ မက်ဂီဟာ အခုနှစ်အတွင်း ပထမဆုံး ကြုံတွေ့တဲ့ မုန်တိုင်းပါ။ ဖိလစ်ပိုင် အနေနဲ့ နှစ်စဉ် တိုင်ဖွန်းတွေ အပါအဝင် မုန်တိုင်း အခု ၂၀ လောက် တိုက်ခတ်မှုတွေ ကြုံနေကျ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ ပိတ်မိနေသူတွေ ကျန်နေဆဲပါ။ မုန်တိုင်းဘေးသင့် ပြည်သူတွေဆီ ကယ်ဆယ်ရေးတွေ သွားရောက်ဖို့ ကြိုးစားနေပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လိုင်တာ ဒေသက မြေပြိုမှုတွေ၊ ရေကြီးမှုတွေ အဆိုးဆုံး ဖြစ်ခဲ့ပြီး လက်ရှိ အချိန်ထိ ရုပ်အလောင်း ၂၂ ခုထက်မနည်း ရှာတွေ့ခဲ့ပြီးပါပြီ။ နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ရှိတာကြောင့် အသေအပျောက် ဦးရေ တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မိုးလေဝသ ပညာရှင်တွေက မုန်တိုင်းဟာ ဧပြီ ၁၃ ရက်လောက်မှာ သိသိသာသာ အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ လွန်ခဲ့တဲ့ ၄ လတုန်းကလည်း ဖိလစ်ပိုင် တောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ရိုင် ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း ၃၇၅ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

Facebook