Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကလေးတွေ ဓားထိုးခံရတဲ့ ဖြစ်စဉ်အပြီး အိုင်ယာလန်မှာ ဆူပူမှုတွေ ဖြစ်ပေါ်

မျက်မြင်တစ်ဦးရဲ့ အဆိုအရ ဓားကိုင်ထားတဲ့ အမျိုးသားဟာ ကလေးတွေအပြင် အနီးတဝိုက်မှာ ရှိနေသမျှ လူတိုင်းကို ဓားနဲ့လိုက်ထိုးဖို့ ကြိုးစားခဲ့တာလို့လည်း သိရပါတယ်။

ကလေးတွေ ဓားထိုးခံရတဲ့ ဖြစ်စဉ်အပြီး အိုင်ယာလန်မှာ ဆူပူမှုတွေ ဖြစ်ပေါ်
ကလေးတွေ ဓားထိုးခံရတဲ့ ဖြစ်စဉ်အပြီး အိုင်ယာလန်မှာ ဆူပူမှုတွေ ဖြစ်ပေါ်

ကလေးတွေကို ပစ်မှတ်ထားတဲ့ ဓားထိုး တိုက်ခိုက်မှု ဖြစ်စဉ်အပြီး အိုင်ယာလန် နိုင်ငံ၊ ဒဗ္ဗလင် မြို့တော်မှာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဓားကိုင် မှုခင်းတစ်ခုကြောင့် နိုဝင်ဘာ ၂၄ ရက်မှာ ကလေး ၃ ဦး ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းကို ကြားသိအပြီး ဒေါသဆူဝေ ပေါက်ကွဲနေတဲ့ လူစုလူဝေးက ဒဗ္ဗလင် မြို့လယ်နားမှာ သောင်းကျန်းခဲ့ကြတာ ဖြစ်ပါတယ်။ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ တိုက်ခိုက် ခံခဲ့ရတဲ့အပြင် ကားတွေလည်း မီးရှို့ ခံခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကျောင်းတစ်ခုရဲ့ အပြင်ဖက်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး၊ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီထဲကမှ ၅ နှစ်အရွယ် မိန်းကလေး တယောက်နဲ့ အမျိုးသမီးရဲ့ ဒဏ်ရာတွေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သူဟာ အိုင်ယာလန်မှာ နှစ်ပေါင်း ၂၀ လောက် နေထိုင်ခဲ့ပြီး နိုင်ငံသား ခံယူထားတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးလို့ သိရပါတယ်။ သူ့ကို ဘရာဇီးနိုင်ငံက ရွှေ့ပြောင်းလုပ်သား Deliverပို့သူ တစ်ဦးက တားဆီးခဲ့ပြီး ဘေးလူတွေက ဝိုင်းဝန်း တိုက်ခိုက် ဖမ်းဆီးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကလေးတွေ ဓားထိုးခံရကြောင်း သတင်းဟာ ဒဗ္ဗလင်မှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတဲ့နောက် လူ ၁၀၀ လောက် မြို့လယ်မှာ စုဝေးသွားပြီး သောင်းကျန်းကြတော့တာ ဖြစ်ပါတယ်။ တချို့က တုတ်တွေ၊ လက်နက်တွေ ကိုင်ဆောင်လာပြီး မျက်နှာကို ဖုံးကွယ်လာကြပါတယ်။ ရဲတပ်ဖွဲ့ဟာ အင်အား ၄၀၀ လောက်ထိ ဖြန့်ကျက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

ရဲကားတွေ၊ ကားတွေနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးခံရပြီး ဘတ်စ်ကားတစ်စီးလည်း မီးတင်ရှို့ ခံခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။

ဓားထိုးမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူရဲ့ ခံယူချက်နဲ့ အကြောင်းရင်းကို ရဲတွေက ဆက်လက် စုံစမ်းနေဆဲပါ။ သံသယ တရားခံကို ဖမ်းဆီးရမိချိန်မှာ ဒဏ်ရာ အပြင်းအထန် ရထားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်မှု သဘောတရားတွေနဲ့ ဆက်နွှယ်သလားဆိုတဲ့ မေးခွန်းကိုတော့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက အခုအချိန်မှာ ဘယ်လို ကောက်ချက်ကိုမှ မငြင်းပယ်နိုင်သေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။

မျက်မြင်တစ်ဦးရဲ့ အဆိုအရ ဓားကိုင်ထားတဲ့ အမျိုးသားဟာ ကလေးတွေအပြင် အနီးတဝိုက်မှာ ရှိနေသမျှ လူတိုင်းကို ဓားနဲ့လိုက်ထိုးဖို့ ကြိုးစားခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

သတင်း

ဓာတ်ပုံများတွင် တွေ့ရသော ဖြိုချခံရသည့် အုတ်နံရံသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်လွယ်ကူကူ ဖြိုချနိုင်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်များရေးသားထားသည်။

နိုင်ငံတကာ

လေ့ကျင့်နေတဲ့ ဘော်လီဘော အသင်းမှာ အတန်းမတူတဲ့ ကျောင်းသူတွေ ပါဝင်နေကြောင်း၊ သူတို့ဟာ မကြာသေးခင်ကမှ တခြားမြို့မှာ ပြိုင်ပွဲဝင်ခဲ့ပြီး ကျောင်းကို လောလောလတ်လတ် ပြန်ရောက်နေတာဖြစ်ကြောင်း ကျောင်းနဲ့ နီးစပ်သူ တစ်သီးက ပြောပါတယ်။