Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ စကားစစ်ထိုးမှုမှာ ဘိုင်ဒန် အခြေယိုင်ခဲ့တဲ့အပေါ် ဒီမိုကရက်တွေ စိုးရိမ်နေ

ဒီမိုကရက် ပါတီဖက်မှာတော့ ရွေးကောက်ပွဲ မစခင် နောက်ထပ် စကားစစ်ထိုးပွဲတွေမှာ ဘိုင်ဒန် အနေနဲ့ လက်ရှိထက် အားကောင်းတဲ့ အနေအထားမျိုး ရှိပါ့မလား ဆိုတာကို တွေးတော စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ထရမ့်နဲ့ စကားစစ်ထိုးမှုမှာ ဘိုင်ဒန် အခြေယိုင်ခဲ့တဲ့အပေါ် ဒီမိုကရက်တွေ စိုးရိမ်နေ
ထရမ့်နဲ့ စကားစစ်ထိုးမှုမှာ ဘိုင်ဒန် အခြေယိုင်ခဲ့တဲ့အပေါ် ဒီမိုကရက်တွေ စိုးရိမ်နေ

နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမှာ မကျေပွဲနွှဲကြမယ့် ပြိုင်ဘက်ဟောင်းကြီးတွေဖြစ်တဲ့ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်တို့ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးမှုမှာ ထရမ့်ဖက်က အသာရခဲ့တယ်လို့ လေ့လာသူ အများစုက သုံးသပ်ခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ပြိုင်ဘက်ရဲ့ နောက်ကောက်ချမှုတွေကို အကြိမ်ကြိမ် ခံခဲ့ရပြီး ဖရိုဖရဲတွေ ဖြစ်လွန်းလို့ အာဏာရ ဒီမိုကရက် ပါတီအနေနဲ့ သူ့နေရာမှာ တခြား ပုဂ္ဂိုလ် တစ်ဦးကို အစားထိုးပြီး ရွေးကောက်ပွဲ ဝင်စေသင့်တယ်ဆိုတဲ့ ဝေဖန်သံတွေတောင် ထွက်ပေါ်လာပါတယ်။ ဘိုင်ဒန်ဟာ ထရမ့်ရဲ့ ထိုးနှက်ချက်တွေကို တုံ့ပြန်ရာမှာ အငိုက်မိနေတာတွေ၊ တုံ့ဆိုင်းနေတာတွေ၊ မချေပနိုင်တာတွေ ရှိခဲ့ပြီး အဲဒီအခြေအနေက သူ့ရဲ့ အသက်အရွယ် ကြီးရင့်လာမှုနဲ့ ပတ်သက်လို့ ဒီမိုကရက် ပါတီဝင်တွေကြားက ရှိရင်းစွဲ စိုးရိမ်မှုတွေကို ပိုတိုးလာစေခဲ့ပါတယ်။

လေ့လာသူတွေက ဘိုင်ဒန်ဟာ လက်ရှိမှာ အမှုတွေပွေပြီး ပြဿနာတွေ ရှင်းနေရတဲ့ ပြိုင်ဘက်ရဲ့ ဟာကွက်တွေကို အခါအခွင့်သင့်တိုင်း ထိုးနှက်နိုင်မယ့် အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့ရတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

တစ်ဖက်မှာတော့ ထရမ့်က သူ့ရဲ့ လက်ဆွဲနည်းစနစ်ဖြစ်တဲ့ လိမ်လည်မှုနဲ့ အမှားတစ်ဝက်၊ အမှန်တစ်ဝက်တွေကို အကြိမ်ကြိမ် ထပ်ပြောရင်း အမှန်ထင်လာအောင် ဆွဲယူတဲ့ ဗျူဟာကို ဆက်ပြီး အသုံးပြုသွားပါတယ်။ အထူးသဖြင့် သူ့ကို အားပေး ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ကို စီးနင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူနဲ့ လုံးဝ မပတ်သက်သလို ခပ်တည်တည် လိမ်ညာတာမျိုးတွေ၊ ပြိုင်ဘက် ဒီမိုကရက် ပါတီနဲ့ ပတ်သက်လို့ အခြေအမြစ် မရှိတဲ့ စွပ်စွဲ ပြောဆိုမှုတွေ၊ သူ့ရဲ့ သမ္မတသက်တမ်း ၄ နှစ်တာအတွင်း ရရှိခဲ့ဖူးတဲ့ တကယ်မရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထရမ့်က ပြောဆိုသွားပါတယ်။ အထူးသဖြင့် ကြားဝင် ထိန်းညှိပေးတဲ့ moderatorတွေဆီမှာ အချက်အလက် မှန်ကန်မှု စိစစ်တဲ့ အထောက်အပံ့မျိုး မရှိခြင်းကြောင့် ထရမ့်ဟာ ကိစ္စတော်တော်များများကို မျက်နှာထားတည်တည်နဲ့ လိမ်ညာပြောဆိုခွင့် ရသွားခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ နိုင်ငံတကာ မီဒီယာ တချို့က သူတို့နှစ်ဦးရဲ့ စကားစစ်ထိုးမှုကို ဘိုင်ဒန်ရဲ့ ဖရိုဖရဲဖြစ်စဉ်နဲ့ ထရမ့်ရဲ့ မုသားဖြန့်ချိမှုကြီး တစ်ခုအဖြစ် ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ အဲဒီ စကားစစ်ထိုးပွဲမှာ ရွေးကောက်ပွဲ ပြိုင်ဘက် နှစ်ဦးရဲ့ နိုင်ငံရေးနဲ့ တခြားမူဝါဒ အမြင်ကွဲပြားမှုတွေက ပိုပြီးတော့ ထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။ ရီပက်ဘလစ်ကန် သမ္မတလောင်း ထရမ့်က ဘိုင်ဒန် ဦးဆောင်တဲ့ အစိုးရ လက်အောက်မှာ နိုင်ငံရဲ့ လက်ရှိ အနေအထားတွေအပေါ် ဝေဖန် မေးခွန်းထုတ်ခဲ့ပြီး ဘိုင်ဒန်ကတော့ အကောင်းမြင် ရှုထောင့်ကနေ ခုခံရင်း အမေရိကန်ရဲ့ အားကောင်းတဲ့ ရပ်တည်မှုနဲ့ နိုင်ငံတကာ လေးစား ခန့်ညားမှုတွေကို မီးမောင်းထိုးပြဖို့ ကြိုးစားခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ထရမ့်ရဲ့ ရှုပ်ထွေးလှတဲ့ တရားရေး ပြဿနာတွေကို ထိုးနှက်ဖို့ အစောပိုင်းမှာ လက်လွတ်ခဲ့ပေမယ့်လည်း စကားစစ်ထိုးမှု နောက်ပိုင်းမှာတော့ အိမ်ထောင်ရှင် တစ်ဦးဖြစ်တဲ့ ထရမ့်က ညစ်ညမ်း ရုပ်ရှင်စတား စထရွမ်မီ ဒန်နီရယ်လ်နဲ့ ဇာတ်လမ်းရှုပ်ခဲ့တဲ့ ကိစ္စအပေါ် သရော် လှောင်ပြောင်သွားခဲ့ပါတယ်။ အံ့ဩစရာ ကောင်းတာက လူသိရှင်ကြား ဖြစ်ထားတဲ့ ကိစ္စပေမယ့် ထရမ့်က အတော်ကြီး တူးတူးခါးခါး ငြင်းဆိုသွားခြင်း ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ အခု စကားစစ်ထိုးမှုဟာ ပါတီစွဲ မရှိတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တွေက လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေး ရွေးချယ်သင့်သလဲ ဆိုတာကို စဉ်းစား ရွေးချယ်ကြလိမ့်မယ်လို့ ပြောပါတယ်။ ဒီမိုကရက် ပါတီဖက်မှာတော့ ရွေးကောက်ပွဲ မစခင် နောက်ထပ် စကားစစ်ထိုးပွဲတွေမှာ ဘိုင်ဒန် အနေနဲ့ လက်ရှိထက် အားကောင်းတဲ့ အနေအထားမျိုး ရှိပါ့မလား ဆိုတာကို တွေးတော စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။