Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသမီး ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကင်ညာ ကွင်းဆက် လူသတ်သမား ဝန်ခံ

ခါလူရှာဟာ အင်္ဂလန်နဲ့ စပိန်တို့ ယှဉ်ပြိုင်ကစားတဲ့ ဥရောပ တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကို နိုင်ရိုဘီ မြို့တော် အရှေ့ဖက် ဆိုဝီတာမှာရှိတဲ့ ကလပ်တစ်ခုမှာ ကြည့်ရှုပြီးတဲ့အချိန် ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

အမျိုးသမီး ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကင်ညာ ကွင်းဆက် လူသတ်သမား ဝန်ခံ
အမျိုးသမီး ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကင်ညာ ကွင်းဆက် လူသတ်သမား ဝန်ခံ

ကင်ညာနိုင်ငံမှာ အမျိုးသမီး ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကွင်းဆက် လူသတ်သမားကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျူမိုင်ဆီ ခါလူရှာက လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း သူဟာ အမျိုးသမီး ၄၂ ဦးလောက်ကို သတ်ဖြတ်ခဲ့ပါတယ်လို့ အာဏာပိုင်တွေဆီ ဖြောင့်ချက်ပေးခဲ့ပါတယ်။ သူဟာ အမျိုးသမီးတွေကို စည်းရုံးသိမ်းသွင်း၊ သတ်ဖြတ်ပြီးတဲ့နောက် အလောင်းတွေကို ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ ခါလူရှာက ဆိုပါတယ်။

လက်ရှိ အချိန်ထိ သူသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးတွေထဲက စုစုပေါင်း ၉ ဦးရဲ့ အလောင်းတွေကိုသာ ရှာတွေ့ခဲ့ပါတယ်။

ခါလူရှာဟာ အင်္ဂလန်နဲ့ စပိန်တို့ ယှဉ်ပြိုင်ကစားတဲ့ ဥရောပ တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကို နိုင်ရိုဘီ မြို့တော် အရှေ့ဖက် ဆိုဝီတာမှာရှိတဲ့ ကလပ်တစ်ခုမှာ ကြည့်ရှုပြီးတဲ့အချိန် ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ပထမဆုံး စစ်ဆေးမှုတွေမှာတင်ပဲ ခါလူရှာက သူဟာ အမျိုးသမီး ၄၂ ဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက်ထိ အတောအတွင်း အဲဒီ အမျိုးသမီးတွေကို သူက သတ်ဖြတ်ခဲ့တာလို့ ခါလူရှာက ဆိုပါတယ်။

သူ့ရဲ့ လူသတ်မှု ကျူးလွန်ပုံ အသေးစိတ် အချက်အလက်တွေကို ရဲတွေက ဆက်လက် စစ်ဆေး မေးမြန်းနေဆဲပါ။ သူက အလောင်းတွေကို အမှိုက်စွန့်ပစ်ရာ လျှိုတစ်ခုထဲမှာ ဖျောက်ဖျက်ထားပြီး အဲဒီနေရာက ရဲစခန်း တစ်ခုနဲ့ နီးနီးကပ်ကပ် တည်ရှိနေတာကြောင့် ရဲတွေပါ အမှုအခင်းနဲ့ ပတ်သက်သလားဆိုတဲ့ ထင်ကြေးပေး မေးခွန်းထုတ်မှုတွေ ကြုံခဲ့ရပါသေးတယ်။

ရဲတွေဟာ မှုခင်းတွေထဲက တစ်ခုနဲ့ မီတာ ၁၀၀ လောက်သာ ကွာဝေးတဲ့ နေရာမှာ ခါလူရှာ တစ်ဦးတည်း နေထိုင်တဲ့ အိမ်ကို ခြေရာခံမိရာက ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ငှားရမ်းနေထိုင်ရာ အိမ်မှာ လူသတ် အလောင်းဖျောက်မှုတွေနဲ့ ဆက်စပ်တဲ့ ကိုင်းခုတ်ဓား၊ စက်မှုလုပ်ငန်းသုံး လက်အိတ်တွေ၊ စမတ်ဖုန်း ၈ လုံး၊ နိုင်လွန်အိတ် ၁၂ လုံးတို့ကို ရဲတွေက သိမ်းဆည်း ရမိခဲ့ပါတယ်။

ခါလူရှာက သူ့ရဲ့ ပထမဆုံး သားကောင်ဟာ ဇနီးဟောင်း ဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပြီး လည်ပင်းညှစ် သတ်ပြီးတဲ့နောက် အလောင်းကို ခုတ်ထစ်ဖြတ်တောက်ပြီး အမှိုက်စွန့်တဲ့ လျှိုမှာ ပစ်ထားခဲ့တယ်လို့ ထွက်ဆိုသွားပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထား သတ်ဖြတ်တဲ့ ကွင်းဆက် လူသတ်မှုတွေရဲ့ အကြောင်းက တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့နောက် ကင်ညာ အမျိုးသမီး အဖွဲ့အစည်းတွေက ပိုမို ထိရောက်တဲ့ အကာအကွယ်ပေးမှုတွေအတွက် ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။