Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မှုကြောင့် ထိုင်ဝမ်မှာ လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းရ

ထိုင်ဝမ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ပိုဒူလ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။

Reuters

ထိုင်ဝမ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ပိုဒူလ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။

ဩဂုတ် ၁၃ ရက်နေ့က ထိုင်ဝမ်ကျွန်းရဲ့ လူနေအရမ်း မထူထပ်တဲ့ ဧရိယာတွေဆီ မုန်တိုင်းက ကုန်းတွင်းဝင်ရောက်ခဲ့တာပါ။ ပိုဒူလ်ဟာ အားအပြင်းဆုံး အချိန်တွေမှာ လေတိုက်နှုန်း တစ်နာရီ ၁၉၁ ကီလိုမီတာလောက်ထိ ရောက်ရှိခဲ့ပါတယ်။

ထိုင်ဝမ်ဟာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုတွေနဲ့ မကြာခဏ ကြုံရလေ့ရှိပြီး အထူးသဖြင့် တောင်ထူထပ်ပြီး လူနေကျဲပါးရာ အရှေ့ဖက် ကမ်းရိုးတန်း ဒေသတွေဆီ မုန်တိုင်းတွေ ကုန်းတွင်း ဝင်ရောက်လေ့ ရှိပါတယ်။

Reuters

ထိုင်ဝမ် မိုးလေဝသ ဌာနကတော့ နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ နေထိုင်သူတွေဆီ မုန်တိုင်း အန္တရာယ် သတိပေး messageတွေ ပေးပို့ခဲ့ပြီး ကုန်းမြင့်တွေ၊ ရာသီဥတုဒဏ်ကနေ သက်သာကင်းလွတ်မယ့် နေရာတွေမှာ ခိုလှုံနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ရဲ့ မြို့ ၉ ခုမှာ ကျောင်းတွေနဲ့ အလုပ်တွေကို ပိတ်ထားစေခဲ့ပြီး အဲဒီထဲမှာ တောင်ပိုင်းက မြို့ကြီးတွေဖြစ်တဲ့ ခိုဆီအွန်နဲ့ ထိုင်နန်တို့လည်း ပါဝင်ခဲ့ပါတယ်။ မြို့တော် ထိုင်ပေမှာတော့ လေပြင်းတွေ တိုက်ခတ်ပေမယ့် အကြီးအကျယ် မုန်တိုင်းဝင်ရောက်တာမျိုးတော့ မရှိခဲ့ပါဘူး။

မုန်တိုင်း ဖြတ်သန်းရာ ဒေသတွေမှာတော့ ပြည်တွင်း လေကြောင်းခရီးစဉ် ၂၅၂ ခု၊ နိုင်ငံတကာ ခရီးစဉ် ၁၂၉ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးနိုင်တဲ့ မြေနိမ့်ပိုင်းနဲ့ ကမ်းရိုးတန်း ဒေသတွေက လူပေါင်း ၅၅၀၀ လောက်ကိုလည်း ယာယီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပိုဒူလ်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တဲ့နောက် ထိုင်ဝမ်မှာ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ထိ များပြားခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် အရှိန်လျော့သွားပေမယ့် ထိုင်ဝမ်ကျွန်းရဲ့ လူဦးရေ ပိုမိုသိပ်သည်းရာ အနောက်ဖက်ပိုင်းဆီ ဖြည်းဖြည်းချင်း ဆက်လက် ရွေ့လျားနေပါတယ်။

ထိုင်ဝမ် မိုးလေဝသ ဌာနကတော့ လာမယ့်ရက်ပိုင်းတွေအထိ မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်က ပြုလုပ်နေပြီး သမ္မတ လိုင်ချင်တေး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။