Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ရာဂဏန်း ကျော်လွန်လာ

တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီးကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ဦးရေဟာ ရာဂဏန်း ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ အစိုးရကလည်း မုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ဒေသတွေမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီးကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ဦးရေဟာ ရာဂဏန်း ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ အစိုးရကလည်း မုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ဒေသတွေမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်ပါတယ်။

ကယ်လ်မက်ဂီးဟာ အခုသီတင်းပတ် အစောပိုင်းမှာ အရှေ့တောင်အာရှ ဒေသတွင်း ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ အလယ်ပိုင်း ဧရိယာတွေကို ဖြတ်သန်းတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဟာ ဖိလစ်ပိုင် ပိုင်နက်ကို ကျော်လွန်သွားပြီး ဗီယက်နမ် ကမ်းရိုးတန်းဆီ ချဉ်းကပ် ရွေ့လျားနေပါတယ်။

ဖိလစ်ပိုင်ဟာ ပျမ်းမျှ တစ်နှစ်ကို မုန်တိုင်း အခု ၂၀ လောက်နဲ့ ကြုံရလေ့ရှိတဲ့ နိုင်ငံပါ။ ဒီနှစ်မှာလည်း အားပြင်းတဲ့ တိုင်ဖွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပေမယ့် ကယ်လ်မက်ဂီးကတော့ အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းဝင်လာပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ထိ အခြေအနေအရ မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော် သေဆုံးပြီး နောက်ထပ် ၁၃၀ ဝန်းကျင် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ လူသေမှု အများဆုံး မုန်တိုင်းအဖြစ်ပါ ကယ်လ်မက်ဂီးကို မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် ပြည်သူ့ကာကွယ်ရေးရုံးက မုန်တိုင်းကြောင့် အသေအပျောက်ကို ၁၁၄ ဦးလို့ ကြေညာခဲ့ပေမယ့် အဲဒီစာရင်းဟာ ဆီဘူမှာ ထပ်မံရရှိလာတဲ့ သေဆုံးစာရင်း ၂၈ ဦးကို ထည့်မပေါင်းရသေးပါဘူး။ ဆီဘူဟာ မုန်တိုင်းဒဏ်ကို အဆိုးဆုံး ခံစားရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မုန်တိုင်းဒဏ်ခံ ဒေသတွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်ပြီး နိုင်ငံအနှံ့က ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကို စေလွှတ်ပေးဖို့ ညွှန်ကြားထားပါတယ်။

ဖိလစ်ပိုင်မှာ မုန်တိုင်းနောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေတဲ့ စစ်တပ် ရဟတ်ယာဉ် တစ်စီးလည်း ပျက်ကျခဲ့ပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးမှု စုစုပေါင်းရဲ့ ထက်ဝက်လောက်နဲ့ ညီမျှတဲ့ လူ ၇၀ လောက်ဟာ ဆီဘူမှာဖြစ်ပါတယ်။ အများစုက မုန်တိုင်းကြောင့် သည်းသည်းထန်ထန် ရွာသွန်းတဲ့ မိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးမှုတွေမှာ ရေနစ်ပြီး အသက်ဆုံးရှုံးခဲ့တာပါ။ ဆီဘူမှာ နောက်ထပ် လူ ၇၀ လောက်လည်း ပျောက်ဆုံးနေပါတယ်။

လူဦးရေ ၂.၄ သန်းလောက် နေထိုင်တဲ့ ဆီဘူဒေသဟာ ဆိုးရွားတဲ့ သဘာဝဘေး နှစ်မျိုးကို ရှေ့ဆင့်နောက်ဆင့် ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာ လကုန်ပိုင်းကလည်း ပြင်းအား မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်တစ်ခု ဆီဘူမှာ လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၇၉ ဦးထက်မနည်း ဖိတ်စဉ်ခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။