Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းကြောင့် လူ ၂၀၀ ကျော် သေအပြီး နောက်ထပ် တိုင်ဖွန်းတစ်ခု ဖိလစ်ပိုင်ကို ဦးတည်နေ

အခုနှစ်အတွက် အသေအပျောက် အဆိုးဆုံး မုန်တိုင်းကြီးဒဏ်ကို လောလောလတ်လတ် ခံစားထားရတဲ့ ဖိလစ်ပိုင်ဟာ နောက်ထပ် အင်အားပြင်း မုန်တိုင်း တစ်ခုရဲ့ ဦးတည် ချဉ်းကပ်လာမှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။

အခုနှစ်အတွက် အသေအပျောက် အဆိုးဆုံး မုန်တိုင်းကြီးဒဏ်ကို လောလောလတ်လတ် ခံစားထားရတဲ့ ဖိလစ်ပိုင်ဟာ နောက်ထပ် အင်အားပြင်း မုန်တိုင်း တစ်ခုရဲ့ ဦးတည် ချဉ်းကပ်လာမှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံ အရှေ့ဖက် ပစိဖိတ် သမုဒ္ဒရာထဲမှာ ရှိနေတဲ့ ဖန်ဝေါင် မုန်တိုင်းဟာ ဆက်တိုက် အားကောင်းလာနေပြီး ဖိလစ်ပိုင် ကမ်းခြေကို စူပါတိုင်ဖွန်း အဆင့်မျိုးနဲ့ ဝင်ရောက် တိုက်ခတ်ဖွယ် ရှိနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

ပြည်တွင်းမှာတော့ ယူဝမ်လို့ နာမည်ပေးထားတဲ့ ဖန်ဝေါင် မုန်တိုင်းဟာ လောလောဆယ်မှာ တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၄၀ လောက်ထိ ပြင်းထန်လာနေပါတယ်။ ဖိလစ်ပိုင် ကမ်းခြေနဲ့ နီးကပ်လာတဲ့ အချိန်ကျရင် လေတိုက်နှုန်းဟာ တစ်နာရီကို ၁၈၅ ကီလိုမီတာထိ အားကောင်းလာနိုင်တယ်လို့ ဖိလစ်ပိုင် မိုးလေဝသ ဗျူရိုရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဘန်နီဆန် အက်စ်တာရာဂျာက ပြောကြားခဲ့ပါတယ်။

ဖန်ဝေါင်မုန်တိုင်းရဲ့ အဓိက ထင်ရှားတဲ့ ဝိသေသ လက္ခဏာ တစ်ခုကတော့ အရွယ်အစား အရမ်းကြီးမား ကျယ်ပြန့်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အချင်း ၁၅၀၀ ကီလိုမီတာလောက်ထိ ကြီးမားတဲ့ မုန်တိုင်းက နိုင်ငံ အလယ်ပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့မယ်ဆိုရင် တစ်နိုင်ငံလုံး မုန်တိုင်းဒဏ် ခံရမယ့် သဘောပဲလို့ အက်စ်တာရာဂျာက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးတာ၊ ကမ်းရိုးတန်းတွေမှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်တာ၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်တဲ့ထိ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

ဒါကြောင့်လည်း ဖန်ဝေါင်နဲ့ ပတ်သက်လို့ မိုးလေဝသဆိုင်ရာ အရေးပေါ် သတိပေးချက်ကို ဗျူရိုက ထုတ်ပြန်ထားလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ကြေညာချက်ဟာ ဖိလစ်ပိုင်မှာ လူ ၂၀၀ ကျော်နဲ့ ဗီယက်နမ်မှာ လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ကယ်လ်မက်ဂီး တိုင်ဖွန်းမုန်တိုင်းကြီး တိုက်ခတ်အပြီး ရက်အနည်းငယ်မှာ ထွက်ပေါ်လာတာပါ။

ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ဟာ တည်နေရာအရ နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းတွေရဲ့ ဒဏ်ကို အခံရဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်ဟာ နှစ်စဉ် ပျမ်းမျှ မုန်တိုင်းအရေအတွက် ၂၀ လောက် ဝင်ရောက် တိုက်ခတ်တာကို ကြုံရလေ့ ရှိကြောင်းလည်း သိရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့ရာသီဥတု ပူနွေးလာနေခြင်းဟာ ကယ်လ်မက်ဂီးလို မုန်တိုင်းတွေကို အရင်ကထက် ပိုမို ကြမ်းတမ်း အားကောင်းလာစေတယ်လို့ သတိပေး ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

Facebook