Connect with us

Hi, what are you looking for?

News

အင်း​တော်မြို့တွင် စစ်​ကောင်စီယာဥ်တန်း မိုင်း၆လုံးဆွဲတိုက်ခိုက်ခံရ

” ပေါက်ကွဲသံတွေကြားကြားချင်း စိတ်ပူသွားတာ။ ခဏနေမှ သိရတာက ကလေးတွေ(PDF)ဖက်က တိုက်ခိုက်တာမှန်း။ ကားတွေ ထိကုန်တာ လှမ်းမြင်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

အင်းတော်မြို့၌ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က ယနေ့နံနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ဂိတ်မှ ထွက်လာသော တရုတ်ကုန်စည်သယ်ကားနှစ်စီးနှင့်ရောနှောလိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ပင်ဝယ်ရွာအလွန် ပင့်တင့်ရွာအနီးတွင်မိုင်း ၆လုံးခွဲကာ တိုက်ခိုက်ခဲ့သည်ဟု Indaw Revolutionက ထုတ်ပြန်ထားသည်။

” ပေါက်ကွဲသံတွေကြားကြားချင်း စိတ်ပူသွားတာ။ ခဏနေမှ သိရတာက ကလေးတွေ(PDF)ဖက်က တိုက်ခိုက်တာမှန်း။ ကားတွေ ထိကုန်တာ လှမ်းမြင်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

သို့​သော်ဗုံးခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။ဗုံးခွဲတိုက်ခိုက်ခံရပြီး​နောက် ပင့်တင့်ရွာအနီးစစ်​ကောင်စီတပ်ကပိတ်ဆို့စစ်​ဆေးမှုများပြုလုပ်ခဲ့သည်။မိုင်းမထိ့​သောကားများမှာ အင်း​တော်ကိုဖြတ်သန်းရွာဆက်လက်​မောင်းနှင်သွား​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သည် ကချင် ပြည်နယ်နှင့် နယ်စပ်ဒေသဖြစ်သည်။နယ်နမိတ်ချင်းထိစပ်နေသော အင်းတော်၊ထီးချိုင့်၊ ကသာ၊ ကောလင်းမြိုနယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီအားပျောက်ကြားနည်းဖြင့် မကြာခဏတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။