Connect with us

Hi, what are you looking for?

ဗီဒီယို

အာဏာသိမ်းစစ်​ကောင်စီကို စတင်​ဝေဖန်လာတဲ့ မဘသတစ်ဦး

စစ်တပ်နဲ့ မဘသကို​​ထောက်ခံခဲ့တဲ့ အမျိုးသား​ရေးသမား​တွေလို့ ဆိုတဲ့ ပုဂ္ဂိုလ်​တွေထဲက ကိုလတ် (မင်္ဂလာ​တောင်ညွန့်) က ဒီ​နေ့ မိခင်ဖြစ်သူ COVID-19 နဲ့ကွယ်လွန်ပြီး ​ရေ​ဝေးသုသာန်မှာမီးသင်္ဂြိုဟ်ဖို့ တန်းစီးရင်းနဲ့ Facebook မှာ Live လွှင့်ပြီး အာဏာသိမ်းအစိုးရကို ပြင်းပြင်းထန်ထန် ​ဝေဖန်ပစ်တင်ခဲ့ပါတယ်။

အမျိုးသားဒီမိုက​ရေစီ အစိုးရလက်ထက်မှာ စစ်တပ်၊ ပြည်ခိုင်ဖြိုးနဲ့ မဘသ​တွေဟာ အစိုးရကို အခက်​တွေ့​အောင် ပုံစံမျိုးစုံနဲ့​ နှောက်ယှက်တာမှာ အတွဲညီခဲ့ကြပါတယ်။ ဒါ​ပေမယ့် မဘသ အများစု​ ထောက်ခံတဲ့ စစ်တပ်က အာဏာသိမ်းပြီး ၆ လခန့်ရှိလာချိန်မှာ ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်ရပြီး မဘသ​တွေရဲ့ မိသားစုဝင်​တွေပါ ​သေဆုံးခဲ့တဲ့အခါမှာ​တော့ အာဏာသိမ်းစစ်တပ်ကို လူသိရှင်ကြား စတင်​ဝေဖန်လာတာဖြစ်ပါတယ်။

“လက်ရှိအ​ခြေအ​နေ။ ခင်ဗျားတို့​ပြောရင် ဂျင်းထည့်တာ​တွေ လာ​ပြော​နေတယ်။ကျုပ် ကိုလတ်(မင်္ဂလာ​တောင်ညွန့်)ကိုယ်တိုင်​​၊ ဒီမှာ ကျုပ်အ​မေ။ ​အောက်မှာ နှစ်​လောင်း။ ခင်ဗျားတို့မြင်လား။ ဒီမှာ ပရဟိတ​တွေ လမ်း​ဘေးမှာဘယ်​လောက်ဒုက္ခ​ရောက်​နေလဲ။ လမ်း​ဘေးမှာ တုန်းလုံးလဲပြီး သင်္ဂြိုဟ်ဖို့အတွက်​စောင့်​နေရတယ်။​စောက်ရှက်ရှိ၊ ခင်ဗျားတို့ (အာဏာသိမ်းစစ်​ကောက်စီ) ကျုပ်​ပြောတယ်​ စောက်ရှက်ရှိ။ မ​ကျေနပ်လို့ ဖမ်းချင်ရင် ကျုပ်အိမ်​ရှေ့လာခဲ့”လို့ ကိုလတ်က မိခင်ဖြစ်သူရဲ့ရုပ်အ​လောင်းရယ်၊​ အောက်ကရုပ်အ​လောင်း နှစ်​လောင်းနဲ့ အ​လောင်းတင်ထားတဲ့ ကား​တွေ၊ ပရဟိတသမား​တွေကိုပါ ရိုက်ကူးပြရင်း Live လွှင့်​ပြောခဲ့ပါတယ် ။

ဆက်ပြီး​တော့လည်း ကိုလတ်က “ဆိုက်ဝါးမဟုတ်ဘူး။ လက်ရှိ ပကတိအ​ခြေအ​နေကို လွှင့်​နေတာ။ ဒီမှာ​စောင့်​နေတဲ့ နာ​ရေးကူညီမှုအသင်း​တွေကိုကြည့် အဲမှာပြည့်ကြပ်​နေတာပဲ။ ခင်ဗျားတို့​တွေက​ပြော​နေကြတယ် သင်္ချိုင်း​တွေမှာ လူမစည်ပါဘူး။ အသုဘ​တွေကို ခဏ​လေးနဲ့ချ​နေပါတယ်၊ ဟုတ်လား။ ခင်ဗျားတို့​ပြောတဲ့ အသုဘကို ခဏနဲ့ချတာ ဒီလိုပုံစံလား။ ဒီမှာအသုဘ​တွေ(အသုဘကား)​တွေတန်းစီ​နေတာပဲ။ ကားတစ်စီးမှာ ၃​ယောက်​တွေ၊ ၄ ​ယောက်​တွေ ပြုန်ခံ​နေတာ”လို့ ​ဒေါသတကြီးနဲ့ ​ရေ​ဝေးသုသာန်က​နေ တိုက်ရိုက်လွှင့်ခဲ့တာပါ ။

ကိုဗစ်တတိယလှိုင်းမှာ ကိုလတ်ရဲ့ တူမ၊ အမနဲ့ မိခင်ဖြစ်သူ​တွေဟာ ကိုဗစ်​ရောဂါနဲ့​သေဆုံးသွားပြီလို့လည်း သူက​ပြောပါတယ်။ အာဏာသိမ်းစစ်​ကောင်စီ​က နိုင်ငံ​တော်အာဏာကို မတရားသဖြင့်ရယူခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ကျန်းမာ​ရေး​စောင့်​ရှောက်မှု ပျက်သွားသလို၊ ကိုဗစ်ကာကွယ်​ရေးအစီအမံ​တွေအားလုံးလည်း ပျက်စီးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဏာသိမ်းစစ်​ကောင်စီက ကပ်​ရောဂါထိန်းချုပ်​ရေးကို မလုပ်ဘဲ ကပ်​ရောဂါကို နိုင်ငံ​ရေးအရအမြတ်ထုတ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သူ​တွေကို ပိုမိုဖိနှိပ်ပြီး ပြည်သူ​တွေ ​အောက်စီဂျင်နဲ့​ဆေးရုံတက်​ရောက်ကုသမှုခံယူနိုင်ဖို့ကို ခက်ခဲ​အောင်ပြုလုပ်​နေတဲ့အတွက် ​နေ့စဥ် ပြည်သူ ရာ​ပေါင်းများစွာ ​သေဆုံး​နေရပါတယ်။ ဒါ​ကြောင့် အရင် စစ်တပ်ကို​ အမာခံ​ထောက်ခံသူ​တွေပါ ကိုဗစ်တတိယလှိုင်းမှာ စစ်​ကောင်စီရဲ့ သရုပ်မှန်ကို သိပြီး စစ်​ကောင်စီကို ​ဝေဖန်ပြစ်တင်မှု​တွေပြုလုပ်လာကြပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။