Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ အပြစ်ကင်းလွတ်ခွင့်မရှိစေရေး တော်လှန်ရေးအင်အားစုများ အမြန်ပူးပေါင်းဆောင်ရွက်ရန် ကရင်နီ KSCC တိုက်တွန်း

စစ်ကောင်စီက စစ်ကိုင်းတိုင်း ပဇီကြီးရွာရှိ ပြည်သူလူထုများ အပါအဝင် တစ်နိုင်ငံလုံးမှ အပြစ်မဲ့ ပြည်သူလူထုများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုနှင့်ပတ်သက်ပြီး KSCCက သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​နောက် အပျက်အစီးအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​နောက် အပျက်အစီးအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎စစ်အာဏာရှင်အမြန်ချုပ်ငြိမ်းရေးဟန်ချက်ညီအစွမ်းကုန်တိုက်ပွဲဝင်ရန် အထူးလိုအပ်နေဟု ကြေညာ

အကြမ်းဖက် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် ပတ်သက်ပြီး အပြစ်ကျူးလွန်သူများအား အပြစ်ကင်းလွတ်ခွင့်မရှိစေရေးအတွက် အရေးယူ ဆောင်ရွက်နိုင်ရေးကို တော်လှန်ရေးအင်အားစုများ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်လိုအပ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း ပဇီကြီးရွာရှိ ပြည်သူလူထုများ အပါအဝင် တစ်နိုင်ငံလုံးမှ အပြစ်မဲ့ ပြည်သူလူထုများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုနှင့်ပတ်သက်ပြီး KSCCက သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင် အမြန်ဆုံး ချုပ်ငြိမ်းရေး အတွက် အလုံးစုံညီညွတ်ရေးကို တည်ဆောက်ပြီး ဟန်ချက်ညီညီဖြင့် အစွမ်းကုန် တိုက်ပွဲဝင်သွားကြရန် အထူလိုအပ်နေကြောင်းလည်း KSCCက တိုက်တွန်းခဲ့သည်။

စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်တွင် ချင်းပြည်နယ် ခွာဖိုရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့သည်။ ယနေ့ ဧပြီ ၁၁ရက်တွင် စစ်ကိုင်းတိုင်း ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ အနည်းဆုံး ၅၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ များစွာရှိခဲ့သည်။ ယမန်နေ့ ဧပြီ၁၀ ဖလမ်းမြို့နယ် ဝေဘူလမြို့ကို လေကြောင်း တိုက်ခိုက်ရာတွင်လည်း ပြည်သူ ၉ဦးသေဆုံးခဲ့ရသည်။ ထို့ပြင် ကရင်နီပြည်နယ်၌ ဧပြီ ၇ရက် လေကြောင်း တိုက်ခိုက်မှုအတွင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေသူ ၂ဦး အသက်ဆုံးရှုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုင်းပြည်အာဏာကို မတရား သိမ်းယူပြီးနောက် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများအား ပစ်မှတ်ထား အစုလိုက်အပြုံလိုက် လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်နေမှုများ လုပ်ဆောင်ခဲ့ရာ ယခုနှစ်တွင် အရှိန်မြှင့်ကျူးလွန်လာခဲ့သည်ကို တွေ့ရှိရကြောင်း KSCCက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။