Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်၂၀ထက်မနည်းသေဟုဆို

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(ဖယ်ခုံ မြောက်စလုံးရွာ တိုက်ပွဲတွင် သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)
(ဖယ်ခုံ မြောက်စလုံးရွာ တိုက်ပွဲတွင် သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF)

▪️လက်နက်ခဲယမ်းများစွာ KNDF သိမ်းဆည်းရမိဟု ပြော

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများစွာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၄ ရက်)က ဖယ်ခုံ – ပင်လောင်းကြားရှိ မြောက်စလုံးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“မြောက်စလုံးမှာ တပ်စွဲထားတဲ့ စကစကို ဝင်တိုက်တာ။(၆၀) မမ ရော၊ RPGရော စက်လက်ငယ် တွေအပါ ၁၀လက်ကျော်လောက်ရတယ်”ဟု ဖယ်ခုံမြို့စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

သို့သော် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကတော့ အခြေအနေကောင်းတယ်။လော လောဆယ် ကျွန်တော်တို့ဘက်က တရားဝင် မထုတ်ပြန်သေးဘူး။နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၁၄ ရက်မှ ၁၉ရက်အထိ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား ၅၀ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ကျော် KNDF က သိမ်းဆည်းရမိထားသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။