Connect with us

Hi, what are you looking for?

News

သန်လျင်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ အုန်းသန်း သေနတ်ဖြင့်ပစ်သတ်ခံရ

လက်ရှိတွင် တာ၀ကညင်ပင်ဘုန်းကြီးကျောင်း အနီးတစ်ဝိုက်၌ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ရောက်ရှိနေကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Photo - Thanlyin Information

ရန်ကုန်တိုင်း၊ သန်လျင်မြို့ တာ၀ကညင်ပင်ဘုန်းကြီး ကျောင်းရှေ့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ အုန်းသန်း ယနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် သေနတ် ၃ ချက်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

” အုန်းသန်းက မနက်က ကညင်ပင်ဘုန်းကြီးကျောင်းရှေ့မှာ ပစ်ခံရတာပါ။ အုန်းသန်းဆိုတဲ့သူက စစ်တပ်သတင်းပေး ဒလန်လို့နာမည်ဆိုးနဲ့ကျော်ကြားနေသူပါ။ ဒီမနက် ဘိလိယက်ခုံကနေ ပြန်လာရာမှာ အပစ်ခံခဲ့ရတာပါ။ ခေါင်း ၁ချက်၊ ဗိုက် ၂ ချက်ထိမှန်ခဲ့ပြီး နေရာမှာတင် ပွဲချင်းပြီး သေ သွားပါတယ်။ ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တာ၀ကညင်ပင်ဘုန်းကြီးကျောင်း အနီးတစ်ဝိုက်၌ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ရောက်ရှိနေကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။