Connect with us

Hi, what are you looking for?

News

အာဏာသိမ်း​ခေါင်း​ဆောင် သန်လျင်လာမည်သတင်းထွက်​ပေါ်ပြီး​နောက် သံလျင် PDFက​ ဖောက်ခွဲမှုပြုလုပ်ပြီး လာလျှင်တိုက်ခိုက်ရန်အသင့်ဟု ထုတ်ပြန်

ဒီနေ့ ည ၇ နာရီ ကျော်မှာ ပေါက်တာ အသံတော့ တော်တော်ကျယ်တာ ။ လူအထိအခိုက်တော့ မသိရသေးဘူး”ဟု သန်လျင်မြို့ခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သန်လျင်သို့ အောက်တိုဘာ ၆ ရက်တွင် လာရောက်မည်ဟု သတင်းထွက်ပေါ် ပြီးနောက် သန်လျင်ဖန်ချက်လမ်းမ ၊ ရေကြောင်းလမ်းဆုံအနီး ကညနရုံးအား ယနေ့ညတွင် ဖောက်ခွဲခဲ့​ကြောင်းသန်လျင်ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာသည်။

အကြမ်းဖက်စစ်​ခေါင်းဆောင်၏သန်လျင်ခရီးစဥ်တွင် လာရောက်နိုင်သော လေလမ်းကြောင်း ၊ ရေလမ်းကြောင်း နှင့် ကုန်းလမ်း များထဲမှ တစ်ခုအပါ အဝင်ဖြစ်သော ကုန်လမ်းကြောင်းတွင် ဖောက်ခွဲခဲ့ပြီး ၎င်းရောက်လာပါကလည်း တိုက်ခိုက်ရန် အသင့်ရှိကြောင်း TLPDF က ထုတ်ပြန်သည်။

“ဒီနေ့ ည ၇ နာရီ ကျော်မှာ ပေါက်တာ အသံတော့ တော်တော်ကျယ်တာ ။ လူအထိအခိုက်တော့ မသိရသေးဘူး”ဟု သန်လျင်မြို့ခံ တစ်ဦးက ပြောသည်။

အောက်တိုဘာ ၄ ရက်က သန်လျင်မြို့နယ် ၊ သီလဝါ အောက်လမ်းဆုံတွင် TLPDF မှ စစ်​ကောင်စီ၏ စစ်ဆေးရေးစခန်းအား အဝေးထိန်း စနစ်ဖြင့်
မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံး၍တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်မှာ ကချင် ပြည်နယ် ပူတာအိုသို့သွားရောက်မည်ဟု နှစ်ကြိမ်တိုင် သတင်းထွက်ပေါ်ခဲ့ပြီး လုံခြုံရေး ကြောင့် ခရီးစဥ် ဖျက်ခဲ့သည်။

ထို​နောက်ပူတာအိုသို့သွားရန် တတိယအကြမ်​မြောက် စီစဥ်နေပြီးပူတာအို PDF ကလည်း ၎င်းလာရောက်ပါက တိုက်ခိုက်ရန် အသင့်ဖြစ်ကြောင်း အသိပေးခဲ့ပြီး အောက်တိုဘာ ၃ ရက်က ပူတာအို စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။