Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်း​ခေါင်း​ဆောင် သန်လျင်လာမည်သတင်းထွက်​ပေါ်ပြီး​နောက် သံလျင် PDFက​ ဖောက်ခွဲမှုပြုလုပ်ပြီး လာလျှင်တိုက်ခိုက်ရန်အသင့်ဟု ထုတ်ပြန်

ဒီနေ့ ည ၇ နာရီ ကျော်မှာ ပေါက်တာ အသံတော့ တော်တော်ကျယ်တာ ။ လူအထိအခိုက်တော့ မသိရသေးဘူး”ဟု သန်လျင်မြို့ခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သန်လျင်သို့ အောက်တိုဘာ ၆ ရက်တွင် လာရောက်မည်ဟု သတင်းထွက်ပေါ် ပြီးနောက် သန်လျင်ဖန်ချက်လမ်းမ ၊ ရေကြောင်းလမ်းဆုံအနီး ကညနရုံးအား ယနေ့ညတွင် ဖောက်ခွဲခဲ့​ကြောင်းသန်လျင်ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာသည်။

အကြမ်းဖက်စစ်​ခေါင်းဆောင်၏သန်လျင်ခရီးစဥ်တွင် လာရောက်နိုင်သော လေလမ်းကြောင်း ၊ ရေလမ်းကြောင်း နှင့် ကုန်းလမ်း များထဲမှ တစ်ခုအပါ အဝင်ဖြစ်သော ကုန်လမ်းကြောင်းတွင် ဖောက်ခွဲခဲ့ပြီး ၎င်းရောက်လာပါကလည်း တိုက်ခိုက်ရန် အသင့်ရှိကြောင်း TLPDF က ထုတ်ပြန်သည်။

“ဒီနေ့ ည ၇ နာရီ ကျော်မှာ ပေါက်တာ အသံတော့ တော်တော်ကျယ်တာ ။ လူအထိအခိုက်တော့ မသိရသေးဘူး”ဟု သန်လျင်မြို့ခံ တစ်ဦးက ပြောသည်။

အောက်တိုဘာ ၄ ရက်က သန်လျင်မြို့နယ် ၊ သီလဝါ အောက်လမ်းဆုံတွင် TLPDF မှ စစ်​ကောင်စီ၏ စစ်ဆေးရေးစခန်းအား အဝေးထိန်း စနစ်ဖြင့်
မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံး၍တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်မှာ ကချင် ပြည်နယ် ပူတာအိုသို့သွားရောက်မည်ဟု နှစ်ကြိမ်တိုင် သတင်းထွက်ပေါ်ခဲ့ပြီး လုံခြုံရေး ကြောင့် ခရီးစဥ် ဖျက်ခဲ့သည်။

ထို​နောက်ပူတာအိုသို့သွားရန် တတိယအကြမ်​မြောက် စီစဥ်နေပြီးပူတာအို PDF ကလည်း ၎င်းလာရောက်ပါက တိုက်ခိုက်ရန် အသင့်ဖြစ်ကြောင်း အသိပေးခဲ့ပြီး အောက်တိုဘာ ၃ ရက်က ပူတာအို စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။